Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယော​ရှု 4:3 - Common Language Bible

3 ယော်​ဒန်​မြစ်​လယ်၊ ယဇ်​ပု​ရော​ဟိတ်​များ​ရပ်​တန့် ခဲ့​သော​နေ​ရာ​မှ ကျောက်​တုံး​တစ်​ဆယ့်​နှစ်​တုံး ကို​သယ်​ယူ​စေ​လော့။ သင်​တို့​ယ​နေ့​စ​ခန်း​ချ ရာ​အ​ရပ်​တွင်​ထို​ကျောက်​တုံး​များ​ကို​ထား လော့'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 ယော် ဒန် မြစ် အ လယ် ပ ရော ဟိတ် တို့ မြဲ စွဲ စွာ နင်း ရာ အ ရပ် မှ ကျောက် ဆယ့် နှစ် လုံး ကို ယူ လျက် ယ နေ့ ညဉ့် စွဲ ရပ် ရာ စား ခန်း၌ ချ ထား စေ ဟု မိန့် တော် မူ သည့် အ တိုင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 သူ​တို့​သည် ယော်​ဒန်​မြစ်​အ​လယ်၊ ယဇ်​ပု​ရော​ဟိတ်​တို့ မြဲ​မြံ​စွာ​နင်း​ရာ၊ ဤ​အ​ရပ်​ထဲ​က ကျောက်​တစ်​ဆယ်​နှစ်​လုံး​ကို​ယူ​ပြီး​လျှင် ထမ်း​သွား၍၊ ယ​နေ့​ည စ​ခန်း​ချ​ရာ​အ​ရပ်၌ ထား​ရ​မည်​အ​ကြောင်း ဆင့်​ဆို​လော့​ဟု ယော​ရှု​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 သူ​တို့​အား ‘​ယဇ်ပုရောဟိတ်​တို့​ခြေချ​သော​နေရာ ဂျော်ဒန်​မြစ်​အလယ်​မှ ကျောက်တုံး​တစ်ဆယ့်​နှစ်​တုံး​ကို ယူ​၍ ထို​ကျောက်တုံး​တို့​ကို သယ်လာ​ပြီး ယနေ့ည သင်​တို့​စခန်းချ​မည့်​နေရာ​၌ ထား​လော့​’​ဟူ၍ ပြောကြား​လော့​”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 4:3
11 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်​စိုက်​ထူ​သော​ဤ​မှတ်​တိုင်​သည်​ထာ​ဝ​ရ ဘု​ရား​ကို​ကိုး​ကွယ်​ရာ​ဌာ​န​ဖြစ်​ပါ​လိမ့်​မည်။ အ​ကျွန်ုပ်​သည်​လည်း​ကိုယ်​တော်​ရှင်​ပေး​တော်​မူ သ​မျှ​ထဲ​မှ​ဆယ်​ပုံ​တစ်​ပုံ​ကို​ကိုယ်​တော်​ရှင် အား​လှူ​ဒါန်း​ပါ​မည်'' ဟု​သစ္စာ​ဆို​လေ​၏။


အို ငါ့​ဝိ​ညာဉ်၊ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ ပြု​လော့။ ကျေး​ဇူး​တော်​အ​ပေါင်း​ကို​မ​မေ့​မ​လျော့​နှင့်။


ထာ​ဝ​ရ​ဘု​ရား​သည်​သန့်​ရှင်း​မြင့်​မြတ်​သည့် ဗိ​မာန်​တော်​တွင်​ကျိန်း​ဝပ်​တော်​မူ​၏။ ကိုယ်​တော်​၏​ပလ္လင်​တော်​သည်​ကောင်း​ကင်​ဘုံ တွင် ရှိ​တော်​မူ​၏။ ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​အား​စစ်​ဆေး ကြည့်​ရှု​တော်​မူ​၍ သူ​တို့​ပြု​သော​အ​မှု​အ​ရာ​များ​ကို​သိ​မြင် တော်​မူ​၏။


ကိုယ်​တော်​က ``သင်​တို့​အား​ငါ​ဆို​သည်​ကား ဤ​သူ​တို့​တိတ်​ဆိတ်​စွာ​နေ​ကြ​လျှင်​ကျောက် ခဲ​များ​က​ကြွေး​ကြော်​ကြ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။


ယော​ရှု​က​လူ​အ​ပေါင်း​တို့​အား``ဤ​ကျောက်​တုံး သည်​ငါ​တို့​အ​တွက်​သက်​သေ​ဖြစ်​စေ​မည်။ ငါ​တို့ အား​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​ကို​ဤ ကျောက်​တုံး​သည်​ကြား​ရ​ပြီ။ သို့​ဖြစ်​၍​သင်​တို့ သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ကို​ပုန်​ကန်​လျှင် ဤ​ကျောက်​တုံး​သည်​သက်​သေ​ဖြစ်​ကြ​လိမ့် မည်'' ဟု​မိန့်​ကြား​လေ​၏။-


ကမ္ဘာ​မြေ​ကြီး​တစ်​ခု​လုံး​ကို​အ​စိုး​ရ​တော် မူ​သော ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​ပင့်​ဆောင်​ကြ​သည့်​ယဇ်​ပု​ရော​ဟိတ် များ​သည် မြစ်​ရေ​ကို​နင်း​မိ​သည်​နှင့်​တစ်​ပြိုင် နက်​မြစ်​ညာ​မှ​စီး​ဆင်း​လာ​သော​ရေ​သည် ရပ်​တန့်​၍​တစ်​နေ​ရာ​တည်း​တွင်​ပင်​စု​ပုံ လျက်​ရှိ​လိမ့်​မည်'' ဟု​ဆို​လေ​၏။


ထို့​ကြောင့်​ယော​ရှု​သည်​ရွေး​ချယ်​ပြီး​သော​လူ တစ်​ဆယ့်​နှစ်​ယောက်​ကို​ဆင့်​ခေါ်​၍၊-


ထို​သူ​တို့​သည်​ယော​ရှု​စေ​ခိုင်း​သ​မျှ​ကို ဆောင်​ရွက်​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှု အား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း သူ​တို့​သည် ဣ​သ​ရေ​လ​တစ်​နွယ်​လျှင်​ကျောက်​တုံး​တစ် တုံး​ကျ​ဖြင့်​ကျောက်​တုံး​တစ်​ဆယ့်​နှစ်​တုံး ကို ယော်​ဒန်​မြစ်​လယ်​မှ​သယ်​ဆောင်​၍​စ​ခန်း တွင်း​၌​ချ​ထား​ကြ​၏။-


ထို​နောက်​ရှ​မွေ​လ​သည်​ကျောက်​တုံး​တစ်​ခု​ကို ယူ​၍ မိ​ဇ​ပါ​မြို့​နှင့်​ရှင်​မြို့​စပ်​ကြား​တွင်​စိုက်​ထူ ကာ``ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​အား​ယ​နေ့ တိုင်​အောင်​ကူ​မ​တော်​မူ​လေ​ပြီ'' ဟု​ဆို​ပြီး​လျှင် ထို​ကျောက်​တုံး​ကို``ကူ​မ​တော်​မူ​ရာ​ကျောက်'' (ဧ​ဗ​နေ​ဇာ) ဟု​နာ​မည်​မှည့်​လေ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ