ထာဝရဘုရားသည်အာဗြံအားကိုယ်ထင်ပြ ၍``ဤတိုင်းပြည်ကိုသင်၏အဆက်အနွယ်တို့ အားငါပေးမည်'' ဟုမိန့်တော်မူ၏။ ထိုအခါ အာဗြံသည်သူ့အားကိုယ်ထင်ပြသောထာဝရ ဘုရားအတွက်ယဇ်ပလ္လင်ကိုတည်လေ၏။-
ယောရှု 22:10 - Common Language Bible ရုဗင်အနွယ်ဝင်၊ ဂဒ်အနွယ်ဝင်နှင့်အရှေ့ မနာရှေအနွယ်ဝင်တို့သည်ယော်ဒန်မြစ် အနောက်ဘက် ဂဲလိလော့အရပ်သို့ရောက်ရှိကြသောအခါ မြစ်အနီးတွင်ကြီးကျယ်ခမ်းနားသောယဇ် ပလ္လင်ကိုတည်ဆောက်ကြ၏။- Garrad Bible ခါ နာန် ပြည်၊ ယော် ဒန် ခ ရိုင် သို့ ရောက် သော် ယော် ဒန် မြစ် အ နီး ထင် ရှာ သော ပ လ္လင် ကြီး ကို တည် ကြ ၏။ Judson Bible ခါနာန်ပြည်၊ ယော်ဒန်မြစ်နားသို့ ရောက်သောအခါ၊ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတစ်ဝက်တို့သည် ယော်ဒန်မြစ်နားမှာ ထင်ရှားစွာသော ယဇ်ပလ္လင်ကြီးကို တည်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ရုဗင်သားမြေး၊ ဂဒ်သားမြေး၊ မနာရှေသားမြေးတစ်ဝက်တို့သည် ခါနာန်ပြည်၊ ဂျော်ဒန်မြစ်အနီးသို့ရောက်သောအခါ ထင်ရှားမြင်သာသော ယဇ်ပလ္လင်ကြီးတစ်ခုကို တည်လေ၏။ |
ထာဝရဘုရားသည်အာဗြံအားကိုယ်ထင်ပြ ၍``ဤတိုင်းပြည်ကိုသင်၏အဆက်အနွယ်တို့ အားငါပေးမည်'' ဟုမိန့်တော်မူ၏။ ထိုအခါ အာဗြံသည်သူ့အားကိုယ်ထင်ပြသောထာဝရ ဘုရားအတွက်ယဇ်ပလ္လင်ကိုတည်လေ၏။-
ထိုအရပ်မှသူသည်ဗေသလမြို့အရှေ့ဘက် တောင်ထူထပ်သောအရပ်သို့ပြောင်းရွှေ့၍ စခန်း ချလေသည်။ ထိုစခန်း၏အနောက်ဘက်တွင် ဗေသလမြို့၊ အရှေ့ဘက်တွင်အာဣမြို့တည်ရှိ လေသည်။ ထိုအရပ်၌လည်းသူသည်ယဇ်ပလ္လင် ကိုတည်၍ထာဝရဘုရားကိုကိုးကွယ်လေ သည်။-
ယာကုပ်သည်နောက်တစ်နေ့နံနက်စောစော အိပ်ရာမှ နိုးထ၍သူခေါင်းအုံးသောကျောက်တုံးကိုယူပြီး လျှင် မှတ်တိုင်အဖြစ်စိုက်ထူလေသည်။ ထိုနောက်မှတ် တိုင်ပေါ်တွင်သံလွင်ဆီလောင်းလျက် ထိုမှတ်တိုင် ကိုဘုရားသခင်အားဆက်ကပ်လေ၏။-
ထိုအချိန်ကာလကျရောက်လာသောအခါ အီဂျစ်ပြည်တွင်ထာဝရဘုရားအတွက် ယဇ်ပလ္လင်တစ်ခုကိုတည်ထားလိမ့်မည်။ ကိုယ် တော်အားအနုမောဒနာပြု၍စိုက်ထူထား သည့်ကျောက်တိုင်တစ်ခုသည်နယ်စပ်တွင်ရှိ လိမ့်မည်။-
အခြားဣသရေလအမျိုးသားတို့သည် မိမိတို့ပိုင်နက်ဖြစ်သောယော်ဒန်မြစ်အနောက် ဘက်ဂဲလိလော့အရပ်၌ရုဗင်အနွယ်ဝင်၊ ဂဒ် အနွယ်ဝင်နှင့်အရှေ့မနာရှေအနွယ်ဝင်တို့ က ယဇ်ပလ္လင်တည်ကြသည့်သတင်းကိုကြား ရသောအခါ အရှေ့အနွယ်ဝင်တို့အားစစ် ချီတိုက်ခိုက်ရန်ရှိလောမြို့သို့စုရုံးရောက် ရှိလာကြ၏။
ထို့ကြောင့်ရုဗင်အနွယ်၊ ဂဒ်အနွယ်နှင့်အရှေ့ မနာရှေအနွယ်တို့သည် မိမိတို့နေရပ်သို့ ပြန်သွားကြ၏။ သူတို့သည်ခါနာန်ပြည်၊ ရှိလောမြို့တွင်ရှိသောကျန်အခြားဣသ ရေလအမျိုးသားတို့ထံမှထွက်ခွာ၍ မောရှေမှတစ်ဆင့်ထာဝရဘုရားပေး တော်မူသည့်အမိန့်အရ သူတို့သိမ်းပိုက် ပြီးသောဂိလဒ်ပြည်သို့ပြန်သွားကြ၏။