အာမောရိဘုရင်ရှိဟုန်မင်း၊ဗာရှန်ဘုရင် သြဃမင်းနှင့်ခါနာန်နိုင်ငံမှဘုရင်အပေါင်း တို့ကို ကွပ်မျက်တော်မူ၏။
ယောရှု 24:12 - Common Language Bible သင်တို့ချီတက်လာစဉ်ငါသည်သူတို့ကို ကစဥ့်ကလျားဖြစ်စေပြီးလျှင် အာမောရိ ဘုရင်နှစ်ပါးကိုနှင်ထုတ်ခဲ့၏။ သင်တို့၏ဋ္ဌား နှင့်လေးလက်နက်တို့ဖြင့်အနိုင်ရကြသည် မဟုတ်။- Garrad Bible သင် တို့ ရှေ့ ငါ စေ လွှတ် ခဲ့ သော ပျား တူ ဘေး သည် သင် တို့ ဓား မ ကျိုး၊ လေး မ ကျိုး ဘဲ လျက် အာ မော ရိ ပြည့် ရှင် နှစ် ဦး ကို နှင် ထုတ် သော အ ခါ Judson Bible သင်တို့၌ ဓားနှင့်လေးမပါဘဲ၊ သင်တို့ရှေ့မှာ ပျားတူကို ငါစေလွှတ်၍၊ အာမောရိမင်းကြီးနှစ်ပါးကို သင်တို့ရှေ့မှ ငါနှင်ထုတ်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း သင်တို့၏ဓားအားဖြင့်မဟုတ်၊ လေးအားဖြင့်လည်းမဟုတ်။ ငါသည် ပျားတူများကို သင်တို့ရှေ့မှ စေလွှတ်၍ အာမောရိလူမျိုးတို့ရှင်ဘုရင်နှစ်ပါးကို သင်တို့ရှေ့မှနှင်ထုတ်၏။ |
အာမောရိဘုရင်ရှိဟုန်မင်း၊ဗာရှန်ဘုရင် သြဃမင်းနှင့်ခါနာန်နိုင်ငံမှဘုရင်အပေါင်း တို့ကို ကွပ်မျက်တော်မူ၏။
ယင်းသည်တောင်ကုန်းများကိုမိမိ၏ အရိပ်ဖြင့်လည်းကောင်း၊ ကြီးမားသည့်အာရဇ်ပင်များကိုမိမိ၏အကိုင်း အခက်များဖြင့်လည်းကောင်းဖုံးလွှမ်းစေပါ၏။
ကိုယ်တော်ရှင်သည်စပျစ်ပင်ပေါက်နိုင်ရန်မြေကို ရှင်းလင်းပြုပြင်တော်မူပါ၏။ ထိုအပင်သည်နက်စွာအမြစ်စွဲလျက်တစ်ပြည် လုံးကို လွှမ်းမိုးပါ၏။
ဟိဝိအမျိုးသား၊ ခါနာန်အမျိုးသား၊ ဟိတ္တိ အမျိုးသားတို့သည်ထိတ်လန့်တကြားဖြစ် ၍ထွက်ပြေးရကြလိမ့်မည်။-
ငါသည်သင်တို့တိုင်းပြည်၏နယ်နိမိတ်ကို ပင်လယ်နီမှမြေထဲပင်လယ်သို့လည်းကောင်း၊ တောကန္တာရမှဥဖရတ်မြစ်သို့လည်းကောင်း ကျယ်ပြန့်စေမည်။ ငါသည်ထိုပြည်သားတို့ ကိုသင်တို့၏လက်သို့အပ်သဖြင့် သင်တို့သည် သူတို့အားနှင်ထုတ်နိုင်လိမ့်မည်။-
သို့ဖြစ်၍ဣသရေလအမျိုးသားတို့သည် အာမောရိပြည်တွင်အခြေချနေထိုင်ကြ လေသည်။-
မောရှေသည်ယာဇာမြို့ကိုမတိုက်ခိုက်မီ လူကို စေလွှတ်၍ထောက်လှမ်းစေ၏။ ဣသရေလအမျိုး သားတို့သည်ထိုမြို့နှင့်တကွ ပတ်ဝန်းကျင်ရှိမြို့ များကိုတိုက်ခိုက်သိမ်းပိုက်သဖြင့် အာမောရိ အမျိုးသားတို့သည်ထိုမြို့များမှထွက်ပြေး ကြ၏။
ထာဝရဘုရားသည်အာမောရိဘုရင်များ ဖြစ်သော ရှိဟုန်နှင့်သြဃတို့ကိုနှိမ်နင်း၍ သူ တို့၏ပြည်ကိုဖျက်ဆီးသည့်နည်းတူ ထိုပြည် တွင်နေထိုင်သောလူမျိုးတို့ကိုသုတ်သင် ပယ်ရှင်းတော်မူလိမ့်မည်။-
သူ၏နိုင်ငံကိုလည်းကောင်း၊ ယော်ဒန်မြစ်အရှေ့ ဘက်တွင် စိုးစံသောအခြားအာမောရိဘုရင် ဖြစ်သည့်ဗာရှန်ဘုရင်သြဃ၏နိုင်ငံကို လည်းကောင်းသိမ်းယူခဲ့ကြသည်။-
သင်တို့၏လက်မှလွတ်၍ထွက်ပြေးပုန်း အောင်းနေသူတို့ပင်လျှင် ကပ်ဆိုက်၍သေ ကြေပျက်စီးလိမ့်မည်။-
သင်တို့အီဂျစ်ပြည်မှထွက်လာစဉ်ကထာဝရဘုရားသည် သင်တို့ချီတက်ရာရှေ့၌ပင်လယ် နီရေကိုခန်းခြောက်စေတော်မူကြောင်းကို ကျွန်မတို့ကြားသိရပါသည်။ ယော်ဒန် မြစ်အရှေ့ဘက်တွင်စိုးစံသောအာမောရိ ဘုရင်နှစ်ပါးဖြစ်ကြသည့်ရှိဟုန်ဘုရင် နှင့်သြဃဘုရင်တို့ကို သင်တို့မည်ကဲ့သို့ သတ်ဖြတ်သုတ်သင်ခဲ့ကြကြောင်းကိုလည်း ကျွန်မကြားသိရပါသည်။-