ဤအတောအတွင်း၌ဣသရေလတပ်မတော် သည် ယုဒတပ်မတော်ကိုမျက်နှာမူလျက်တပ် စွဲနေစဉ် ယေရောဗောင်သည်အချို့တပ်သား များကို ယုဒတပ်မတော်အနောက်မှနေ၍ ပုန်းကွယ်တိုက်ခိုက်ရန်စေလွှတ်တော်မူ၏။-
ယောရှု 8:2 - Common Language Bible သင်သည်ယေရိခေါမြို့နှင့်၎င်း၏မင်းကို သုတ်သင်ဖျက်ဆီးသကဲ့သို့ အာဣမြို့နှင့် ၎င်း၏မင်းကိုသုတ်သင်ဖျက်ဆီးပစ်ရမည်။ သို့ရာတွင်၎င်း၏ပစ္စည်းများနှင့်တိရစ္ဆာန် များကိုသင်တို့သိမ်းယူနိုင်သည်။ မြို့ကို အနောက်ဘက်မှဝင်စီးရန်တပ်ပုန်းချ ထားလော့'' ဟုမိန့်တော်မူ၏။ Garrad Bible ယေ ရိ ခေါ ဘု ရင် နှင့် မြို့ ကို ပြု သ ကဲ့ သို့၊ အာ ဣ ဘု ရင် နှင့် မြို့ ကို ပြု ရ မည်။ လက် ရ ဥစ္စာ၊ တိ ရ စ္ဆာန် များ မှာ သင် တို့ ပိုင် ဖြစ် ရ မည်။ မြို့ နောက် ဖေး တပ် ပုန်း ချ ထား လော့ ဟု မိန့် တော် မူ သည့် အ တိုင်း၊ Judson Bible ယေရိခေါမြို့နှင့် မင်းကြီးအားပြုသကဲ့သို့ အာဣမြို့နှင့်မင်းကြီးအား ပြုရမည်။ သို့ရာတွင် လုယူသောဥစ္စာ၊ တိရစ္ဆာန်များကို ကိုယ်အဖို့သိမ်းရမည်။ မြို့နောက်မှာ ကင်းတပ်ကိုထားရမည်ဟု ယောရှုအားမိန့်တော်မူသည်အတိုင်း၊ မြန်မာ့စံမီသမ္မာကျမ်း သင်သည် ဂျေရိခေါမြို့နှင့် ဂျေရိခေါဘုရင်ကိုပြုသကဲ့သို့ အာဣမြို့နှင့်အာဣဘုရင်ကိုပြုရမည်။ ထိုမြို့မှ တိုက်ယူသောပစ္စည်းနှင့်တိရစ္ဆာန်တို့ကိုကား သင်တို့အဖို့ သိမ်းယူခွင့်ရှိ၏။ မြို့အနောက်ဘက်၌ ကင်းပုန်းချထားလော့”ဟု မိန့်တော်မူ၏။ |
ဤအတောအတွင်း၌ဣသရေလတပ်မတော် သည် ယုဒတပ်မတော်ကိုမျက်နှာမူလျက်တပ် စွဲနေစဉ် ယေရောဗောင်သည်အချို့တပ်သား များကို ယုဒတပ်မတော်အနောက်မှနေ၍ ပုန်းကွယ်တိုက်ခိုက်ရန်စေလွှတ်တော်မူ၏။-
သူတို့စ၍သီချင်းဆိုကြသောအခါ ထာဝရ ဘုရားသည်ချင်းနင်းဝင်ရောက်လာသောတပ် တို့ကိုကစဥ့်ကလျားဖြစ်စေတော်မူ၏။-
အရိပ်တမျှခဏသာအသက်ရှင်ပါ၏။ သူပြုသမျှသောအမှုအရာတို့သည်ဘာမျှ အကျိုးမရှိ။ သူသည်စည်းစိမ်ဥစ္စာကိုစုဆောင်းသော်လည်း အဘယ်အရာကိုအဘယ်သူရရှိလိမ့်မည်ကို သူမသိ။
သူတော်ကောင်းသည် သားမြေးတို့အဘို့ အမွေ ဥစ္စာကို ချန်ထားတတ်၏။ အပြစ်ရှိသော သူ၏စည်းစိမ် မူကား၊ ဖြောင့်မတ်သော သူတို့အဘို့ သိုထားလျက်ရှိ၏။
သစ္စာစောင့်သောသူသည် ကောင်းကြီးမင်္ဂလာ နှင့် ကြွယ်ဝလိမ့်မည်။ ငွေရတတ်ခြင်းငှါ အလျင်အမြန် ပြုသောသူမူကား၊ အပြစ်နှင့်မလွတ်ရ။
မသမာသောနည်းဖြင့်ငွေရှာသောသူသည် မိမိမဥသည့်ဥများကိုဝပ်သောငှက်နှင့်တူ၏။ သူသည်ပထမအရွယ်၌ပင်စည်းစိမ်ဥစ္စာ ဆုံးပါးလျက် လူမိုက်အဖြစ်နှင့်သာလျှင်နိဂုံးချုပ်ရတတ်၏။
ဗာဗုလုန်မြို့ရိုးတို့ကိုတိုက်ခိုက်ရန်အချက် ပေးကြလော့။ သင်တို့၏အစောင့်တပ်ကိုအား ဖြည့်ကြလော့။ ကင်းလုလင်တို့ကိုနေရာယူ စေကြလော့။ ခြုံခိုတိုက်ခိုက်မည့်တပ်သား တို့ကိုချထားကြလော့'' ဟုအမိန့်ပေး ကြ၏။ ထာဝရဘုရားသည်မိမိကြံစည်ထားတော် မူသည်အတိုင်း၊ ဗာဗုလုန်ပြည်သားတို့အား မိမိကြိမ်းမောင်းထားသည်နှင့်အညီပြု တော်မူလေပြီ။-
သို့ရာတွင်မိန်းမများ၊ ကလေးများ၊ သိုးနွား စသောတိရစ္ဆာန်များနှင့်မြို့တွင်း၌ရှိသမျှ သောပစ္စည်းများကို သင်တို့အတွက်သိမ်းယူ နိုင်သည်။ ထာဝရဘုရားသည်ရန်သူပိုင်သမျှ ပစ္စည်းအားလုံးကို သင်တို့သုံးစွဲရန်သင်တို့ လက်သို့ပေးအပ်တော်မူ၏။-
သို့ရာတွင်ထာဝရဘုရားက`သူ့ကိုမကြောက် နှင့်။ ငါသည်သူနှင့်တကွ သူ၏လူအပေါင်း တို့ကိုလည်းကောင်း၊ သူ၏တိုင်းပြည်ကိုလည်း ကောင်း၊ သင့်လက်သို့ပေးအပ်မည်။ သင်သည် ဟေရှဘုန်မြို့၌စိုးစံသောအာမောရိဘုရင် ရှိဟုန်အားနှိမ်နင်းသကဲ့သို့ သူ့အားလည်း နှိမ်နင်းလော့' ဟုငါ့အားမိန့်တော်မူသည်။''
ယေရုရှလင်မြို့၏ဘုရင်အဒေါနိဇေဒက် သည်ယေရိခေါမြို့ကိုယောရှုတိုက်ခိုက်သိမ်း ပိုက်၍ ၎င်း၏ဘုရင်ကိုကွပ်မျက်ခဲ့သည့်နည်း တူအာဣမြို့ကိုတိုက်ခိုက်သိမ်းပိုက်၍ ၎င်း၏ ဘုရင်ကိုလည်းကွပ်မျက်ခဲ့ကြောင်းကြား သိရလေသည်။ ထို့အပြင်ဂိဗောင်မြို့သား တို့သည်ဣသရေလအမျိုးသားတို့နှင့် ငြိမ်းချမ်းရေးစာချုပ်ချုပ်၍အတူတကွ နေထိုင်ကြကြောင်းကိုလည်းကြားသိရ လေသည်။-
ထိုနေ့၌ပင်ယောရှုသည်မက္ကဒါမြို့ကိုတိုက်ခိုက် သိမ်းပိုက်၍ မက္ကဒါမင်းကိုလက်ရဖမ်းဆီးခဲ့ လေသည်။ မြို့သူမြို့သားအားလုံးကိုလည်း တစ်ယောက်မကျန်သတ်ဖြတ်သုတ်သင်ခဲ့လေ သည်။ ယေရိခေါမင်းကိုအဆုံးစီရင်သကဲ့ သို့မက္ကဒါမင်းကိုလည်းအဆုံးစီရင်သည်။-
ဣသရေလအမျိုးသားတို့သည်ထိုမြို့ များမှပစ္စည်းဥစ္စာရှိသမျှနှင့်သိုးနွား တိရစ္ဆာန်တို့ကို မိမိတို့အတွက်သိမ်းယူ ကြသည်။ မြို့သူမြို့သားများကိုမူကား တစ်ယောက်မကျန်သတ်ဖြတ်သုတ်သင်ခဲ့ လေသည်။-
သူတို့သည်မြို့တွင်း၌ရှိသမျှသောယောကျာ်း၊ မိန်းမအကြီးအငယ်တို့ကိုလည်းကောင်း၊ သိုး၊ နွား၊ မြည်းတို့ကိုလည်းကောင်း၊ ဋ္ဌားဖြင့်သတ် ဖြတ်သုတ်သင်ကြ၏။
သူသည်စစ်သူရဲငါးထောင်ခန့်ကိုမြို့အနောက် ဘက် အာဣမြို့နှင့်ဗေသလမြို့အကြားတွင် ပုန်းအောင်းနေစေ၏။-
အာဣမင်းသည်ယောရှု၏စစ်သူရဲများတပ်ချ လျက်ရှိသည်ကိုမြင်လျှင် မိမိ၏စစ်သူရဲအပေါင်း တို့ကိုအလျင်အမြန်စုရုံး၍ ဣသရေလတပ် ကိုတိုက်ခိုက်ရန်ယော်ဒန်မြစ်ချိုင့်ဝှမ်းဘက် ယခင် တိုက်ခိုက်ခဲ့သောအရပ်သို့ချီတက်လေသည်။ သို့ရာတွင်သူသည်မြို့၏အနောက်ဘက်၌ ဣသရေလတပ်ပုန်းများချထားကြောင်း ကိုမရိပ်မိချေ။-
ယောရှုသည်လှံကိုကိုင်၍မြို့ဘက်သို့ချိန်ရွယ် လိုက်ရာစစ်သူရဲတို့သည် ပုန်းအောင်းရာမှ အလျင်အမြန်ထွက်လာ၍ မြို့တွင်းသို့ပြေး ဝင်ကြပြီးလျှင်မြို့ကိုသိမ်း၍ချက်ချင်း မီးရှို့ဖျက်ဆီးကြ၏။-
ဣသရေလတပ်သားတို့သည်ကွင်းပြင်ဒေသ ၌ ရန်သူများကိုတစ်ယောက်မကျန်သတ်ဖြတ် ပြီးနောက် အာဣမြို့ထဲသို့ပြန်ဝင်လာ၍ကျန် ရှိသူရှိသမျှကိုသုတ်သင်လိုက်ကြလေသည်။-
သို့ဖြစ်၍ယောရှုသည်စစ်သူရဲအပေါင်းတို့နှင့် အာဣမြို့သို့ချီတက်ရန်အသင့်ပြင်လေသည်။ သူသည်လက်ရွေးစင်စစ်သူရဲသုံးသောင်းကို ညအချိန်၌စေလွှတ်၍၊-
ထိုအခါသင်တို့ပုန်းကွယ်ရာမှထွက်၍မြို့ ကိုသိမ်းယူရမည်။ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည်မြို့ကိုသင်တို့လက် သို့အပ်တော်မူမည်။-
သင်တို့သည်မြို့ကိုသိမ်းယူပြီးနောက်ထာဝရ ဘုရားမိန့်မှာတော်မူသည့်အတိုင်း မြို့ကိုမီး ရှို့ဖျက်ဆီးပစ်ရမည်။ ဤအမိန့်အတိုင်း ဆောင်ရွက်ကြလော့'' ဟုအမိန့်ပေးလေ၏။-
ယောရှုသည်လက်ရွေးစင်သူရဲတို့ကိုစေလွှတ် သဖြင့် သူတို့သည်ချီတက်၍အာဣမြို့အနောက် ဘက်နှင့်ဗေသလမြို့စပ်ကြားတွင်ပုန်းအောင်း စောင့်ဆိုင်းနေကြလေသည်။ ယောရှုသည်ထို ည၌စခန်းတွင်နေ၏။
ဟိဝိအမျိုးသားများဖြစ်သောဂိဗောင်မြို့ သားတို့သည် ယေရိခေါမြို့နှင့် အာဣမြို့များ ကိုယောရှုမည်ကဲ့သို့တိုက်ခိုက်အောင်မြင်ခဲ့ ကြောင်းကြားသိရသောအခါ၊-