ပိတ်ချောထည်ကိုဝတ်ဆင်ထားသူအား ထာ ဝရဘုရားကသတ္တဝါများ၏အောက်၌ ရှိသောရထားဘီးများအကြားမှ မီးကျီး ခဲအချို့ကိုယူရန်အမိန့်ပေးတော်မူသော အခါထိုသူသည်ဝင်၍ဘီးတစ်ခုအနီး ၌ရပ်လေ၏။-
ပိတ် ထည် ဝတ် သူ့ အား၊ လည် စက် များ ကြား၊ ခေ ရု ဗ တို့ ကြား များ မှ မီး ကို သဲ့ ယူ လော့ ဟူ သော အ မိန့် တော် အ ရ၊ ဝင် သွား၍ စက် အ နီး ရပ် နေ စဉ်၊ ခေ ရု ဗ တစ် ပါး သည်၊
ပိတ်အဝတ်ကို ဝတ်သောသူအားလည်း၊ ရထားဘီးအကြားထဲက မီးကိုယူလော့ဟု မိန့်တော်မူသောအခါ၊ ထိုသူသည်ဝင်၍ ဘီးတို့အနား၌ ရပ်နေ၏။
တစ်ဖန် ပိတ်ချောထည်ဝတ်ထားသူအား “ဘီးများ၊ ခေရုဗိမ်များအလယ်ရှိ မီးခဲကိုယူလော့”ဟု မိန့်တော်မူလျှင် ထိုသူလည်း ဝင်သွားပြီး ဘီးအနားတွင် ရပ်နေ၏။
ဣသရေလအမျိုးသားတို့၏သိုးထိန်းတော် ကြီး၊ ကျွန်တော်မျိုးတို့၏ပန်ကြားချက်ကို နားထောင်တော်မူပါ။ သိုးစုတော်ကိုရှေ့ဆောင်လမ်းပြတော်မူသော အရှင်၊ ကျွန်တော်မျိုးတို့လျှောက်ထားချက်ကို နားညောင်းတော်မူပါ။ ခေရုဗိမ်ရုပ်အထက်စံတော်မူသောအရှင်၊
ထာဝရဘုရားသည်ဘုရင်ဖြစ်တော်မူ၏။ လူတို့သည်ကြောက်လန့်တုန်လှုပ်ကြကုန်၏။ ကိုယ်တော်သည်ခေရုဗိမ်တို့အထက်စံတော် မူ၏။ ကမ္ဘာမြေကြီးသည်တုန်လှုပ်လေ၏။
ဘုရားသခင်ကပိတ်ချောထည်ဝတ်ဆင် ထားသူအား``ထိုသတ္တဝါတို့၏အောက်၌ရှိ သောရထားဘီးများအကြားသို့သွား၍ ထိုသတ္တဝါတို့၏ကြားရှိမီးကျီးခဲတို့ ကိုလက်ခုပ်ဖြင့်ကျုံးကာမြို့ပေါ်သို့ကြဲ ချလော့'' ဟုမိန့်တော်မူ၏။ ထိုသူသည်လည်းငါ၏ရှေ့မှောက်၌ပင် ထွက်သွား၏။-
သတ္တဝါတို့၏တောင်ပံခတ်သံကိုအပြင် တံတိုင်းမှပင်ကြားရ၏။ ထိုအသံသည် အနန္တတန်ခိုးရှင်ဘုရားသခင်မိန့်မြွက် တော်မူသောအသံနှင့်တူ၏။
သတ္တဝါတစ်ပါးသည်လက်ကိုဆန့်၍သတ္တ ဝါများအကြား၌ရှိသည့်မီးကျီးခဲကို ကောက်ယူကာ ပိတ်ချောထည်ဝတ်ဆင်သူ ၏လက်ခုပ်ထဲသို့ထည့်၍ပေး၏။ ထိုသူ သည်လည်းမီးကျီးခဲများကိုယူ၍ ထွက်သွား၏။
ငါသည်ကြည့်ရှုနေစဉ်ရာဇပလ္လင်များကိုတည်ထားသည်ကိုလည်းကောင်း၊ တစ်ခုသောပလ္လင်ပေါ်တွင်ထာဝစဉ်အသက်ရှင်တော်မူသောအရှင် ထိုင်လျက်နေတော်မူသည်ကိုလည်းကောင်းမြင်ရ၏။ ထိုအရှင်၏အဝတ်တို့သည်မိုးပွင့်ကဲ့သို့ဖြူ၍ဆံတော်သည်လည်းသိုးမွေးစစ်နှင့်တူ၏။ ရဲရဲတောက်နေသောဘီးများတပ်ဆင်ထားသည့်ကိုယ်တော်၏ပလ္လင်တော်သည်မီးလျှံထလျက်နေ၏။-