Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 15:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 “​အချင်း​လူသား​၊ တော​ထဲရှိ​သစ်ပင်​တို့​တွင်​နွယ်​တက်​နေ​သော​စပျစ်ကိုင်းသား​သည် မည်သည့်​သစ်သား​တို့​ထက် ပိုကောင်း​သနည်း​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ စ​ပျစ်​ပင်​သည် သာ​မန်​သစ်​ပင်​နှင့်​အ​ဘယ်​သို့​ခြား​နား​သ​နည်း။ စ​ပျစ်​နွယ်​သား​သည်​တော​မှ​သစ်​ပင်​များ​၏ သစ်​ကိုင်း​များ​နှင့်​အ​သုံး​ဝင်​ပုံ​မည်​သို့​ခြား နား​သ​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 အ ချင်း လူ့ သား၊ စ ပျစ် သား သည်၊ တော ပင် ငယ် အ သား တစ် မျိုး မျိုး ထက်၊ မည် သို့ မြတ် သ နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 အ​ချင်း​လူ​သား၊ သစ်​တော၌ သစ်​ခက် သာ​မ​ည​ဖြစ်​သော စ​ပျစ်​နွယ်​သား​သည် အ​ခြား​သော​သစ်​သား​ထက် မြတ်​သော​အ​ရာ တစ်​စုံ​တစ်​ခု​ရှိ​သ​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 15:2
20 ပူးပေါင်းရင်းမြစ်များ  

သဖန်းပင်​မှ သဖန်းသီး​စိမ်း​များ​လည်း မှည့်စ​ပြု​လာ​ပြီ​။ စပျစ်ပင်​များ​လည်း အပွင့်​ပွင့်​၍ မွှေးကြိုင်​လေ​ပြီ​။ လှပ​သော​ငါ့​ချစ်သူလေး​၊ ထ​ပါ​။ ငါ​နှင့်အတူ လိုက်​ခဲ့​ပါ​။


“​အကျွန်ုပ်​တို့​၏​စပျစ်ပင်​တို့ ပွင့်​လေ​ပြီ​။ စပျစ်ပင်​တို့​ကို ဖျက်ဆီး​နေ​သော မြေခွေးကြီး​မြေခွေးငယ်​များ​ကို ဖမ်းဆီး​ပေး​ကြ​ပါ​။​”


“​ချိုင့်ဝှမ်းလွင်ပြင်​ရှိ​အပင်ငယ်​တို့​ကို ကြည့်ရှု​ရန်​နှင့် စပျစ်ပင်​တို့ အညွန့်ထွက်​မ​ထွက်​၊ သလဲပင် ပွင့်​မ​ပွင့် တွေ့မြင်​ဖို့​ရန် သစ်သီးခြံ​သို့ အကျွန်ုပ်​ဆင်းသွား​၏​။


စောစောထ​၍ စပျစ်ခြံ​သို့​သွား​ကြ​စို့​။ စပျစ်ပင်​တို့ အညွန့်ထွက်​မ​ထွက်​၊ အပွင့် ပွင့်​မ​ပွင့်​၊ သလဲပင် ပွင့်​မ​ပွင့် သွားကြည့်​ကြ​စို့​။ ထို​နေရာ​တွင် အကျွန်ုပ်​၏​ချစ်ခြင်းမေတ္တာ​ကို အရှင့်​အား ပေးအပ်​ပါ​မည်​။


အို မိုးကောင်းကင်​၊ ထိုသို့ ထာဝရဘုရား ပြု​တော်မူ​ပြီ​ဖြစ်၍ ရွှင်လန်း​စွာ​သီချင်းဆို​လော့​။ မြေကြီး​၏​နက်ရှိုင်း​သော​အရပ်​တို့​၊ ဝမ်းမြောက်​စွာ​ကြွေးကြော်​ကြ​လော့​။ အို တောင်​တို့​၊ ဟစ်ကြော်​ကြ​လော့​။ တော​နှင့်တကွ သစ်ပင်​အပေါင်း​တို့​၊ သီချင်းဆို​ကြ​လော့​။ အကြောင်းမူကား ထာဝရဘုရား​သည် ယာကုပ်​အမျိုး​ကို ရွေးနုတ်​တော်မူ​ပြီ​။ အစ္စရေး​လူမျိုး​၌ ဘုန်းထင်ရှား​တော်မူ​ပြီ​။


ငါ​သည် သင့်​ကို အရည်အသွေး​အကောင်းဆုံး​မျိုးစေ့​မှ အကောင်းဆုံး​စပျစ်ပင်​အဖြစ် စိုက်ပျိုး​ခဲ့​၏​။ သို့သော် သင်​သည် စပျစ်ရိုင်းပင်​အဖြစ် မည်သို့​ပေါက်လာ​ရ​သနည်း​။


တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍


စပျစ်သား​ဖြင့် တစ်စုံတစ်ခု​ကို ပြုလုပ်​နိုင်​သလော​။ စပျစ်သား​ဖြင့် တစ်စုံတစ်ခု​ကို ချိတ်ဆွဲ​ဖို့​ငုတ်တိုင် ပြုလုပ်​နိုင်​သလော​။


သို့သော် ထို​စပျစ်ပင်​သည် ဒေါသတကြီး ဆွဲနုတ်​ခံရ​၏​။ မြေ​ပေါ်၌ ပစ်ထား​ခံရ​၏​။ အရှေ့​လေတိုက်​သောအခါ သူ​၏​အသီး​တို့​သည် ခြောက်သွေ့​ကုန်​၏​။ သန်မာ​သော​အကိုင်းအခက်​တို့​သည် ကျိုးပဲ့​၍​ခြောက်​သွား​ပြီး မီးရှို့​ခံရ​လေ​၏​။


အစ္စရေး​သည် အသီး​များစွာ​သီး​သော​စပျစ်ပင်​နှင့် တူ​၏​။ ကိုယ့်​အဖို့​သာ သီး​၏​။ အသီး​များစွာ​သီး​လေလေ ယဇ်ပလ္လင်​များစွာ တည်​လေလေ​၊ တိုင်းပြည်​သာယာဝပြော​လေလေ အထွတ်အမြတ်​ထား​ရာ​ကျောက်တိုင်​များ​လည်း ပို၍​ကောင်း​အောင်​စိုက်ထူ​ကြ​လေလေ ဖြစ်​၏​။


သို့ဖြစ်၍ သင်​တို့​ကြောင့် ဇိအုန်​မြို့​သည် လယ်​ကဲ့သို့ ထွန်ယက်​ခြင်း​ကို ခံရ​မည်​။ ဂျေရုဆလင်​မြို့​သည်​လည်း အပြိုအပျက်ပုံ​ဖြစ်​လိမ့်မည်​။ အိမ်​တော်​တည်ရှိ​ရာ​တောင်​သည်​လည်း တောအုပ်​ဖြစ်​လိမ့်မည်​။


အို ထင်းရှူးပင်​၊ ညည်းတွား​လော့​။ အကြောင်းမူကား သစ်ကတိုးပင် လဲကျ​၍ ကျက်သရေဆောင်​သစ်ပင်​တို့ ပျက်စီး​ကုန်​ပြီ​။ အို ဗာရှန်​ဝက်သစ်ချပင်​တို့​၊ ညည်းတွား​ကြ​လော့​။ အကြောင်းမူကား ထူထပ်​သော​သစ်တော​ကြီး ပြုန်းတီး​သွား​လေ​ပြီ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ