ယာကုပ်၏သားတို့သည်မိမိတို့၏နှမဒိန အား ရှေခင်ကအသရေပျက်အောင်ပြုကျင့်ခဲ့ သဖြင့် ရှေခင်နှင့်သူ၏ဖခင်ကိုပရိယာယ်သုံး ၍ဖြေကြားလေ၏။-
ယောရှု 9:4 - Common Language Bible သူ့အားလိမ်လည်လှည့်စားရန်ကြံစည်ကြ လေသည်။ သူတို့သည်ဟောင်းနွမ်းသောရိက္ခာ အိတ်များနှင့်အဖာအထေးများရှိသော သားရေစပျစ်ရည်ဘူးများကိုမြည်းများ ပေါ်တွင်တင်ကြသည်။- Garrad Bible ဟောင်း နွမ်း သော အိတ် များ နှင့် ဟောင်း နွမ်း စုတ် ကွဲ စည်း ဖာ သော စ ပျစ် ရည် ဘူး များ ကို မြည်း ပေါ် တွင် တင် ခြင်း၊ ဟောင်း နွမ်း ချုပ် ဖာ သော ဖိ နပ် နှင့် အ ဝတ် ဟောင်း ကို ဝတ် စည်း ခြင်း၊ သွေ့ ခြောက် ကြေ မွ သော စား နပ် ရိ က္ခာ ဆောင် ယူ ခြင်း များ ဖြင့် ပ ရိ ယာယ် ဆောင်၍ Judson Bible ပရိယာယ်ပြု၍ သံတမန်လုပ်လျက်၊ မြည်းပေါ်မှာ ဟောင်းနွမ်းသောအိတ်တို့ကိုတင်၍၊ ဟောင်းနွမ်းစုတ်ကွဲဖာပြင်သော စပျစ်ရည်သားရေဘူးတို့ကို ယူကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် လိမ္မာပါးနပ်စွာပရိယာယ်ဆင်လျက် သံတမန်အယောင်ဆောင်ပြီး ဟောင်းနွမ်းသောအိတ်၊ ဟောင်းနွမ်းပေါက်ပြဲ၍ဖာထေးထားသောစပျစ်ဝိုင်ဘူးများကို မြည်းပေါ်တင်၍ |
ယာကုပ်၏သားတို့သည်မိမိတို့၏နှမဒိန အား ရှေခင်ကအသရေပျက်အောင်ပြုကျင့်ခဲ့ သဖြင့် ရှေခင်နှင့်သူ၏ဖခင်ကိုပရိယာယ်သုံး ၍ဖြေကြားလေ၏။-
ကွန်တော်မျိုးသည်စွန့်ပစ်ထားသည့်သားရေ ဘူးကဲ့သို့ အသုံးမဝင်တော့ပါ။ သို့သော်လည်းအထုံးအဖွဲ့တော်တို့ကို မမေ့မလော့ပါ။
``သိုးများအားဝံပုလွေစုထဲသို့စေလွှတ်သကဲ့ သို့သင်တို့အားငါစေလွှတ်၏။ သို့ဖြစ်၍မြွေကဲ့သို့ ပါးနပ်လိမ္မာကာချိုးကဲ့သို့အဆိပ်ကင်း၍နူးညံ့ သိမ်မွေ့ကြလော့။-
ထို့အပြင်စပျစ်ရည်သစ်ကိုသားရေဘူးဟောင်း တွင်ထည့်လေ့မရှိ။ ထည့်ခဲ့ပါမူသားရေဘူးသည် ပေါက်ပြဲ၍စပျစ်ရည်ယိုထွက်ကုန်လိမ့်မည်။ သား ရေဘူးလည်းပျက်စီးသွားလိမ့်မည်။ သို့ဖြစ်၍ စပျစ်ရည်နှင့်သားရေဘူးပါမပျက်မစီးဘဲ ရှိစေရန်စပျစ်ရည်သစ်ကိုသားရေဘူးသစ်တွင် သာထည့်ရ၏'' ဟုထိုသူတို့အားမိန့်တော်မူ၏။
ထိုမှတစ်ပါးစပျစ်ရည်သစ်ကိုသားရေဘူးဟောင်း တွင်ထည့်ရိုးမရှိ။ ထည့်ခဲ့ပါမူစပျစ်ရည်သစ်သည် သားရေဘူးကိုပေါက်ပြဲစေသဖြင့် စပျစ်ရည်နှင့် သားရေဘူးပါပျက်စီးသွားလိမ့်မည်။ စပျစ်ရည် သစ်ကိုသားရေဘူးသစ်တွင်ထည့်ရမည်'' ဟုထို သူတို့အားမိန့်တော်မူ၏။
ဤသို့ပါးနပ်လိမ္မာစွာပြုသည့်အတွက်မရိုး ဖြောင့်သည့်မန်နေဂျာကိုသူဌေးသည်ချီးမွမ်း လေ၏။ အဘယ်ကြောင့်ဆိုသော်လောကီသား တို့သည်လောကီကိစ္စဆောင်ရွက်ရာတွင် အလင်း နှင့်ဆိုင်သောသားများထက်ပါးနပ်လိမ္မာ ကြသောကြောင့်တည်း။
အကျွန်ုပ်တို့၏နေအိမ်မှကိုယ်တော်ထံသို့ ခရီးစထွက်ချိန်တွင်ရိက္ခာများမှာပူနွေး လတ်ဆတ်လျက်ရှိခဲ့ပါသည်။ ယခုထိုရိက္ခာ များကိုကြည့်ပါ။ ခြောက်သွေ့၍မှိုတက်လျက် ရှိပါသည်။-
စပျစ်ရည်ထည့်စဉ်ကသားရေဘူးများသည် လည်းအသစ်ဖြစ်ပါသည်။ ယခုကြည့်ပါ၊ ဘူး များစုတ်ပြဲလျက်ရှိပါသည်။ ခရီးဝေးမှလာ ခဲ့ရသဖြင့်အကျွန်ုပ်တို့၏အဝတ်နှင့်ဖိနပ် များသည်ဟောင်းနွမ်းလျက်ရှိပါသည်'' ဟု ယောရှုအားလျှောက်ထားကြ၏။
ဟိဝိအမျိုးသားများဖြစ်သောဂိဗောင်မြို့ သားတို့သည် ယေရိခေါမြို့နှင့် အာဣမြို့များ ကိုယောရှုမည်ကဲ့သို့တိုက်ခိုက်အောင်မြင်ခဲ့ ကြောင်းကြားသိရသောအခါ၊-
သူတို့သည်အဝတ်အစုတ်အပြဲများကို ဝတ်ဆင်၍ ဟောင်းနွမ်းသောဖိနပ်များကိုစီး ကြသည်။ ခြောက်သွေ့၍မှိုတက်သောအစား အစာများကိုယူဆောင်ကြသည်။-