ယောရှု 17:1 - Common Language Bible1 ယောသပ်၏သားဦးဖြစ်သောမနာရှေ၏ အဆက်အနွယ်မိသားစုအချို့တို့သည် လည်း ယော်ဒန်မြစ်အနောက်ဘက်ရှိနယ်မြေ တစ်စိတ်တစ်ဒေသကိုအပိုင်ရရှိကြလေ သည်။ ဂိလဒ်၏ဖခင်မာခိရသည်မနာရှေ ၏သားဦးဖြစ်သည်။ စစ်သူရဲကောင်းလည်း ဖြစ်သည်။ သို့ဖြစ်၍သူသည်ယော်ဒန်မြစ် အရှေ့ဘက်ရှိဂိလဒ်နယ်နှင့်ဗာရှန်နယ် တို့ကိုရရှိသည်။- အခန်းကိုကြည့်ပါ။Garrad Bible1 ယော သပ် သား ဦး မ နာ ရှေ့ အ နွယ် မဲ ကျ၍ ရ သော နယ် ကား၊ မ နာ ရှေ့ သား ဦး၊ ဂိ လဒ် အ ဘ မာ ခိ ရ သည် သူ ရဲ ကောင်း ဖြစ်၍ ဂိ လဒ်၊ ဗာ ရှန် နယ် များ ကို ရ လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible1 ယောသပ်၏သားဦးမနာရှေအမျိုးသားတို့သည် စာရေးတံပြု၍ အမွေခံရသော မြေဟူမူကား၊ မနာရှေ၏ သားတည်းဟူသော ဂိလဒ်၏အဘ မာခိရသည် စစ်သူရဲဖြစ်၍၊ ဂိလဒ်ပြည်နှင့် ဗာရှန်ပြည်ကိုရ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 ယောသပ်၏သားဦးမနာရှေအမျိုးအနွယ်တို့ မဲချ၍ရရှိသောအမွေမြေမှာ ဤသို့ဖြစ်၏။ မနာရှေ၏သားဦး၊ ဂိလဒ်၏ဖခင် မာခိရသည် စစ်သူရဲဖြစ်၍ ဗာရှန်ပြည်နှင့် ဂိလဒ်ပြည်ကို အမွေရ၏။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်ဂေရှုရနှင့်အာရံဘုရင်တို့သည် ထိုပြည်မှယာဣရနှင့်ကေနတ်ရွာတို့နှင့် တကွ အနီးအနားရှိမြို့များအပါအဝင် မြို့ခြောက်ဆယ်တို့ကိုတိုက်ခိုက်သိမ်းပိုက်လိုက် ကြ၏။ ထိုဒေသတွင်နေထိုင်ကြသူလူအပေါင်း တို့မှာဂိလဒ်၏ဖခင်မာခိရ၏သားမြေး များဖြစ်သတည်း။-