``သို့တည်းမဟုတ်ငါသည်လူတို့အားသုတ် သင်ရန် သားရဲတိရစ္ဆာန်များကိုစေလွှတ်သဖြင့် ထိုပြည်၌လူသူကင်းမဲ့လျက်ဖြတ်သန်း သွားလာရန်မဖြစ်နိုင်အောင် သားရဲတိရစ္ဆာန် များကြောင့်အန္တရာယ်ရှိလိမ့်မည်။-
ထို ပြည် တွင် သား ရဲ ဘေး ကို၊ ငါ သင့် စေ သည့် အ လျောက်၊ သား ရဲ များ ကြောင့်၊ ဖြတ် သန်း သူ မဲ့ ဖုန်း ဆိုး ကုန်း ဖြစ် သည့် တိုင် အောင်၊ ပြည် သား တို့ ပျက် စီး ရာ၌၊
သားရဲတို့သည် ပြည်၌ပေါ်လာ၍ ဖျက်ဆီးသောကြောင့်၊ အဘယ်သူမျှ မနေနိုင်သဖြင့် လူဆိတ်ညံလျှင်၊
“ထိုပြည်ထဲသို့ သားရဲတိရစ္ဆာန်ကို စေလွှတ်၍ဖျက်ဆီးစေမည်၊ ထိုသားရဲတိရစ္ဆာန်များကြောင့် ထိုပြည်သည် ဖြတ်သန်းသွားလာမည့်သူမရှိ၊ လူသူကင်းမဲ့ရာဖြစ်သွားမည်ဆိုပါစို့။
သူ့အား``သင်သည်ထာဝရဘုရား၏အမိန့်တော် ကိုလွန်ဆန်သည်ဖြစ်၍ ငါ၏ထံမှထွက်ခွာ သွားသည်နှင့်တစ်ပြိုင်နက်ခြင်္သေ့ကိုက်၍သေ လိမ့်မည်'' ဟုဆို၏။ ယင်းသို့ဆိုသည့်အတိုင်း ထိုနေရာမှထွက်ခွာသွားသည်နှင့်တစ်ပြိုင် နက် ထိုပရောဖက်သည်ခြင်္သေ့ကိုက်၍သေ လေသည်။
ယင်းသို့နေထိုင်စဉ်သူတို့သည်ထာဝရဘုရား ကိုမကိုးကွယ်ကြ။ သို့ဖြစ်၍ကိုယ်တော်သည် ခြင်္သေ့များကိုစေလွှတ်၍လူအချို့ကိုကိုက် သတ်စေတော်မူ၏။-
သင်သည်ဘေးအန္တရာယ်နှစ်ဆကြုံတွေ့ရလေပြီ။ သင်၏ပြည်သည်စစ်ဒဏ်ကြောင့်ပျက်ပြုန်းသွား လေပြီ။ သင့်မြို့သူမြို့သားတို့သည်လည်းအစာရေစာ ငတ်မွတ်ကြလေပြီ။ သင့်အားကိုယ်ချင်းစာတရားထားရှိမည့်သူ တစ်စုံတစ်ယောက်မျှမရှိ။
သူတို့အပေါ်သို့ ကြောက်မက်ဖွယ်ရာဘေးအန္တရာယ် လေးပါးသက်ရောက်စေရန် ငါထာဝရဘုရား ဆုံးဖြတ်ထားတော်မူလေပြီ။ သူတို့သည်စစ်ပွဲ တွင်အသတ်ခံရကြလိမ့်မည်။ သူတို့၏အလောင်း များကိုခွေးတို့ဆွဲယူသွားကြလိမ့်မည်။ ထို အသေကောင်တို့ကိုငှက်များထိုးကြလိမ့်မည်။ ကြွင်းကျန်သည့်အသားကိုတောသားရဲတို့ ကိုက်စားကြလိမ့်မည်။-
ယေရမိက``တောင်ရိုးများအတွက်ငါမြည် တမ်းမည်။ မြက်ခင်းများအတွက်ငါငိုကြွေးမည်။ အဘယ်ကြောင့်ဆိုသော်စားကျက်တို့သည် ခြောက်သွေ့သွား၍ ဖြတ်သန်းသွားလာမည့်သူကင်းမဲ့လျက် နေသောကြောင့်ဖြစ်၏။ သိုးနွားမြည်သံကိုမကြားရကြတော့ပေ။ ငှက်များ၊တောတိရစ္ဆာန်များသည်လည်း ထွက်ပြေးကြလေပြီ'' ဟုဆို၏။
အရှင်ထာဝရဘုရားမိန့်တော်မူသည် ကား``ငါသည်လူနှင့်တိရစ္ဆာန်တို့ကိုဖျက် ဆီးပစ်ရန်စစ်ဘေး၊ ငတ်မွတ်ခေါင်းပါး ခြင်းဘေး၊ သားရဲတိရစ္ဆာန်တို့၏ဘေးနှင့် အနာရောဂါဘေးတည်းဟူသောအဆိုး ရွားဆုံးသောဘေးကြီးလေးပါးကိုယေရု ရှလင်မြို့ပေါ်သို့သက်ရောက်စေမည်။-
သင်၏သားသမီးများကိုသေစေရန်တောရဲ တိရစ္ဆာန်များနှင့်အစာခေါင်းပါးခြင်းဘေး ကိုလည်းကောင်း၊ သင့်အားဖျက်ဆီးရန်အနာ ရောဂါဘေး၊ အကြမ်းဖက်မှုနှင့်စစ်မက်အန္တ ရာယ်ကိုလည်းကောင်းငါစေလွှတ်မည်။ ဤ ကားငါထာဝရဘုရား၏အမိန့်တော်ပင် တည်း'' ဟူ၍ဖြစ်၏။
ငါသည်သင်တို့ရှိရာသို့သားရဲများကိုစေ လွှတ်၍ သင်တို့၏သားသမီးများ၊ သိုးနွား များကိုကိုက်သတ်စေမည်။ လူဦးရေလျော့ နည်းလာသောကြောင့် လမ်းများပေါ်တွင် သွားလာသူကင်းမဲ့လျက်ရှိလိမ့်မည်။
ထိုအခါထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့ရှိရာသို့မြွေဆိုးများကိုစေ လွှတ်သဖြင့် လူပေါင်းများစွာတို့သည်မြွေ ကိုက်ခံရ၍သေဆုံးကြ၏။-