ဧသောသည်ခါနာန်အမျိုးသမီးများကို ဖခင်ဣဇာက်မနှစ်သက်ကြောင်းသိရသဖြင့်၊-
ယောရှု 22:30 - Common Language Bible ယဇ်ပုရောဟိတ်ဖိနဟတ်နှင့်တကွ ဣသရေလ အနောက်ဘက်အနွယ်ဝင်တို့၏အကြီးအကဲ ဖြစ်ကြသော သားချင်းစုခေါင်းဆောင်ဆယ်ဦး တို့သည်ရုဗင်အနွယ်ဝင်၊ ဂဒ်အနွယ်ဝင်၊ အရှေ့ မနာရှေအနွယ်ဝင်တို့ပြောပြသမျှကို ကြားရသောအခါကျေနပ်ဝမ်းမြောက်ကြ ၏။- Garrad Bible ပ ရော ဟိတ် ဖိ နပ် ဟတ် နှင့် လိုက် ပါ သူ ဣ သ ရေ လ အိမ် ထောင် အ အုပ် အ ချုပ် ဖြစ် သော ပ ရိ သတ် အ ကြီး အ ကဲ တို့ သည် ရု ဗင်၊ ဂဒ်၊ မ နာ ရှေ့ အ နွယ် သား တို့ ပြော ဆို သော စ ကား ကို ကြား လျှင်၊ နှစ် သက် ကြ သ ဖြင့် Judson Bible ယဇ်ပုရောဟိတ်ဖိနဟတ်နှင့် ပရိသတ်မင်းများ၊ ဣသရေလအမျိုး၌ လူတစ်ထောင်စီအုပ်သော အကဲအမှူးများတို့သည် ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးသားတို့ ပြောသောစကားကိုကြားရသောအခါ အားရကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်ဖိနဟတ်နှင့်တကွ လူထုခေါင်းဆောင်များဖြစ်သော အစ္စရေးမျိုးနွယ်စုတို့၏အကြီးအမှူးများသည် ရုဗင်သားမြေး၊ ဂဒ်သားမြေးနှင့် မနာရှေသားမြေးတို့ပြောသောစကားကိုကြားသောအခါ ကျေနပ်နှစ်သက်ကြ၏။ |
ဧသောသည်ခါနာန်အမျိုးသမီးများကို ဖခင်ဣဇာက်မနှစ်သက်ကြောင်းသိရသဖြင့်၊-
မင်းကြီးနှင့်မှူးမတ်တို့သည် ဤစကားကို နှစ်သက်သဘောကျကြ၏။ သို့ဖြစ်၍မင်း ကြီးသည်မမုကန်အကြံပေးသည့် အတိုင်းပြုတော်မူ၏။-
ဖြည်းညှင်းသော စကားသည် စိတ်ကိုဖြေတတ် ၏။ ကြမ်းတမ်းသောစကားမူကား၊ အမျက်ကို နှိုးဆော် တတ်၏။
ထိုစကားကိုကြားသောအခါ ထိုသူတို့သည် ပြစ်တင်ဝေဖန်မှုကိုမပြုကြတော့ဘဲ ``ဘုရား သခင်သည်လူမျိုးခြားတို့အားလည်း နောင်တရ ၍အသက်ရှင်ခွင့်ကိုပေးတော်မူပါသည်တကား'' ဟုဆို၍ဘုရားသခင်၏ဂုဏ်တော်ကိုချီးကူး ကြ၏။
ငါတို့သည်မီးရှို့ရာသကာ၊ ဘောဇဉ်သကာ စသောသကာများကိုပူဇော်ဆက်သရန်ယဇ် ပလ္လင်တစ်ခုကိုတည်၍ ထာဝရဘုရားအား ပုန်ကန်လျက်ကိုယ်တော်ကိုပစ်ပယ်ကြမည် မဟုတ်ပါ။ ငါတို့သည်ငါတို့၏ဘုရားသခင်ထာဝရဘုရားစံတော်မူရာတဲ တော်ရှေ့တွင်ရှိသော ယဇ်ပလ္လင်မှလွဲ၍ အခြား မည်သည့်ယဇ်ပလ္လင်ကိုမျှတည်မည်မဟုတ်ပါ'' ဟု ပြန်ပြောကြလေသည်။
ထိုအခါယဇ်ပုရောဟိတ်ဧလာဇာ၏သား ဖိနဟတ်က``ထာဝရဘုရားသည်ငါတို့နှင့် အတူရှိတော်မူကြောင်းကိုငါတို့ယခုသိ ရကြပြီ။ ကိုယ်တော်အားမပုန်ကန်ခဲ့ကြ သဖြင့်ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား၏ဒဏ်ခတ်တော်မူခြင်း မှလွတ်မြောက်ရကြပြီ'' ဟုသူတို့အား ဆို၏။
ထိုအခါဣသရေလအမျိုးသားတို့သည် ကျေနပ်ဝမ်းမြောက်လျက် ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းကြ၏။ သူတို့သည်ရုဗင် အနွယ်ဝင်၊ ဂဒ်အနွယ်ဝင်တို့နေထိုင်ရာပြည် ကိုစစ်ချီတိုက်ခိုက်ဖျက်ဆီးရန်မကြံစည် ကြတော့ချေ။-
သင်တို့သည်ဘုရားသခင်၏တန်ခိုးတော် အားဖြင့် မိဒျန်ဗိုလ်ချုပ်နှစ်ဦးဖြစ်သော သြရဘနှင့်ဇေဘတို့အားကွပ်မျက်နိုင်ခဲ့ ကြလေပြီတကား။ ထိုအမှုနှင့်နှိုင်းယှဉ် လောက်အောင်ငါသည်အဘယ်အမှုကိုပြု နိုင်ခဲ့ပါသနည်း'' ဟုပြန်ပြောသောစကား ကိုကြားလျှင်သူတို့သည်အမျက်ပြေ ကြ၏။
အာခိတ်သည်ဒါဝိဒ်ကိုခေါ်ပြီးလျှင်``သင်သည် ငါ့အပေါ်၌သစ္စာစောင့်ကြောင်းကိုဣသရေလ အမျိုးသားတို့ကိုးကွယ်သည့်အသက်ရှင်တော် မူသောဘုရားသခင်ကိုတိုင်တည်၍ငါကျိန်ဆို ပါ၏။ ငါသည်သင့်အားငါနှင့်အတူစစ်ပွဲတွင် ဝင်ရောက်တိုက်ခိုက်စေလိုပါ၏။ ငါ၏ထံသို့ သင်ဝင်ရောက်လာသည့်နေ့မှစ၍သင့်အပေါ် တွင်အပြစ်တစ်စုံတစ်ရာကိုမျှငါမတွေ့ မမြင်ပါ။ သို့ရာတွင်အခြားဘုရင်တို့က သဘောမတူကြပါ။-