ယေဇကျေလ 32:24 - Common Language Bible
24 ``ဧလံသည်မိမိစစ်သူရဲတို့၏သင်္ချိုင်းများ ခြံရံလျက် ထိုအရပ်တွင်ရှိ၏။ သူတို့အား လုံးပင်စစ်ပွဲတွင်ကျဆုံးခဲ့သူများဖြစ်၍ အရေဖျားလှီးမင်္ဂလာမခံဘဲမရဏာ နိုင်ငံသို့ဆင်းသက်သွားသူများဖြစ်ကြ၏။ အသက်ရှင်စဉ်အခါကသူတို့သည်သူ တစ်ပါးတို့အား ထိတ်လန့်တုန်လှုပ်အောင် ပြုခဲ့ကြသော်လည်းယခုအခါ၌မူ မရဏာနိုင်ငံသို့ဆင်းသက်သူများ နှင့်အတူအသရေပျက်၍သေရကြ လေပြီ။-
အခန်းကိုကြည့်ပါ။ ကော်ပီ
24 ဧ လံ မင်း သည်၊ ကိုယ့် သင်္ချိုင်း ကို ခြံ ရံ သော အ လုံး အ ရင်း တို့ ပါ၊ ထို နိုင် ငံ၌ ရှိ၏။ ရှင် သူ တို့ နေ ရာ တွင် ချောက် လှန့် ဖူး သော၊ ထို သူ အ ပေါင်း တို့ သည်၊ ဓား ဖြင့် ကျ ဆုံး သေ လွန်၍၊ သင်္ချိုင်း တွင်း ဆင်း ရ သူ တို့ ပါ လှီး ဖြတ် ခြင်း ကင်း လျက်၊ မြေ ပ ထ ဝီ နက် ရှိုင်း ရာ သို့၊ အ ရှက် ဝန် ကို ထမ်း ဆောင် လျက်၊ ဆင်း ကြ လေ ပြီ။
အခန်းကိုကြည့်ပါ။ ကော်ပီ
24 ထိုအရပ်၌ ဧလံနှင့် သူ၏သင်္ချိုင်းပတ်လည်၌ သူ၏လူအလုံးအရင်းရှိသမျှတို့သည် ဓားဖြင့်သေ၍ လဲလျက်ရှိကြ၏။ အသက်ရှင်သော သူတို့၏နေရာ၌ သူတစ်ပါးကို ကြောက်စေတတ်သော်လည်း၊ အရေဖျားလှီးခြင်းကို မခံသောလူဖြစ်၍ မြေအောက်အရပ်သို့ဆင်းသွားရသဖြင့်၊ မြေတွင်းထဲသို့ ဆင်းသွားသော သူတို့နှင့်အတူ အရှက်ကွဲလျက် သေသောသူတို့နှင့်အတူ နေရာကျကြ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
24 ထိုအရပ်တွင် ဧလံဘုရင်ရှိ၏။ သူ့လူအလုံးအရင်းတို့သည် သူ၏သင်္ချိုင်းပတ်ပတ်လည်တွင်ရှိ၏။ သူတို့သည် အသက်ရှင်စဉ် လောကလူသားတို့အား ထိတ်လန့်တုန်လှုပ်စေခဲ့၍ ဓားဖြင့်အသတ်ခံရသူများ ဖြစ်ကြ၏။ ယခုမူ မြေကြီးအောက်ရောက်သွားသော အရေဖျားလှီးခြင်းမခံသောသူတို့နှင့်အတူ သူတို့သည် အသရေပျက်လျက် တွင်းနက်ထဲသို့ကျသွားကြလေပြီ။
အခန်းကိုကြည့်ပါ။ ကော်ပီ