ယောရှု 22:11 - Common Language Bible11-12 အခြားဣသရေလအမျိုးသားတို့သည် မိမိတို့ပိုင်နက်ဖြစ်သောယော်ဒန်မြစ်အနောက် ဘက်ဂဲလိလော့အရပ်၌ရုဗင်အနွယ်ဝင်၊ ဂဒ် အနွယ်ဝင်နှင့်အရှေ့မနာရှေအနွယ်ဝင်တို့ က ယဇ်ပလ္လင်တည်ကြသည့်သတင်းကိုကြား ရသောအခါ အရှေ့အနွယ်ဝင်တို့အားစစ် ချီတိုက်ခိုက်ရန်ရှိလောမြို့သို့စုရုံးရောက် ရှိလာကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible11 ခါ နာန် ပြည် က န ဦး၊ ယော် ဒန် ခ ရိုင်၊ ဣ သ ရေ လ အ မျိုး သား တို့ ပိုင် နယ် အ ဝင်၊ ရု ဗင့် အ နွယ် သား၊ ဂဒ် အ နွယ် သား၊ မ နာ ရှေ့ အ နွယ် တစ် ဝက် တို့ သည် ပ လ္လင် ကို တည် ကြ သည် တ ကား ဟု ဣ သ ရေ လ အ မျိုး သား တို့ ကြား သိ လျှင်၊ အခန်းကိုကြည့်ပါ။Judson Bible11 ထိုသို့ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတစ်ဝက်တို့သည် ခါနာန်ပြည်တစ်ဖက်၊ ယော်ဒန်မြစ်နား၊ ဣသရေလအမျိုးသားကူးရာအရပ်၌ ယဇ်ပလ္လင်ကို တည်ကြပြီဟု ဣသရေလအမျိုးသားတို့သည် သတင်းကြားကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း11 “ကြည့်ရှုလော့။ ရုဗင်သားမြေး၊ ဂဒ်သားမြေးနှင့် မနာရှေသားမြေးတစ်ဝက်တို့သည် အစ္စရေးအမျိုးသားတို့နယ်မြေ၊ ဂျော်ဒန်မြစ်အနီး၊ ခါနာန်ပြည်နယ်စပ်၌ ယဇ်ပလ္လင်တည်ကြပြီ”ဟု ပြောဆိုကြသည်ကို အစ္စရေးအမျိုးသားတို့ကြားကြ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်သင်တို့အတွက်ဘုရား ဝတ်ပြုကိုးကွယ်ရန် တစ်ခုတည်းသောဌာန ကိုရွေးချယ်ပေးတော်မူမည်။ ငါမိန့်မှာသည့် အတိုင်း သင်တို့သည်မီးရှို့ရာယဇ်နှင့်အခြား ယဇ်ကောင်များ၊ ဆယ်ဖို့တစ်ဖို့နှင့်ပူဇော်သကာ များ၊ ထာဝရဘုရားအားကတိထားသော အထူးပူဇော်သကာများစသည်တို့ကို ထိုဌာနသို့ယူဆောင်ခဲ့ရမည်။-
ထာဝရဘုရား၏လူစုတစ်စုလုံး၏ကိုယ် စားသူတို့အား ပြောကြားသည်မှာ``သင်တို့သည် အဘယ်ကြောင့်ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်အားဆန့်ကျင်၍ ဤမိုက်မဲ သောအမှုကိုပြုကြသနည်း။ သင်တို့သည် ဤယဇ်ပလ္လင်ကိုတည်ခြင်းအားဖြင့် ထာဝရ ဘုရားအားပုန်ကန်ကြပြီ။ ကိုယ်တော်ကို ပစ်ပယ်ကြပြီတကား။-
သို့ဖြစ်၍သင်တို့၏ပြည်သည်ထာဝရဘုရား အားဝတ်ပြုရန်မသင့်လျော်လျှင် တဲတော်ရှိ ရာပြည်တော်သို့ကူးလာ၍သင်တို့နေထိုင် ရန်နယ်မြေကိုငါတို့ထံမှတောင်းယူကြ လော့။ သို့ရာတွင်ငါတို့၏ဘုရားသခင် ထာဝရဘုရား၏ယဇ်ပလ္လင်မှလွဲ၍အခြား ယဇ်ပလ္လင်ကိုတည်ဆောက်ခြင်းအားဖြင့် ကိုယ် တော်ကိုမပုန်ကန်ကြပါနှင့်။ ထိုပုန်ကန် မှုတွင်ငါတို့မပါဝင်ပါရစေနှင့်။-