ဝတ်ပြု 26:22 - Common Language Bible22 ငါသည်သင်တို့ရှိရာသို့သားရဲများကိုစေ လွှတ်၍ သင်တို့၏သားသမီးများ၊ သိုးနွား များကိုကိုက်သတ်စေမည်။ လူဦးရေလျော့ နည်းလာသောကြောင့် လမ်းများပေါ်တွင် သွားလာသူကင်းမဲ့လျက်ရှိလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible22 စေ လွှတ် သော သား ရဲ ဘေး ကြောင့် သား ဆုံး ပါး ခြင်း၊ တိ ရ စ္ဆာန် ပျက် စီး ခြင်း၊ လူ မျိုး နည်း ပါး ခြင်း၊ လမ်း ခြောက် ခေါင် ခြင်း များ ကို ခံ ရ ကြ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible22 သင်တို့၏သားသမီးများကို ချီသွား၍၊ သင်တို့၏တိရစ္ဆာန်များကို ဖျက်ဆီးလျက်၊ သင်တို့ကိုနည်းစေခြင်းငှာ၊ သားရဲများကိုငါစေလွှတ်သဖြင့်၊ သင်တို့သွားရာလမ်းမတို့သည် လူဆိတ်ညံရာဖြစ်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း22 ငါသည် သင်တို့ထဲသို့ တောရိုင်းတိရစ္ဆာန်ကို ဝင်ရောက်စေသဖြင့် ထိုတိရစ္ဆာန်သည် သင်တို့၏သားသမီးကို ကိုက်သတ်၍ သင်တို့၏တိရစ္ဆာန်ကို ဖျက်ဆီးလိမ့်မည်။ သင်တို့ကို လျော့နည်းစေ၍ သင်တို့၏လမ်းများသည် လူသူကင်းမဲ့လိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သူတို့အပေါ်သို့ ကြောက်မက်ဖွယ်ရာဘေးအန္တရာယ် လေးပါးသက်ရောက်စေရန် ငါထာဝရဘုရား ဆုံးဖြတ်ထားတော်မူလေပြီ။ သူတို့သည်စစ်ပွဲ တွင်အသတ်ခံရကြလိမ့်မည်။ သူတို့၏အလောင်း များကိုခွေးတို့ဆွဲယူသွားကြလိမ့်မည်။ ထို အသေကောင်တို့ကိုငှက်များထိုးကြလိမ့်မည်။ ကြွင်းကျန်သည့်အသားကိုတောသားရဲတို့ ကိုက်စားကြလိမ့်မည်။-
ငါ့အား``အကျွန်ုပ်တို့ပန်ကြားသည့်အမှု ကိုပြုပါလော့။ အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရားထံတော်သို့အကျွန်ုပ်တို့ အဖို့ဆုတောင်းပတ္ထနာပြုပါလော့။ ကျန်ရှိ နေသမျှသောအကျွန်ုပ်တို့အတွက်ဆု တောင်းပတ္ထနာပြုပါလော့။ အခါတစ်ပါး ကအကျွန်ုပ်တို့သည်အရေအတွက်အား ဖြင့်များပါ၏။ သို့ရာတွင်ယခုအခါ၌ အရှင်သိရှိသည့်အတိုင်းအကျွန်ုပ်တို့ တွင်လူအနည်းငယ်သာကျန်ရှိပါတော့ သည်။-
နေ့ကြီးရက်ကြီးများတွင်ကိုးကွယ်ဝတ်ပြုရန် ဗိမာန်တော်သို့လာမည့်သူမရှိ။ ဗိမာန်တော်တွင်သီချင်းဆိုသူ အမျိုးသမီးပျိုတို့သည်ဝမ်းနည်းကြေကွဲလျက် ရှိကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်းညည်းတွားမှုမှ တစ်ပါး အဘယ်သို့မျှမပြုနိုင်။ မြို့တံခါးများသည်လူဆိတ်ညံလျက်နေ၏။ ဇိအုန်မြို့သည်ဝေဒနာခံစားနေရသည်။