ယောရှု 19:12 - Common Language Bible နယ်နိမိတ်သည်စာရိဒ်မြို့မှအရှေ့ဘက် ခိသလုတ္တာဗော်မြို့နယ်စပ်အထိသွား၏။ ထိုမှဒါဗရတ်မြို့သို့ရောက်ပြီးလျှင် ယာဖျာမြို့သို့တက်သွား၏။- Garrad Bible စာ ရိဒ် မြို့ မှ၊ နေ ထွက် ရာ အ ရှေ့ မျက် နှာ သို့ လှည့်၍ ခိ သ လု တ္တာ ဗော် မြို့ နယ် နှင့် ဒါ ဗ ရတ် မြို့ များ သို့ ရောက် လျက်၊ Judson Bible တစ်ဖန် စာရိဒ်မြို့မှ နေထွက်ရာအရှေ့မျက်နှာသို့လှည့်သဖြင့်၊ ခိသလုတ္တာဗော်မြို့၊ ဒါဗရတ်မြို့သို့ ရောက်ပြီးလျှင်၊ ယာဖျာမြို့သို့ တက်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် စာရိဒ်မြို့မှ အရှေ့ဘက်နေထွက်ရာ ခိသလုတ္တာဗော်နယ်စပ်အထိ ရောက်၏။ ထိုမှ ဒါဗရတ်မြို့သို့ရောက်၍ ယာဖျာမြို့သို့ တက်သွား၏။ |
ကိုယ်တော်ရှင်သည်မြောက်မျက်နှာနှင့် တောင်မျက်နှာကိုဖန်ဆင်းတော်မူပါ၏။ တာဗော်တောင်နှင့်ဟေရမုန်တောင်တို့သည် ကိုယ်တော်ရှင်အားရွှင်လန်းစွာထောမနာ ပြုကြပါ၏။
နယ်နိမိတ်သည်ထိုမြို့မှဒဗ္ဗရှက်မြို့နှင့်ယော ကနံမြို့အရှေ့ဘက်ရှိချောင်းကိုဖြတ်၍ အနောက်ဘက်ရှိမရာလမြို့အထိ ရောက်သည်။-
ထိုမှအရှေ့ဘက်ဂိတ္တဟေဖာမြို့နှင့်အိတ္တ ကာဇိန်မြို့သို့ရောက်၍ ရိမ္မုန်မြို့သို့သွား ရာလမ်းရှိနေအာမြို့သို့လှည့်သွား၏။-
နယ်နိမိတ်သည်တာဗော်မြို့၊ ရှာဟဇိမမြို့၊ ဗက်ရှေမက်မြို့များကိုဖြတ်၍ယော်ဒန်မြစ် တွင်အဆုံးသတ်သည်။ ဤနယ်မြေတွင်မြို့ ကြီးတစ်ဆယ့်ခြောက်မြို့နှင့်ယင်းတို့၏ ပတ်ဝန်းကျင်ရှိမြို့များပါဝင်သည်။-
သူတို့သည်ဣသခါနယ်မြေမှမြို့လေးမြို့ ကိုရရှိကြ၏။ ယင်းတို့မှာပတ်ဝန်းကျင်ရှိ စားကျက်များအပါအဝင်ကိရှုန်မြို့၊ ဒါ ဗရေမြို့၊-
တစ်နေ့သ၌သူသည်နဿလိနယ်မြေ၊ ကေ ဒေရှမြို့မှအဘိနောင်၏သားဗာရက်ကို ခေါ်ပြီးလျှင်``ဣသရေလအမျိုးသားတို့ဘုရားသခင်ထာဝရဘုရားက`သင်သည်နဿလိ အနွယ်နှင့် ဇာဗုလုန်အနွယ်မှလူပေါင်းတစ် သောင်းကိုခေါ်ယူကာတာဗော်တောင်သို့ သွားရမည်။-