ယေဇကျေလ 16:52 - Common Language Bible
ယခုသင်သည်မိမိအရှက်ကွဲမှုကိုခံစား ရမည်။ သင့်ညီအစ်မများအတွက် တရားမျှ တမှုအချို့ဆောင်ရွက်ခဲ့ပြီ။ သင်၏အပြစ် များသည်သင့်ညီအစ်မတို့၏အပြစ်များ ထက် လွန်စွာပို၍ဆိုးရွားသဖြင့် သူတို့သည် သင်နှင့်စာသော်အပြစ်မဲ့သူများကဲ့သို့ ဖြစ်ကြ၏။ ယင်းသို့မိမိ၏ညီအစ်မတို့အား အပြစ်မဲ့သူများကဲ့သို့ထင်မှတ်စေသော ကြောင့် သင်သည်မိမိအရှက်ကွဲမှုကိုခံစား လော့'' ဟုမိန့်တော်မူ၏။
အခန်းကိုကြည့်ပါ။
ထို သို့ ညီ အစ် မ တို့ အ ဖို့ စုံ ရာ လုပ် သော သင် သည်၊ ကိုယ့် အ ရှက် ဝန် ကို ထမ်း ဆောင် လော့။ ချင်း တို့ သည် သာ၍ ရွံ ရှာ ဖွယ် ပြစ် မှား သော သင် ထက်၊ ဖြောင့် မတ် ကြ၏။ ထို သို့ ညီ အစ် မ တို့ ကို ဖြောင့် မတ် ရာ ရောက် စေ ခြင်း၌၊ ကိုယ့် အ ရှက် ဝန် ကို ရှုတ် ချ စွာ ထမ်း ဆောင် လော့။
အခန်းကိုကြည့်ပါ။
သင်သည် ညီအစ်မတို့ကို အပြစ်တင်၍ စီရင်လျက်ပင်၊ သူတို့ပြုသည်ထက် စက်ဆုပ်ရွံရှာဖွယ်သော အမှုတို့ကို သာ၍ပြုသောကြောင့်၊ အရှက်ကွဲခြင်းကိုခံလော့။ သူတို့သည် သင့်ထက်သာ၍ အပြစ်နည်းကြ၏။ သင်မူကား၊ ညီအစ်မတို့၏အပြစ်ကို မထင်ရှားစေသည်တိုင်အောင်ပြုသောကြောင့် စိတ်ပျက်၍ အရှက်ကွဲခြင်းကို ခံလော့။
အခန်းကိုကြည့်ပါ။
ညီအစ်မတို့ကို ထောက်ခံသောသင်သည် အသရေပျက်ရလိမ့်မည်။ သင်သည် သူတို့ထက် စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုသောကြောင့် သူတို့က သင့်ထက်ဖြောင့်မတ်သည်ဟုထင်ရ၏။ သင်သည် သင့်ညီအစ်မတို့ကို ဖြောင့်မတ်သည်ဟု ထင်စရာဖြစ်စေသောကြောင့် အရှက်ခွဲခြင်းကို ခံလော့။ အသရေပျက်ခြင်းကို ခံယူလော့’ဟု မိန့်တော်မူ၏။
အခန်းကိုကြည့်ပါ။