ကျွန်တော်မျိုးတို့၏ရန်သူများသည်ထိုအပင်ကို မီးရှို့ခုတ်လှဲကြပါပြီ။ ထိုသူတို့ကိုအမျက်တော်နှင့်ကြည့်တော် မူ၍ သုတ်သင်ဖျက်ဆီးတော်မူပါ။
ယေဇကျေလ 15:4 - Common Language Bible စပျစ်ပင်သည်မီးမွှေးရန်အတွက်သာလျှင် ကောင်း၏။ အဖျားပိုင်းများလောင်ကျွမ်း၍အလယ် ပိုင်းသည်ပြာဖြစ်သွားသောအခါ သင်သည် ထိုစပျစ်ပင်ကိုအဘယ်သို့အသုံးပြုနိုင် မည်နည်း။- Garrad Bible လောင် စာ အ ဖြစ် မီး သို့ ပစ် ချ၍၊ အ ရင်း အ ဖျား ကျွမ်း လောင် ခြင်း၊ အ လယ် လည်း မြိုက် ခြင်း ခံ ပြီး မှ၊ အ သုံး ဝင် သေး သ လော။ Judson Bible ထင်းဖို့ မီးထဲသို့ချတတ်၏။ မီးသည်လည်း အရင်းအဖျားအလယ်ကို လောင်တတ်၏။ အသုံးဝင်တတ်သလော။ မြန်မာ့စံမီသမ္မာကျမ်း လောင်စာအဖြစ် မီးထဲသို့ပစ်ချလိုက်လျှင် အရင်းရောအဖျားပါ မီးလောင်၍ အလယ်ပိုင်းလည်း ကျွမ်းသွားသောအခါ တစ်စုံတစ်ရာအသုံးဝင်သေးသလော။ |
ကျွန်တော်မျိုးတို့၏ရန်သူများသည်ထိုအပင်ကို မီးရှို့ခုတ်လှဲကြပါပြီ။ ထိုသူတို့ကိုအမျက်တော်နှင့်ကြည့်တော် မူ၍ သုတ်သင်ဖျက်ဆီးတော်မူပါ။
သစ်ခြောက်သည်မီးပွားကြောင့်မီးစွဲလောင်ရသည်နည်းတူတန်ခိုးကြီးမားသူတို့သည်လည်း မိမိတို့၏ဒုစရိုက်များကြောင့်ဆုံးပါးပျက်စီးရကြလိမ့်မည်။ ယင်းသို့ဆုံးပါးပျက်စီးမှုကိုလည်းအဘယ်သူမျှဆီးတား၍ရလိမ့်မည်မဟုတ်'' ဟုမြွက်ဆိုလေသည်။
သစ်ပင်များမှအကိုင်းအခက်တို့သည်ကျိုး ကျခြောက်သွေ့လျက်ရှိသဖြင့် အမျိုးသမီး များသည်လာ၍ထင်းခွေကြလေသည်။ လူတို့ သည်အသိတရားမရှိကြသဖြင့် သူတို့၏ ဖန်ဆင်းတော်မူရှင်ဘုရားသခင်သည်သူတို့ အားသနားကြင်နာကရုဏာထားတော်မူ လိမ့်မည်မဟုတ်။
သင်သည်စပျစ်နွယ်သားဖြင့်အဘယ်အရာ ကိုပြုလုပ်နိုင်သနည်း။ ပစ္စည်းတစ်စုံတစ်ခု ကိုဆွဲချိတ်ရန်အတွက်ယင်းကိုအစို့အဖြစ် ဖြင့်အသုံးပြုနိုင်သလော။-
ယင်းသည်မီးမရှို့မီအခါကလည်းအသုံး မဝင်။ မီးရှို့၍ပြာဖြစ်သွားသောအခါ၌ လည်း ပို၍ပင်အသုံးမဝင်ချေ'' ဟုမိန့် တော်မူ၏။
အရှင်ထာဝရဘုရားမိန့်တော်မူသည် ကား``စပျစ်နွယ်သားကိုတောမှယူ၍မီး မွှေးကြသကဲ့သို့ ငါသည်ယေရုရှလင် မြို့မှလူတို့ကိုယူ၍၊-
ယင်း၏ပင်စည်ကိုမီးသင့်လောင်သဖြင့် အကိုင်းအခက်နှင့်အသီးများသည်လည်း လောင်ကျွမ်းသွားလေသည်။ ထိုအပင်၏အကိုင်းတို့သည်အဘယ်အခါ ၌မျှ ပြန်လည်ခိုင်ခံ့သန်မာလာကြတော့မည်မဟုတ်။ အဘယ်အခါ၌မျှရာဇလှံတံအဖြစ် အသုံးဝင်ကြတော့မည်မဟုတ်။ ဤကားစပ်ဆိုထားသည့်ငိုချင်းဖြစ်၏။ ထို ငိုချင်းကိုအဖန်တစ်လဲလဲသီဆိုကြ ရမည်။
``ငါသည်သောဒုံနှင့်ဂေါမောရမြို့များ ကိုဖြိုဖျက်သကဲ့သို့ သင်တို့လူအချို့ကို လည်းဖျက်ပယ်ခဲ့ပြီ။ ကျန်ကြွင်းသူတို့မှာ လည်းမီးထဲမှပြန်၍ဆယ်ယူလိုက်သည့် ထင်းစသဖွယ်ဖြစ်ခဲ့ရ၏။ သို့သော်လည်း သင်တို့သည်ငါ့ထံသို့ပြန်မလာသေးဘဲ နေကြလေပြီ'' ဟုထာဝရဘုရားမိန့် တော်မူ၏။-
အနန္တတန်ခိုးနှင့်ထာဝရဘုရားက``မာန် မာနထောင်လွှားသူနှင့်ယုတ်မာသူအပေါင်း တို့သည် ကောက်ရိုးသဖွယ်မီးကျွမ်းလောင် ကြမည့်နေ့ရက်ကာလကျရောက်လာလိမ့် မည်။ ထိုနေ့ရက်ကာလ၌သူတို့သည်မီး ကျွမ်းလောင်၍သွားကာ အမြစ်အကိုင်း အစအနမျှပင်ကျန်ရှိကြလိမ့်မည် မဟုတ်။-
လက်တော်တွင်စပါးလှေ့ရန်ဆန်ကောကိုကိုင်၍ ထားတော်မူ၏။ မိမိ၏ကောက်နယ်တလင်းကို ရှင်းလင်းပြီးနောက် ဂျုံစပါးကိုကျီတွင်စုသိမ်း ထားတော်မူလိမ့်မည်။ အဖျင်းများကိုမူငြိမ်း သတ်၍မရနိုင်သောမီးနှင့်ရှို့တော်မူလိမ့်မည်'' ဟုဟောပြော၏။
ငါ၌မတည်နေသောသူသည်အပြင်သို့ပစ် ထုတ်ခြင်းကိုခံရ၍ ခြောက်သွေ့သွားသည့် အကိုင်းအခက်ကဲ့သို့ဖြစ်လိမ့်မည်။ လူတို့ သည်ထိုသို့သောအကိုင်းအခက်များကို စုသိမ်း၍မီးရှို့တတ်ကြ၏။-
အဘယ်ကြောင့်ဆိုသော်ငါတို့၏ဘုရား သခင်သည်ကျွမ်းလောင်စေတတ်သောမီး သဖွယ်ဖြစ်တော်မူသောကြောင့်တည်း။
သို့ရာတွင်အကယ်၍ထိုမြေဆီလွှာသည် ဆူး ပင်နှင့်ချုံနွယ်ပိတ်ပေါင်းတို့ကိုသာလျှင်ဖြစ် ထွန်းစေပါမူ လုံးဝတန်ဖိုးမရှိတော့ဘဲ ဘုရားသခင်၏ကျိန်စာသင့်၍မီးရှို့ ဖျက်ဆီးခြင်းကိုခံရပေအံ့။