ယောလ 1:20 - Common Language Bible စားကျက်များမီးသင့်လောင်ထားသကဲ့သို့ စမ်းချောင်းများသည်လည်းခန်းခြောက်၍သွားလေပြီ။ ထို့ကြောင့်တောတိရစ္ဆာန်များပင်လျှင်အထံတော်သို့ဟစ်အော်ကြပါ၏။ Garrad Bible ချောင်း ရေ ခန်း ခြောက်၍၊ တော တောင် စား ကျက် ကျွမ်း လောင် ပြီ ဖြစ် သော ကြောင့်၊ သား ရိုင်း တို့ ပင် ကိုယ် တော့် ထံ တ သ ကြ သည် တ ကား။ Judson Bible တောသားရဲတို့သည်လည်း ကိုယ်တော်ကို ဟစ်ကြော်ကြပါ၏။ မြစ်ရေ ခန်းခြောက်ပါပြီ။ တော၌ ကျက်စားရာအရပ်တို့ကိုလည်း မီးလောင်ပါပြီ။ မြန်မာ့စံမီသမ္မာကျမ်း တောတိရစ္ဆာန်များလည်း ကိုယ်တော်ကိုတောင့်တကြပါ၏။ ချောင်းရေများ ခန်းခြောက်ပြီ။ မီးသည် တောကန္တာရရှိစားကျက်မြေတို့ကို ဝါးမျိုလေပြီ။ |
အာဟပ်သည်သြဗဒိအား``မြင်းနှင့်လားများ မသေစေခြင်းငှာ မြက်တောတွေ့ကောင်းတွေ့နိုင် ရန်တစ်ပြည်လုံးရှိစမ်းရေတွင်းနှင့်ချောင်းများ ရှိရာအရပ်ရပ်သို့ ငါတို့သွား၍ကြည့်ရှုကြ ကုန်အံ့။'' ဟုဆို၏။-
ကျီးအသငယ်တို့သည် စားစရာမရှိကြောင့်လှည့်လည်၍ ဘုရားသခင်ကိုအော်ဟစ်သောအခါ၊ စားစရာကိုအဘယ်သူပေးသနည်း။
ခြင်္သေ့ပျိုတို့သည်အစာရှာနေစဉ်ဟောက်ကြပါ၏။ သူတို့သည်ထာဝရဘုရားချပေးတော်မူသော အစာကိုရှာကြ၍
သက်ရှိသတ္တဝါအပေါင်းတို့သည်ကိုယ်တော်ကို မျှော်ကြည့်ကြ၏။ ကိုယ်တော်သည်သူတို့ကိုအချိန်တန်လျှင် ကျွေးမွေးတော်မူ၏။
ကိုယ်တော်သည်တိရစ္ဆာန်များအား အစာရေစာကိုပေးတော်မူ၏။ ကျီးသားငယ်တို့အော်သောအခါ ကျွေးမွေးတော်မူ၏။
မိုးခေါင်သဖြင့်မြေကြီးသည်ခြောက်ကပ် လျက်နေ၏။ လယ်သမားတို့သည်စိတ်မချမ်းမသာသော ကြောင့် ဦးခေါင်းခြုံ၍နေကြ၏။
သင်နှင့်ငါတို့၏ခေတ်မတိုင်မီရှေးအခါ၌ ဟောကြားခဲ့သောပရောဖက်များကလူမျိုး တကာတို့သည်လည်းကောင်း၊ တန်ခိုးကြီး သောနိုင်ငံများသည်လည်းကောင်း၊ စစ်မက် အန္တရာယ်၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးနှင့် အနာရောဂါဘေးသင့်ကြရလိမ့်မည်ဟု ဖော်ပြခဲ့ကြ၏။-
ကျွဲနွားတို့သည်စားကျက်များမရှိသဖြင့်ဒုက္ခရောက်ကာမြည်တွန်နေကြ၏။ သိုးအုပ်များသည်လည်းဒုက္ခရောက်ရကြလေသည်။