အာမုတ် 4:11 - Common Language Bible11 ``ငါသည်သောဒုံနှင့်ဂေါမောရမြို့များ ကိုဖြိုဖျက်သကဲ့သို့ သင်တို့လူအချို့ကို လည်းဖျက်ပယ်ခဲ့ပြီ။ ကျန်ကြွင်းသူတို့မှာ လည်းမီးထဲမှပြန်၍ဆယ်ယူလိုက်သည့် ထင်းစသဖွယ်ဖြစ်ခဲ့ရ၏။ သို့သော်လည်း သင်တို့သည်ငါ့ထံသို့ပြန်မလာသေးဘဲ နေကြလေပြီ'' ဟုထာဝရဘုရားမိန့် တော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible11 သော ဒုံ မြို့၊ ဂေါ မော ရ မြို့ များ ကို၊ ငါ ဘု ရား သ ခင် ဖြို လှဲ ခဲ့ သည့် နည်း တူ၊ သင် တို့ မြို့ ရွာ အ ချို့ ကို ငါ ဖြို လှဲ သော် လည်း၊ မီး ထဲ မှ နုတ် ယူ သော ထင်း သ ဖွယ် ဖြစ် သူ သင် တို့ သည်၊ အ ထံ တော် သို့ မ ပြန် ကြ သေး ချေ ဟု၊ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို ၏။ အခန်းကိုကြည့်ပါ။Judson Bible11 ဘုရားသခင်သည် သောဒုံမြို့နှင့် ဂေါမောရမြို့ကိုမှောက်လှန်သကဲ့သို့၊ သင်တို့အချို့ကို ငါမှောက်လှန်၍ သင်တို့သည် မီးထဲကနုတ်သော ထင်းစကဲ့သို့ ဖြစ်ကြပြီ။ သို့သော်လည်း၊ ငါ့ထံသို့ ပြန်၍မလာကြဟု ထာဝရဘုရား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း11 “သောဒုံမြို့နှင့် ဂေါမောရမြို့ကို ဘုရားသခင် ဖျက်ဆီးပစ်သကဲ့သို့ သင်တို့ကို ငါဖျက်ဆီးပစ်၏။ သင်တို့သည် မီးထဲမှ ဆွဲထုတ်လိုက်သောထင်းစကဲ့သို့ဖြစ်ခဲ့ရ၏။ ထိုသို့ဖြစ်သော်လည်း သင်တို့သည် ငါ့ထံသို့ ပြန်မလာကြ”ဟု ထာဝရဘုရားမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်ယေရုရှလင်မြို့မှပရောဖက်များကမူ ထိုသူတို့ထက်ပင်ပို၍ဆိုးရွားစွာပြုကျင့်ကြ သည်ကို တွေ့မြင်ရ၏။ သူတို့သည်သူတစ်ပါး၏အိမ်ရာကိုပြစ်မှား၍ မုသားကိုပြောဆိုကြ၏။ သူတို့ကလူတို့အားအမှားကိုပြုကျင့်ရန် အားပေးကူညီကြသဖြင့် အဘယ်သူမျှမိမိပြုသည့်မကောင်းမှုများ ကို မရပ်စဲကြတော့ပေ။ ထိုသူအပေါင်းတို့သည်သောဒုံမြို့သား များနှင့်တူကြ၏။ ယေရုရှလင်မြို့သားတို့သည် ဂေါမောရမြို့သူမြို့သားများကဲ့သို့ပင် ဆိုးညစ်ယုတ်မာကြ၏'' ဟုမိန့်တော်မူ၏။
သောဒုံမြို့၊ ဂေါမောရမြို့နှင့်နီးနားဝန်း ကျင်ကျေးရွာများသည် သုတ်သင်ဖျက်ဆီး ခြင်းကိုခံရသည့်နည်းတူဧဒုံပြည်သည် လည်းခံရလိမ့်မည်။ ကာလအနည်းငယ်မျှ ပင်လျှင်ထိုပြည်တွင်နေထိုင်မည့်သူတစ်ဦး တစ်ယောက်မျှရှိလိမ့်မည်မဟုတ်။ ဤကား ငါထာဝရဘုရားမြွက်ဆိုသည့်စကား ဖြစ်၏။-
ထာဝရဘုရားသည်သစ္စာရှိမှုကိုအမှန်ပင်လိုလားတော်မူ၏။ ကိုယ်တော်သည်သင်တို့အားဒဏ်ခတ်တော်မူသော်လည်းသင်တို့သည်ဂရုမစိုက်ကြ။ ဖျက်ဆီးချေမှုန်းတော်မူသော်လည်းပဲ့ပြင်ဆုံးမမှုကိုသင်တို့မခံမယူလိုကြ။ သင်တို့သည်ကျောက်ခဲထက်ခေါင်းမာလျက်နောင်တမရဘဲနေကြ၏။
သောဒုံမြို့၊ ဂေါမောရမြို့နှင့်နီးနားဝန်းကျင် ကျေးရွာများသည် ငါ၏ဖျက်ဆီးခြင်းကိုခံခဲ့ ရသည့်နည်းတူ ဗာဗုလုန်မြို့သည်လည်းခံရ လိမ့်မည်။ ကာလအနည်းငယ်မျှပင်လျှင်ထို မြို့တွင်နေထိုင်သူတစ်ဦးတစ်ယောက်မျှရှိ လိမ့်မည်မဟုတ်။ ဤကားငါထာဝရဘုရား မြွက်ဟသည့်စကားဖြစ်၏။
``အို ဣသရေလငါသည်သင့်ကိုအဘယ်သို့ ပစ်ပယ်နိုင်မည်နည်း။ ငါသည်သင့်ကိုအဘယ်သို့ စွန့်ပစ်နိုင်မည်နည်း။ ငါသည်အာဒမာမြို့ကိုဖျက်ဆီးသကဲ့သို့ လည်းကောင်း၊ ဇေဘိုင်မြို့ကိုပျက်သုဉ်းစေသကဲ့သို့လည်း ကောင်း၊ သင့်ကိုအဘယ်သို့သုတ်သင်ဖျက်ဆီးနိုင်မည် နည်း။ သင်တို့အပေါ်၌ငါ့မေတ္တာကရုဏာသည် ကြီးမားလှသောကြောင့်၊ ငါ၏စိတ်နှလုံးသည်ထိုသို့မပြုရက်နိုင်။
ထာဝရဘုရား၏ကောင်းကင်တမန်ကစာတန် အား``အို စာတန်၊ ထာဝရဘုရားသည်သင့်အား အပြစ်ဒဏ်ခတ်တော်မူပါစေသော။ ယေရုရှလင် မြို့ကိုချစ်မြတ်နိုးတော်မူသောထာဝရဘုရား သည် သင့်အားအပြစ်ဒဏ်ခတ်တော်မူပါစေသော။ ဤသူသည်မီးထဲမှဆွဲနုတ်လိုက်သည့်တုတ် ချောင်းနှင့်တူပါ၏'' ဟုပြော၏။
ထို့အပြင် ``အနန္တတန်ခိုးရှင်ထာဝရဘုရား သည်ငါတို့လူမျိုးမပျောက်ကွယ်သွားစေရန် ငါတို့သားမြေးအချို့တို့ကိုချမ်းသာပေး တော်မမူခဲ့လျှင် ငါတို့သည်သောဒုံမြို့နှင့် ဂေါမောရမြို့တို့၏ကံကြမ္မာနှင့်တွေ့ကြုံ ကြလိမ့်မည်'' ဟုယခင်ကဟေရှာယဖော်ပြ ခဲ့သည့်အတိုင်းပင်ဖြစ်ပေသည်။
လယ်မြေများတွင်ကန့်နှင့်ဆားပေါက်စေ သဖြင့် တောကန္တာရအတိဖြစ်လိမ့်မည်။ မည် သည့်အပင်ကိုမျှစိုက်ပျိုး၍မရ။ ပေါင်း ပင်များပင်လျှင်မပေါက်နိုင်။ သင်တို့ပြည် သည်ထာဝရဘုရားပြင်းစွာအမျက် ထွက်၍ ဖျက်ဆီးခဲ့သောသောဒုံနှင့်ဂေါ မောရမြို့၊ အာဒမာမြို့နှင့်ဇေဘိုင်မြို့ များကဲ့သို့ပျက်စီးလိမ့်မည်။-
သောဒုံမြို့နှင့်ဂေါမောရမြို့တို့ကိုလည်း ကောင်း၊ ထိုမြို့များ၏ပတ်ဝန်းကျင်ရှိမြို့များ ကိုလည်းကောင်းသတိရကြလော့။ ထိုမြို့ တို့မှမြို့သူမြို့သားတို့သည်အဆိုပါ ကောင်းကင်တမန်များကဲ့သို့ ကာမဂုဏ် လိုက်စား၍သဘာဝနှင့်ဆန့်ကျင်သည့် အပျော်အပါးကိုလိုက်စားခဲ့ကြ၏။ လူ အပေါင်းတို့အားရှင်းလင်းပြတ်သားစွာ သတိပေးသည့်အနေဖြင့် သူတို့သည် ထာဝရတောက်လောင်သောမီးတွင်အပြစ် ဒဏ်ကိုခံရကြသည်။
ဤဘေးဒဏ်ဖြင့်မသေဘဲကျန်ရှိနေသောသူတို့ သည်နောင်တမရကြ။ မိမိတို့လက်ဖြင့်ပြုလုပ် သည့်ဘုရားများကိုမစွန့်လွှတ်ကြ။ နတ်မိစ္ဆာ များကိုလည်းကောင်း၊ မျက်စိမမြင်၊ နားမကြား၊ မလှုပ်မရှားနိုင်သောရွှေ၊ ငွေ၊ ကြေး၊ ကျောက်၊ သစ် သားစသည်ဖြင့်ပြီးသောရုပ်တုများကိုလည်း ကောင်းကိုးကွယ်လျက်ပင်ရှိနေကြသေး၏။-