ဂိလဒ်၏နှမ၊ ဟမ္မောလေကက်တွင် ဣရှောဒ၊ အဗျေဇာ၊ မဟာလဟူ၍သားသုံးယောက် ရှိ၏။-
ယောရှု 17:2 - Common Language Bible ယော်ဒန်မြစ်အနောက်ဘက်နယ်မြေကိုမနာ ရှေမှဆင်းသက်သောကျန်မိသားစုများရ ရှိကြသည်။ ယင်းမိသားစုတို့မှာအဗျေဇာ မိသားစု၊ ဟေလက်မိသားစု၊ အသရေလ မိသားစု၊ ရှေခင်မိသားစု၊ ဟေဖာမိသား စုနှင့်ရှမိဒမိသားစုတို့ဖြစ်ကြသည်။- Garrad Bible မ နာ ရှေ၏ အ ခြား သား အ ဗျေ ဇာ၊ ဟေ လက်၊ အ သ ရေ လ၊ ရှေ ခင်၊ ဟေ ဗာ၊ ရှ မိ ဒ တို့ အ ဆက် များ လည်း အိမ် ထောင် အ လိုက် မဲ ကျ ၍ ပိုင် ရ ကြ၏။ ထို သူ တို့ သည် ယော သပ် သား မ နာ ရှေ၏ သား စဉ် မြေး ဆက် တို့ တည်း။ Judson Bible ယောသပ်၏သား မနာရှေ၏သားယောက်ျား အခြားတည်းဟူသော အဗျေဇာသား၊ ဟေလက်သား၊ အသရေလသား၊ ရှေခင်သား၊ ဟေဖာသား၊ ရှမိဒသားတို့သည် အဆွေအမျိုးအလိုက်စာရေးတံပြု၍ ရကြသေး၏။ မြန်မာ့စံမီသမ္မာကျမ်း ကျန်ရှိသော မနာရှေ၏သားမြေးများဖြစ်သည့် အဗျေဇာအမျိုး၊ ဟေလက်အမျိုး၊ အသရေလအမျိုး၊ ရှေခင်အမျိုး၊ ဟေဖာအမျိုး၊ ရှမိဒအမျိုး တို့သည် မျိုးနွယ်စုအလိုက် အမွေမြေရကြ၏။ ဤသူတို့သည် ယောသပ်သား မနာရှေမှဆင်းသက်လာသော မျိုးနွယ်စုအလိုက် သားယောက်ျားများ ဖြစ်၏။ |
ဂိလဒ်၏နှမ၊ ဟမ္မောလေကက်တွင် ဣရှောဒ၊ အဗျေဇာ၊ မဟာလဟူ၍သားသုံးယောက် ရှိ၏။-
ယောသပ်၏သားဦးဖြစ်သောမနာရှေ၏ အဆက်အနွယ်မိသားစုအချို့တို့သည် လည်း ယော်ဒန်မြစ်အနောက်ဘက်ရှိနယ်မြေ တစ်စိတ်တစ်ဒေသကိုအပိုင်ရရှိကြလေ သည်။ ဂိလဒ်၏ဖခင်မာခိရသည်မနာရှေ ၏သားဦးဖြစ်သည်။ စစ်သူရဲကောင်းလည်း ဖြစ်သည်။ သို့ဖြစ်၍သူသည်ယော်ဒန်မြစ် အရှေ့ဘက်ရှိဂိလဒ်နယ်နှင့်ဗာရှန်နယ် တို့ကိုရရှိသည်။-
မနာရှေ၏တီ၊ မာခိရ၏မြစ်၊ ဂိလဒ်၏မြေး၊ ဟေဖာ၏သား၊ ဇလောဖဒ်တွင်သားယောကျာ်း မရှိ၊ သမီးများသာရှိသည်။ ထိုသမီးတို့ ၏နာမည်များမှာမာလာ၊ နောအာ၊ ဟော ဂလာ၊ မိလကာနှင့်တိရဇာဟူ၍ဖြစ်၏။-
ထိုနောက်ထာဝရဘုရား၏ကောင်းကင်တမန် သည်သြဖရရွာသို့လာ၍ အဗျေဇာသားချင်း စုဝင်တစ်ဦးဖြစ်သူ၊ ယောရှ၏သပိတ်ပင် အောက်၌ထိုင်လေသည်။ ယောရှ၏သားဂိဒေါင် သည် မိမိအားမိဒျန်အမျိုးသားတို့မတွေ့ မမြင်နိုင်စေရန် စပျစ်သီးနယ်ရာကျင်းတွင် ဂျုံစပါးနယ်လျက်နေ၏။-
သို့ရာတွင်ဂိဒေါင်က``သင်တို့ပြုခဲ့သမျှ နှင့်နှိုင်းယှဉ်ကြည့်လျှင် ငါပြုခဲ့သမျှသည် ဘာမျှမဖြစ်လောက်ပါ။ သင်တို့ပြုသည့် အမှုအနည်းငယ်ကပင်လျှင် ငါတို့သား ချင်းစုတစ်ရပ်လုံးပြုသည့်အမှုထက်ပို၍ တန်ဖိုးရှိပါ၏။-