ထိုအရပ်ကိုဗေသလဟုနာမည်မှည့်ခေါ်လေ သည်။ (ယခင်ကထိုမြို့ကိုလုဇဟုခေါ်တွင်၏။)-
ယောရှု 18:13 - Common Language Bible တစ်ဖန်လုဇမြို့(ဗေသလမြို့ဟူ၍လည်း ခေါ်တွင်သည်) တောင်ဘက်ရှိတောင်စောင်းသို့ တက်ပြီးလျှင်အောက်ဗက်ဟောရုန်မြို့တောင် ဘက်၊ တောင်ပေါ်ရှိအတရုတ်အဒ္ဒါမြို့သို့ ရောက်သည်။- Garrad Bible ဗေ သ လ ခေါ် လု ဇ မြို့ နှင့် တောင် စောင်း တောင် ဘက် ကို လျှောက် သ ဖြင့်၊ အောက် ဗေ သော ရုန် မြို့ တောင် ဘက် ရှိ တောင် ခြေ ရင်း၊ အ တ ရုတ် အ ဒ္ဒါ မြို့ သို့ ဆင်း သ တည်း။ Judson Bible တစ်ဖန် တောင်မျက်နှာသို့သွား၍ ဗေသလလုဇမြို့နား၌ လျှောက်သဖြင့်၊ အောက်ဗက်ဟောရုန်မြို့ တောင်ဘက်မှာရှိသော တောင်ခြေရင်း အတရုတ်အဒ္ဒါမြို့သို့ ရောက်ပြီးလျှင်၊ မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ထိုနယ်နိမိတ်သည် ဗေသလ ခေါ် လုဇမြို့သို့ရောက်၍ တောင်ဘက်ရှိလုဇတောင်စောင်းတစ်လျှောက်သို့ ဆက်သွား၏။ ထိုမှ နယ်နိမိတ်သည် အောက်ဗေသောရုန်မြို့၏တောင်ဘက် တောင်တန်းပေါ်ရှိ အတရုတ်အဒ္ဒါမြို့သို့ ဆင်းသွား၏။ |
ထိုအရပ်ကိုဗေသလဟုနာမည်မှည့်ခေါ်လေ သည်။ (ယခင်ကထိုမြို့ကိုလုဇဟုခေါ်တွင်၏။)-
ဗင်္ယာမိန်အနွယ်ဝင်တို့သည်ဂေဗမြို့၊ မိတ် မတ်မြို့၊ အာဣမြို့၊ ဗေသလမြို့နှင့်အနီး အနားရှိကျေးရွာများတွင်လည်းကောင်း၊-
ဣသရေလတပ်သားများတိုက်ခိုက်သဖြင့် အာမောရိတပ်သားတို့သည် တောင်ကြားလမ်း သို့ဆင်းပြေးကြစဉ်အဇေကာမြို့အထိ လမ်းတစ်လျှောက်လုံးတွင်ကောင်းကင်မှမိုးသီး လုံးကြီးများကိုသူတို့အပေါ်သို့ထာဝရ ဘုရားရွာကျစေတော်မူ၏။ မိုးသီးဒဏ် ကြောင့်သေသူတို့သည် ဣသရေလအမျိုး သားတို့၏လက်ချက်ကြောင့်သေသူတို့ ထက်ပို၍များသတည်း။
ဧဖရိမ်အနွယ်မိသားစုတို့အတွက်ခွဲဝေ ပေးသော နယ်မြေ၏နယ်နိမိတ်မှာအောက်ပါ အတိုင်းဖြစ်သည်။ အရှေ့ဘက်နယ်နိမိတ်သည် အတရုတ်အဒ္ဒါမြို့မှအစပြု၍ အရှေ့ဘက် ရှိအထက်ဗက်ဟောရုန်မြို့ကိုဖြတ်၍၊-
ထိုနောက်နယ်နိမိတ်သည်ထိုတောင်အနောက် ဘက်မှယုဒအနွယ်ပိုင်သောကိရယတ် ဗာလမြို့(သို့မဟုတ်ကိရယယာရိမ်မြို့) အထိတောင်ဘက်သို့ဆင်းလာသည်။ ဤ သည်ကားအနောက်ဘက်နယ်နိမိတ်ဖြစ်၏။-
ကိဗဇိမ်မြို့၊ ဗေသောရုန်မြို့စသည့်မြို့လေး မြို့နှင့်ပတ်ဝန်းကျင်ရှိစားကျက်များကိုရ ရှိကြသည်။-
နောက်တစ်စုသည်ဗေသောရုန်မြို့ရှိရာသို့ လည်းကောင်း၊ ကျန်တစ်စုကားဇေဘိုင်ချိုင့်ဝှမ်း နှင့်တောကန္တာရကိုမျက်နှာမူလျက်ရှိသော နယ်စပ်လမ်းသို့လည်းကောင်းလိုက်သွားကြ သည်။