ဒါဝိဒ်သည်ခြေနင်းကိုချွတ်ပြီးလျှင်ဝမ်း နည်းသည့်လက္ခဏာဖြင့် ခေါင်းမြီးခြုံ၍ငို ယိုကာသံလွင်တောင်သို့တက်တော်မူ၏။ သူ ၏နောက်မှလိုက်ပါလာကြသူအပေါင်း တို့သည်လည်းခေါင်းမြီးခြုံ၍ငိုယိုကြ၏။-
ယေဇကျေလ 12:6 - Common Language Bible ထိုအထုပ်အပိုးကိုပခုံးပေါ်သို့တင်သည် ကိုလည်းကောင်း၊ မိမိသွားမည့်လမ်းကိုမမြင် နိုင်စေရန်မျက်နှာကိုဖုံး၍မှောင်ထဲတွင် သင် ထွက်ခွာသည်ကိုလည်းကောင်းထိုသူတို့မြင် ကြပါစေ။ သင်ပြုသောအမှုသည်ဣသရေ လအမျိုးသားတို့အတွက် သတိပေးသည့် နိမိတ်လက္ခဏာဖြစ်လိမ့်မည်'' ဟုမိန့်တော် မူ၏။ Garrad Bible ဣ သ ရေ လ အ မျိုး သား တို့ ရှေ့၊ သက် သေ လ က္ခ ဏာ အ ဖြစ်၊ သင့် ကို ငါ ခန့် ထား ပြီး ဖြစ် သော ကြောင့်၊ မြေ ကို မ မြင် အောင် မျက် နှာ ဖုံး လျက်၊ မှောင် ကျ မှ ထုတ် ပြီး လျှင်၊ ချင်း တို့ မျက် မှောက် တွင် ထမ်း သွား လော့ ဟု မိန့် မှာ တော် မူ သည့် အ တိုင်း၊ Judson Bible ညဉ့်ဦးယံအချိန်၌ သူတို့မျက်မှောက်တွင် ပခုံးပေါ်မှာထမ်း၍ ထုတ်ရမည်။ မြေကိုမမြင်ရအောင် မျက်နှာကိုဖုံးရမည်။ အကြောင်းမူကား၊ သင့်ကို ဣသရေလအမျိုးအား နိမိတ်လက္ခဏာဖြစ်စေခြင်းငှာ ငါခန့်ထားပြီဟု မိန့်တော်မူသည်အတိုင်း၊ မြန်မာ့စံမီသမ္မာကျမ်း သူတို့မျက်စိရှေ့တွင်ပင် အထုပ်ကို သင့်ပခုံးပေါ်တွင်ထမ်း၍ အမှောင်ထဲသို့ထွက်သွားလော့။ ဘာမျှမမြင်ရအောင် မျက်နှာကိုဖုံးထားလော့။ ငါသည် သင့်ကို အစ္စရေးအမျိုးအနွယ်တို့အဖို့ နိမိတ်လက္ခဏာဖြစ်စေပြီ”ဟု မိန့်ဆို၏။ |
ဒါဝိဒ်သည်ခြေနင်းကိုချွတ်ပြီးလျှင်ဝမ်း နည်းသည့်လက္ခဏာဖြင့် ခေါင်းမြီးခြုံ၍ငို ယိုကာသံလွင်တောင်သို့တက်တော်မူ၏။ သူ ၏နောက်မှလိုက်ပါလာကြသူအပေါင်း တို့သည်လည်းခေါင်းမြီးခြုံ၍ငိုယိုကြ၏။-
ထိုနောက်သူတို့သည်မှောင်စပြုချိန်၌ရှုရိတပ် စခန်းသို့သွားကြ၏။ သို့ရာတွင်ထိုအရပ်သို့ ရောက်သောအခါ လူတစ်စုံတစ်ယောက်ကိုမျှ မတွေ့ရကြ။-
နံနက်ယံကို သေမင်းအရိပ်ကဲ့သို့ ထင်မှတ်၍၊ သေမင်းအရိပ်ကြောက်မက်ဘွယ်သောဘေးတို့ကို သိရကြ၏။
ငါ့အားထာဝရဘုရားပေးသနားတော် မူသောသားသမီးများနှင့်အတူ ငါသည် ဤမှာရှိပါ၏။ ဇိအုန်တောင်တော်ပေါ်တွင် စိုးစံတော်မူသောအနန္တတန်ခိုးရှင်ထာဝရ ဘုရားသည် ငါတို့အားဣသရေလအမျိုး သားတို့အတွက်ပြန်ကြားသည့်ဗျာဒိတ် တော်တို့ကို သရုပ်ဆောင်သူများဖြစ်စေ တော်မူလေပြီ။
ငါသည်ပိုက်ကွန်ကိုဖြန့်၍သူ့အားအုပ်မိကာ ငါ၏ထောင်ချောက်တွင်မိစေလျက်ခါလဒဲ ပြည်ဗာဗုလုန်မြို့သို့ခေါ်ဆောင်သွားမည်။ သူသည်ထိုမြို့ကိုမမြင်ရဘဲထိုမြို့၌ ပင်သေရလိမ့်မည်။-
သူတို့ရှေ့မှောက်၌ပင်သင်သည်မိမိ၏အိမ် နံရံတွင်အပေါက်ဖောက်၍ ထိုအပေါက်မှ သင်၏အထုပ်အပိုးကိုထုတ်ယူလော့။-
ထိုအခါငါသည်သင်တို့၏ပုဗ္ဗနိမိတ်ဖြစ်၍ သင်တို့သည်ငါပြုခဲ့သမျှသောအမှုတို့ကို ပြုကြလိမ့်မည်။ ဤသို့ဖြစ်ပျက်လာသောအခါ ကိုယ်တော်သည်အရှင်ထာဝရဘုရားဖြစ်တော် မူကြောင်း သင်တို့သိရှိကြလိမ့်မည်ဟုထာဝရ ဘုရားမိန့်တော်မူ၏'' ဟုဆို၏။
သံပြားတစ်ချပ်ကိုလည်းယူ၍မြို့နှင့်သင် ၏စပ်ကြားတွင်တံတိုင်းသဖွယ်ထောင်၍ ထားလော့။ သင်သည်မြို့ဘက်သို့မျက်နှာမူ လော့။ မြို့သည်ဝိုင်းရံခြင်းကိုခံလျက်ရှိ၏။ သင်သည်မြို့ကိုဝိုင်းရံသူဖြစ်၏။ ဤသည် ကားဣသရေလအမျိုးသားတို့အတွက် ပုဗ္ဗနိမိတ်ဖြစ်လိမ့်မည်။
သို့ဖြစ်၍ယဇ်ပုရောဟိတ်မင်းဖြစ်သူယောရှု၊ နားထောင်လော့။ ယောရှု၏အပေါင်းအဖော် ယဇ်ပုရောဟိတ်တို့၊ သာယာသောအနာဂတ် ၏နိမိတ်လက္ခဏာကိုဆောင်သူတို့၊ နားထောင် ကြလော့။ ငါသည်``အညွှန့်အတက်'' ဟုနာမည် တွင်သောမိမိ၏အစေခံကိုပေါ်ထွန်းစေ မည်။-
ထို့ကြောင့်ရှောလုသည်ရုပ်ဖျက်ပြီးလျှင် အဝတ်အစားများကိုလည်း ပြောင်းလဲဝတ်ဆင် ကာညဥ့်အချိန်ကျသောအခါငယ်သားနှစ် ယောက်နှင့်အတူနတ်ဝင်သည်မထံသို့သွား လေ၏။ သူသည်ထိုအမျိုးသမီးအား``ငါ၏ ကံကြမ္မာကိုနတ်တို့အားငါ၏ကိုယ်စားစုံ စမ်းမေးမြန်းပေးပါ။ ငါနာမည်ထုတ်ဖော်သူ ၏ဝိညာဉ်ကိုခေါ်ပေးပါ'' ဟုဆို၏။