မှော်အတတ်၊စုန်းအတတ်တို့၏အကူအညီဖြင့် ဣသရေလအမျိုးသားတို့ကို၊ အဘယ်သူမျှမတိုက်ခိုက်နိုင်။ ဘုရားသခင်သည်ဣသရေလအမျိုးသား တို့အား ကျေးဇူးပြုတော်မူပုံမှာ အံ့သြဘွယ်ဟူ၍ဆိုစမှတ်ပြုကြလိမ့်မည်။
ယောရှု 13:22 - Common Language Bible ဣသရေလအမျိုးသားတို့ကွပ်မျက်ခဲ့ သောသူများတွင် ဗောရ၏သားမှော်ဆရာ ဗာလမ်လည်းပါဝင်လေသည်။- Garrad Bible ဗော ရ သား၊ မှော် ဆ ရာ ဗာ လမ် ကို လည်း ဣ သ ရေ လ အ မျိုး သား တို့ သည် ဓား ဖြင့် ကွပ် မျက် ကြ ၏။ Judson Bible ပရောဖက်လုပ်သော ဗောရသားဗာလမ်ကိုလည်း၊ အသေခံရသောသူတို့နှင့်ရော၍ ဣသရေလလူတို့သည် ဓားနှင့်ကွပ်မျက်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးအမျိုးသားတို့ ဓားဖြင့်ကွပ်မျက်ခဲ့သောသူတို့တွင် ဗောရ၏သား ဂမ္ဘီရအတတ်ပညာရှင်ဗာလမ်လည်း ပါ၏။ |
မှော်အတတ်၊စုန်းအတတ်တို့၏အကူအညီဖြင့် ဣသရေလအမျိုးသားတို့ကို၊ အဘယ်သူမျှမတိုက်ခိုက်နိုင်။ ဘုရားသခင်သည်ဣသရေလအမျိုးသား တို့အား ကျေးဇူးပြုတော်မူပုံမှာ အံ့သြဘွယ်ဟူ၍ဆိုစမှတ်ပြုကြလိမ့်မည်။
ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့ကို ကောင်းချီးပေးစေလိုကြောင်းသိမြင်သော အခါ ဗာလမ်သည်ယခင်ကကဲ့သို့ထာဝရ ဘုရားထံမှ ဗျာဒိတ်ရူပါရုံခံယူရန်မကြိုး စားတော့ချေ။ သူသည်တောကန္တာရဘက်သို့ လှည့်ကြည့်ရာ၊-
ဗာလမ်ကဗာလက်ဘုရင်အား``ယခုငါသည် ဆွေမျိုးသားချင်းတို့ထံသို့ပြန်မည်။ သို့ရာတွင် ငါပြန်၍မသွားမီဣသရေလအမျိုးသား တို့ကနောင်အခါ သင်၏အမျိုးသားတို့အား မည်ကဲ့သို့ပြုလုပ်မည့်အကြောင်းကို ငါသတိ ပေးခဲ့မည်'' ဟုဆို၏။-
မိဒျန်ဘုရင်ငါးပါးဖြစ်ကြသောဧဝိ၊ ရေ ကင်၊ ဇုရ၊ ဟုရနှင့်ရေဘတို့အပါအဝင် ယောကျာ်းအားလုံးကို သတ်ဖြတ်သုတ်သင်ခဲ့ ကြလေသည်။ ဗောရ၏သားဗာလမ်ကို လည်းသတ်ခဲ့ကြ၏။
ရုဗင်အနွယ်ဝင်တို့ပိုင်သောနယ်မြေ၏ အနောက်ဘက်နယ်နိမိတ်သည်ယော်ဒန်မြစ် ဖြစ်၏။ အထက်ဖော်ပြပါမြို့များပါဝင် သောနယ်မြေသည်ရုဗင်အနွယ်ဝင်မိသားစု တို့အတွက်ဝေစုဖြစ်သည်။
သူတို့သည်လမ်းဖြောင့်မှသွေဖီကာမှောက် မှားလမ်းလွဲကြလေပြီ။ ဗောသော်၏သား၊ ဗာလမ်၏လမ်းစဉ်ကိုလိုက်ကြပြီ။ ဗာလမ် ကားအပြစ်ပြုခြင်းဖြင့်ရရှိမည့်အခကို တပ်မက်သည်ဖြစ်၍၊-
သူတို့သည်အမင်္ဂလာရှိပါသည်တကား။ သူ တို့သည်ကာဣန၏လမ်းစဉ်ကိုလိုက်ကြလေ ကုန်ပြီ။ ငွေကိုစုံမက်သဖြင့်ဗာလမ်၏အမှား မျိုးကိုပြုကြလေကုန်ပြီ။ ကောရကဲ့သို့ တော်လှန်ပုန်ကန်ကြသဖြင့် ဆုံးရှုံးပျက်စီး ကြကုန်၏။-
သားရဲနှင့်တကွသူ၏ရှေ့တွင်နိမိတ်လက္ခဏာ များကိုပြသောမိစ္ဆာပရောဖက်သည်အဖမ်းခံ ရ၏။ (ထိုမိစ္ဆာပရောဖက်ကားသားရဲ၏အမှတ် တံဆိပ်ကိုခံယူ၍ သူ၏ရုပ်တုကိုရှိခိုးသူများ အားနိမိတ်လက္ခဏာများကိုပြခြင်းအားဖြင့် မှောက်မှားလမ်းလွဲစေသူဖြစ်သတည်း။) ထိုသူ နှစ်ဦးစလုံးပင်လျှင်တောက်လောင်နေသောကန့် မီးအိုင်ထဲသို့အရှင်လတ်လတ်ပစ်ချခြင်းကို ခံရကြ၏။-
သို့ရာတွင်သင်တို့အထဲတွင်ဗာလမ်၏အယူ ဝါဒကိုလိုက်လျှောက်သူများရှိနေသဖြင့် သင့်အားအပြစ်ဆိုစရာအနည်းငယ်ရှိ၏။ ဣသရေလအမျိုးသားတို့သည်ရုပ်တုပူဇော် ရာအစားအစာများကိုစားကြစေရန်နှင့် ကာမဂုဏ်ကိုလိုက်စားကြစေရန်ဗာလမ်က ဗာလက်မင်းအားသင်ကြားပေး၏။-