တောင်ပေါ်၌ ခိုလှုံရာကျောက်ကြားတွင် ရှိသော ငါ၏ချိုးငှက်၊ သင်၏မျက်နှာကိုမြင်ပါရစေ။ သင်၏စကား သံကို ကြားပါရစေ။ သင်၏စကားသံသည် ချို၏။ သင်၏ မျက်နှာလည်း လှ၏။
ယေဇကျေလ 15:2 - Common Language Bible ကိုယ်တော်က``အချင်းလူသား၊ စပျစ်ပင်သည် သာမန်သစ်ပင်နှင့်အဘယ်သို့ခြားနားသနည်း။ စပျစ်နွယ်သားသည်တောမှသစ်ပင်များ၏ သစ်ကိုင်းများနှင့်အသုံးဝင်ပုံမည်သို့ခြား နားသနည်း။- Garrad Bible အ ချင်း လူ့ သား၊ စ ပျစ် သား သည်၊ တော ပင် ငယ် အ သား တစ် မျိုး မျိုး ထက်၊ မည် သို့ မြတ် သ နည်း။ Judson Bible အချင်းလူသား၊ သစ်တော၌ သစ်ခက် သာမညဖြစ်သော စပျစ်နွယ်သားသည် အခြားသောသစ်သားထက် မြတ်သောအရာ တစ်စုံတစ်ခုရှိသလော။ မြန်မာ့စံမီသမ္မာကျမ်း “အချင်းလူသား၊ တောထဲရှိသစ်ပင်တို့တွင်နွယ်တက်နေသောစပျစ်ကိုင်းသားသည် မည်သည့်သစ်သားတို့ထက် ပိုကောင်းသနည်း။ |
တောင်ပေါ်၌ ခိုလှုံရာကျောက်ကြားတွင် ရှိသော ငါ၏ချိုးငှက်၊ သင်၏မျက်နှာကိုမြင်ပါရစေ။ သင်၏စကား သံကို ကြားပါရစေ။ သင်၏စကားသံသည် ချို၏။ သင်၏ မျက်နှာလည်း လှ၏။
အနုဆေးပင်တို့သည် မွှေးကြိုင်ကြပါ၏။ ငါတို့ တံခါးနားမှာ ချိုသော အသီးမျိုး အသစ်အဟောင်းတို့ကို ကိုယ်တော်ဘို့ ကျွန်မသိုထားပါပြီ၊ ငါချစ်ရာသခင်။ ထိုစပျစ်ရည်သည် ငါချစ်ရာသခင်အဘို့ ဖြောင့် စွာ စီးတတ်ပါ၏။ အိပ်ပျော်သောသူတို့၏ နှုတ်ခမ်းသို့ အမှတ်တမဲ့ ရောက်တတ်ပါ၏။
အချင်းမိုးကောင်းကင်၊ ဝမ်းမြောက်ရွှင်လန်း စွာ ကြွေးကြော်ကြလော့။ ကမ္ဘာမြေကြီးရှိနက်ရှိုင်းရာအရပ်တို့၊ ကြွေးကြော်ကြလော့။ တောင်များနှင့်တောမှသစ်ပင်အပေါင်းတို့၊ ဝမ်းမြောက်ရွှင်လန်းစွာကြွေးကြော်ကြလော့။ ထာဝရဘုရားသည်မိမိ၏လူမျိုးတော် ဣသရေလအမျိုးသားတို့အားကယ်တော် မူ၍၊ မိမိ၏ ဘုန်းအာနုဘော်တော်ကိုပြတော်မူပြီ။
ငါသည်လက်ရွေးစင်မျိုးစေ့မှစပျစ်နွယ်ကို ငါစိုက်ပျိုးခဲ့၏။ သို့ရာတွင်သင်အဘယ်သို့ဖြစ်လာကြ သည်ကိုကြည့်ရှုလော့။ သင်သည်ပုပ်၍အသုံးမဝင်သည့်စပျစ်ပင်နှင့် တူနေပါသည်တကား။
သင်သည်စပျစ်နွယ်သားဖြင့်အဘယ်အရာ ကိုပြုလုပ်နိုင်သနည်း။ ပစ္စည်းတစ်စုံတစ်ခု ကိုဆွဲချိတ်ရန်အတွက်ယင်းကိုအစို့အဖြစ် ဖြင့်အသုံးပြုနိုင်သလော။-
သို့ရာတွင်ထိုစပျစ်ပင်သည်အမျက်ထွက်သူတို့ လက်ဖြင့်အမြစ်မှဆွဲနုတ်ခြင်းကိုခံရကာ မြေပေါ်သို့လဲကျလေ၏။ အရှေ့လေကြောင့်စပျစ်သီးများပိန်ခြောက်ကုန်၏။ စပျစ်ကိုင်းတို့သည်လည်းကျိုးပဲ့ခြောက်သွေ့ကာ မီးရှို့ခြင်းကိုခံရကြ၏။
ဣသရေလပြည်သားတို့သည်အသီးများ စွာသီးသောစပျစ်နွယ်ပင်နှင့်တူ၏။ သူတို့ သည်စီးပွားတိုးတက်လာသည်နှင့်အမျှ ယဇ်ပလ္လင်များစွာကိုတည်ဆောက်ကြ၏။ အသီးအနှံပေါများလာသည်နှင့်အမျှ သူတို့ကိုးကွယ်ရာကျောက်တိုင်များကို ပို၍လှပစွာတန်ဆာဆင်ကြ၏။-
သို့ဖြစ်၍သင်တို့ကြောင့်ဇိအုန်မြို့သည် ထွန်ယက်ထားသောလယ်ကွက်သဖွယ်ဖြစ် လိမ့်မည်။ ယေရုရှလင်မြို့သည်ကျောက်ပုံ ဖြစ်လိမ့်မည်။ ဗိမာန်တော်တည်ရာတောင် သည်တောအတိဖြစ်လိမ့်မည်။
အို ထင်းရှူးပင်တို့ငိုကြွေးမြည်တမ်းကြလော့။ သစ်ကတိုးပင်များသည်ပြိုလဲကြလေပြီ။ ကြက်သရေဆောင်သည့်ထိုအပင်တို့သည် ပျက်ပြုန်း၍သွားလေပြီ။ အို ဗာရှန်ဝက်သစ်ချပင်တို့ငိုကြွေး မြည်တမ်းကြလော့။ ထူထပ်သည့်သစ်တောကိုခုတ်လှဲလိုက်ကြ လေပြီ။