ယောရှု 18:11 - Common Language Bible ဗင်္ယာမိန်အနွယ်မိသားစုတို့ရရှိမည့်နယ် မြေကိုဦးစွာသတ်မှတ်ပေးလေသည်။ သူတို့ အတွက်နယ်မြေသည်ယုဒအနွယ်နှင့် ယော သပ်အနွယ်တို့၏နယ်မြေများစပ်ကြား တွင်တည်ရှိသည်။- Garrad Bible အိမ် ထောင် အ လိုက် ဗင်္ယာ မိန့် အ နွယ် သား တို့ မဲ ကျ၍ ရ သော နယ် သည် ယု ဒ နှင့် ယော သပ် အ နွယ် သား တို့ ကြား တွင် ကျ ၏။ Judson Bible ဗင်္ယာမိန်အမျိုးသားတို့သည် စာရေးတံပြု၍ အဆွေအမျိုးအလိုက်ခံရသောမြေသည် ယုဒအမျိုးသားတို့နှင့် ယောသပ်အမျိုးသားတို့စပ်ကြားမှာကျ၏။ မြန်မာ့စံမီသမ္မာကျမ်း ပထမအကြိမ်မဲချရာတွင် ဗင်္ယာမိန်အမျိုးအနွယ်သည် မျိုးနွယ်စုအလိုက် မဲကျလေ၏။ သူတို့မဲကျသောနယ်မြေမှာ ယုဒအမျိုးသားနှင့် ယောသပ်အမျိုးသား ကြား၌နေရာကျ၏။ |
သူသည်ထိုမြို့တွင်ဂိလဒ်နယ်၊ အာရှာနယ်၊ ယေဇရေလနယ်၊ ဧဖရိမ်နယ်၊ ဗင်္ယာမိန်နယ် အစရှိသောဣသရေလပြည်တစ်ခုလုံးအတွက် ဣရှဗောရှက်အားမင်းမြှောက်လေသည်။-
ဤအထူးနယ်မြေ၏တောင်ဘက်၌အခြားအနွယ်တို့သည်အရှေ့နယ်စပ်မှအနောက်မြေထဲပင်လယ်အထိ မြေယာတစ်ခုစီကိုမြောက်မှတောင်သို့အောက်ပါအစီအစဉ်အတိုင်းရရှိရကြမည်။ ဗင်္ယာမိန် ရှိမောင် ဣသခါ ဇာဗုလုန် ဂဒ်
``သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူသော မြို့များတွင်နေထိုင် ကြသောအခါသင်၏အမျိုးသားထဲမှ၊-
ယောရှုသည်လည်းထာဝရဘုရား၏ အလိုတော်အတိုင်းဖြစ်စေရန်မဲချ ၍ဣသရေလအနွယ်တို့အားနယ်မြေ များကိုခွဲဝေပေးလေသည်။
သူတို့၏နယ်မြေမြောက်ဘက်နယ်နိမိတ်သည် ယော်ဒန်မြစ်တွင်အစပြု၍ ယေရိခေါမြို့ မြောက်ဘက်ရှိတောင်စောင်းသို့တက်ပြီးလျှင် အနောက်သို့ဗေသဝင်တောကန္တာရတိုင် အောင်တောင်ကုန်းဒေသကိုဖြတ်သန်း သွားလေသည်။-