ယခုမူဣသရေလတစ်နွယ်လျှင်တစ်ဦး ကျဖြင့် လူတစ်ဆယ့်နှစ်ယောက်ကိုရွေး ချယ်ကြလော့။-
ယောရှု 4:4 - Common Language Bible ထို့ကြောင့်ယောရှုသည်ရွေးချယ်ပြီးသောလူ တစ်ဆယ့်နှစ်ယောက်ကိုဆင့်ခေါ်၍၊- Garrad Bible ယော ရှု သည် ဣ သ ရေ လ အ မျိုး သား တို့ အ နက် တစ် နွယ် လျှင် တစ် ယောက် ကျ စီ မံ ခဲ့ သော လူ ဆယ့် နှစ် ယောက် ကို ခေါ်၍ Judson Bible ယောရှုသည် ခန့်ထားနှင့်သော ဣသရေလအမျိုး တစ်မျိုးတစ်ယောက်စီ၊ လူတစ်ဆယ်နှစ်ယောက်ကိုခေါ်၍၊ မြန်မာ့စံမီသမ္မာကျမ်း ယောရှုကလည်း မိမိခန့်အပ်ထားသောအစ္စရေးအမျိုးသားတို့ထဲမှ မျိုးနွယ်တစ်နွယ်လျှင်တစ်ယောက်စီ လူတစ်ဆယ့်နှစ်ယောက်ကို ခေါ်ပြီးလျှင် |
ယခုမူဣသရေလတစ်နွယ်လျှင်တစ်ဦး ကျဖြင့် လူတစ်ဆယ့်နှစ်ယောက်ကိုရွေး ချယ်ကြလော့။-
ယော်ဒန်မြစ်လယ်၊ ယဇ်ပုရောဟိတ်များရပ်တန့် ခဲ့သောနေရာမှ ကျောက်တုံးတစ်ဆယ့်နှစ်တုံး ကိုသယ်ယူစေလော့။ သင်တို့ယနေ့စခန်းချ ရာအရပ်တွင်ထိုကျောက်တုံးများကိုထား လော့'' ဟုမိန့်တော်မူ၏။
``သင်တို့သည်ဘုရားသခင်ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော်ရှေ့က ယော်ဒန်မြစ်ထဲ သို့ဆင်းလော့။ ဣသရေလတစ်နွယ်စီအတွက် တစ်ဦးလျှင်ကျောက်တုံးတစ်တုံးကျသယ် ဆောင်ခဲ့ရမည်။-