ထို့ကြောင့်အာဗြံသည်မိမိ၏စခန်းမှ ဟေဗြုန်မြို့ရှိမံရေသပိတ်တောသစ်ပင်များအနီးသို့ပြောင်းရွှေ့နေထိုင်ပြီးလျှင် ထိုနေရာ၌ထာဝရဘုရားအားပူဇော်ရန်ယဇ်ပလ္လင်ကိုတည်လေ၏။
ယောရှု 15:13 - Common Language Bible ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ယောရှုသည် ယုဒအနွယ်ဝင်ယေဖုန္နာ၏သား ကာလက်အားယုဒအနွယ်ပိုင်နယ်မြေမှ ဟေဗြုန်မြို့ကိုခွဲဝေပေးလေသည်။ ဟေဗြုန် မြို့သည်အာနက၏ဖခင်အာဘ၏မြို့ဖြစ် သည်။- Garrad Bible ထာ ဝ ရ ဘု ရား မိန့် တော် မူ ခဲ့ သည့် အ တိုင်း ယော ရှု သည် ယု ဒ အ နွယ် သား တို့ ပိုင် နယ် အ တွင်း၊ ယေ ဖု န္နာ့ သား ကာ လက် အား အာ န က အ ဘ အာ ဘ၏ မြို့၊ ကိ ရ ယ သာ ဘ ခေါ် ဟေ ဗြုန် မြို့ ကို အ ပိုင် ပေး၏။ Judson Bible ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ ယောရှုသည် ယုဒအမျိုးသားတို့တွင် ယေဖုန္နာ၏သား ကာလက်အဖို့ ဟေဗြုန်မြို့တည်းဟူသော အာနကအဘ၊ အာဘ၏မြို့ကို ချပေးလေ၏။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရား မိန့်တော်မူခဲ့သည့်အတိုင်း ယောရှုသည် ယေဖုန္နာ၏သားကာလက်အား ယုဒအမျိုးသားအမွေမြေထဲမှ ဟေဗြုန် ခေါ် ကိရယအာဘမြို့ကို ခွဲဝေပေးလေ၏။ အာဘသည် အာနက၏ဖခင်ဖြစ်၏။ |
ထို့ကြောင့်အာဗြံသည်မိမိ၏စခန်းမှ ဟေဗြုန်မြို့ရှိမံရေသပိတ်တောသစ်ပင်များအနီးသို့ပြောင်းရွှေ့နေထိုင်ပြီးလျှင် ထိုနေရာ၌ထာဝရဘုရားအားပူဇော်ရန်ယဇ်ပလ္လင်ကိုတည်လေ၏။
ခါနာန်ပြည်ဟေဗြုန်မြို့၌ကွယ်လွန်ရာအာဗြဟံသည် သူ့အတွက်ငိုကြွေးမြည်တမ်းလေသည်။
ထိုနောက်ဒါဝိဒ်သည်ထာဝရဘုရားအား``ကိုယ် တော့်ကျွန်သည်ယုဒမြို့တစ်မြို့မြို့သို့သွားရောက် အုပ်ချုပ်ရပါမည်လော'' ဟုမေးလျှောက်၏။ ထာဝရဘုရားက``သွားလော့'' ဟုမိန့်တော် မူလျှင်၊ ``အဘယ်မြို့သို့သွားရပါမည်နည်း'' ဟု မေးလျှောက်ပြန်၏။ ထာဝရဘုရားက``ဟေဗြုန်မြို့'' ဟုဆိုသဖြင့်၊-
ထိုမြို့တို့နှင့်သက်ဆိုင်ရာလယ်များ၊ ရွာများကို မူယေဖုန္န၏သားကာလက်ကရရှိလေသည်။-
သို့ရာတွင်ကာလက်သည်မောရှေ၏ရှေ့တွင် ညည်းညူသူတို့အား``ငါတို့သည်ယခုပင်ထို ပြည်သို့ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ကြပါ စို့။ ငါတို့သည်ထိုပြည်ကိုတိုက်ခိုက်အောင် မြင်နိုင်စွမ်းရှိပါသည်'' ဟုဆို၍လူတို့ကို ငြိမ်ဝပ်သွားစေ၏။
ထိုကာလ၌ယောရှုသည်ဟေဗြုန်မြို့၊ ဒေဗိရ မြို့၊ အာနပ်မြို့၊ ယုဒတောင်ကုန်းဒေသ၊ ဣသ ရေလတောင်ကုန်းဒေသစသောတောင်ကုန်း ဒေသများတွင်နေထိုင်သည့် ထွားကြိုင်းသော အာနကအမျိုးသားတို့ရှိရာသို့ချီတက် လေသည်။ ယောရှုသည်အာနကအမျိုးသား များကို တစ်ယောက်မကျန်သုတ်သင်၍သူ တို့မြို့များကိုမြေလှန်ဖျက်ဆီးခဲ့လေ သည်။-
ထို့ကြောင့်သူတို့သည်ယော်ဒန်မြစ်အနောက် ဘက်တွင်နဿလိတောင်ကုန်းဒေသ၊ ဂါလိလဲ နယ်ရှိကေဒေရှမြို့၊ ဧဖရိမ်တောင်ကုန်းဒေသ ရှိရှေခင်မြို့၊ ယုဒတောင်ကုန်းဒေသရှိဟေဗြုန် မြို့တို့ကိုခိုလှုံရာမြို့များအဖြစ်ရွေးချယ် သတ်မှတ်ကြသည်။-
ယုဒနယ်မြေတောင်ကုန်းဒေသရှိယခုအခါ ဟေဗြုန်မြို့ဟုနာမည်တွင်သောအာဘမြို့(အာဘ သည်အာနက၏အဖဖြစ်၏) နှင့်တကွပတ်ဝန်း ကျင်ရှိစားကျက်များကိုသူတို့အားပေးကြ၏။-
ကိရယသာဘဟုအမည်တွင်ခဲ့သည့်ဟေဗြုန် မြို့၌နေထိုင်သောခါနာန်ပြည်သားတို့ကိုလည်း သွားရောက်တိုက်ခိုက်ကြ၏။ ထိုမြို့တွင်ရှေရှဲ အဟိမန်နှင့်တာလမဲသားချင်းစုတို့ကို နှိမ်နင်းအောင်မြင်ကြလေသည်။
မောရှေမိန့်မှာခဲ့သည့်အတိုင်းကာလက်သည် ဟေဗြုန်မြို့ကိုရရှိလေသည်။ သူသည်အာနက် မှဆင်းသက်လာသောသားချင်းစုသုံးစု အားထိုမြို့မှနှင်ထုတ်လိုက်၏။-
ကျွန်တော်တို့သည်ယုဒပြည်တောင်ပိုင်းခေရသိ နယ်မြေနှင့် ကာလက်သားချင်းစု၏နယ်မြေကို တိုက်ခိုက်၍ဇိကလတ်မြို့ကိုမီးရှို့ခဲ့ကြပါ ၏'' ဟုပြန်ပြော၏။
ဟေဗြုန်မြို့မှစ၍မိမိနှင့်မိမိ၏လူစုတည်း ခိုခဲ့ဖူးသည့်မြို့ရွာရှိသမျှသို့ပေးပို့လိုက် လေသည်။