လူကိုဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်တူစွာဖန်ဆင်းတော်မူသဖြင့် လူကိုသတ်သောသူအားလူ့လက်ဖြင့်သတ်လိမ့်မည်။
ယောန 1:14 - Common Language Bible ထိုအခါသင်္ဘောသားများကထာဝရဘုရားအား``အို ထာဝရဘုရား၊ ဤသူအသက်ဆုံးရှုံးရသည့်အတွက် အကျွန်ုပ်တို့အားသေဒဏ်ခတ်တော်မမူပါရန်ပန်ကြားပါ၏။ အို ထာဝရဘုရား၊ ဤအမှုသည်အလိုတော်အရကိုယ်တော်တိုင်ပြုတော်မူသောအမှုဖြစ်ပါ၏'' ဟုဟစ်အော်လျှောက်ထားကြ၏။- Garrad Bible ထို ကြောင့်၊ ထာ ဝ ရ ဘု ရား အား ဟစ်၍၊ အို ထာ ဝ ရ ဘု ရား၊ ဤ သူ၏ အ သက် ကြောင့် အ ကျွန်ုပ် တို့ သည် ပျက် စီး ခြင်း သို့ မ ရောက် ရ ပါ စေ နှင့်။ အ ပြစ် ကင်း သော သူ၏ အ သွေး ကို အ ကျွန်ုပ် တို့ အ ပေါ် သို့ တင် တော် မ မူ ပါ နှင့်။ အ သို့ ဆို သော်၊ ကိုယ် တော် သည် အ လို တော် အ တိုင်း ပြု တော် မူ ပါ ပြီ ဘု ရား ဟု ဆု တောင်း ပြီး မှ၊ ယော န ကို ယူ ၍ ပင် လယ် ထဲ သို့ ပစ် ချ ကြ ၏။ Judson Bible အို ထာဝရဘုရား၊ အကျွန်ုပ်တို့သည် တောင်းပန်ပါ၏။ ဤသူ၏အသက်ကြောင့် အကျွန်ုပ်တို့သည် အကျိုးနည်းမဖြစ်ပါစေနှင့်။ အပြစ်မရှိသောသူ၏အသက် သတ်သောအပြစ်ကို အကျွန်ုပ်တို့၌ တင်တော်မမူပါနှင့်။ အို ထာဝရဘုရား၊ ကိုယ်တော်သည် အလိုရှိတော်မူသည်အတိုင်း ပြုတော်မူ၏ဟု ထာဝရဘုရားအား ကြွေးကြော်တောင်းပန်ပြီးမှ၊ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ သူတို့က “အို ထာဝရဘုရား၊ ဤသူ၏အသက်ကြောင့် အကျွန်ုပ်တို့ကိုပါ ဖျက်ဆီးတော်မမူပါနှင့်။ အပြစ်မဲ့သောသူအား သတ်သောအပြစ်ကို အကျွန်ုပ်တို့အပေါ် ကျရောက်စေတော်မမူပါနှင့်။ ထာဝရဘုရား၊ ကိုယ်တော်သည် အလိုတော်အတိုင်း ပြုတော်မူပါပြီ”ဟု ထာဝရဘုရားထံ အော်ဟစ်ပြောဆိုကြ၏။ |
လူကိုဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်တူစွာဖန်ဆင်းတော်မူသဖြင့် လူကိုသတ်သောသူအားလူ့လက်ဖြင့်သတ်လိမ့်မည်။
ထိုအခါသူတို့သည်ဒုက္ခရောက်ကြသဖြင့် ထာဝရဘုရားထံအော်ဟစ်ကြရာ ကိုယ်တော်သည်သူတို့အားဒုက္ခမှကယ်တော် မူ၏။
ငါတို့ဘုရားသည်ကောင်းကင်ဘုံတွင်ရှိတော်မူ၍ အလိုတော်အရခပ်သိမ်းသောအမှုတို့ကို ပြုတော်မူ၏။
ကိုယ်တော်သည်ကောင်းကင်နှင့်ကမ္ဘာ မြေကြီးပေါ်၌လည်းကောင်း၊ ပင်လယ်နှင့်ပင်လယ်အောက်နက်ရှိုင်းရာ အရပ်တို့၌လည်းကောင်း အလိုတော်အရခပ်သိမ်းသောအမှုတို့ကို ပြုတော်မူ၏။
အို ထာဝရဘုရားကိုယ်တော်ရှင်သည်မိမိ၏ လူမျိုးတော်အားအပြစ်ဒဏ်ခတ်တော်မူသဖြင့်၊ သူတို့သည်ပြင်းစွာစိတ်ဒုက္ခရောက်လျက် အထံတော်သို့ဆုတောင်းပတ္ထနာ ပြုကြပါ၏။
သို့ရာတွင်သင်္ဘောသားတို့သည်ယောနအားပင်လယ်ထဲသို့ပစ်ချမည့်အစား သင်္ဘောကိုကမ်းဘက်သို့ရောက်ရန်အစွမ်းကုန်ကြိုးစားလှော်ခတ်ကြ၏။ သို့သော်လည်းလေမုန်တိုင်းသည်ပြင်းထန်သည်ထက်ပြင်းထန်၍လာသဖြင့် သူတို့သည်အဘယ်သို့မျှမတတ်နိုင်ကြတော့ချေ။-
ယင်းသို့ငြိမ်သက်သွားသောအခါသင်္ဘောသားတို့သည် ထာဝရဘုရားကိုလွန်စွာကြောက်လန့်လာကြသဖြင့် ယဇ်ပူဇော်ကြပြီးလျှင်ကိုယ်တော်အားသစ္စာကတိပြုကြ၏။
သင်္ဘောသားတို့သည်ကြောက်လန့်လျက် မိမိတို့ယုံကြည်ကြသောဘုရားများထံသို့သူတို့အား ကယ်တင်ပါရန်ဆုတောင်းကြ၏။ ထိုနောက်သင်္ဘောဝန်ပေါ့စေရန် ကုန်စည်များကိုရေထဲသို့ပစ်ချကြ၏။ ထိုအချိန်တွင်ယောနသည်သင်္ဘောဝမ်းထဲသို့ဆင်း၍အိပ်ပျော်လျက်နေ၏။
လူနှင့်တိရစ္ဆာန်အပေါင်းတို့သည်လျှော်တေ ကိုဝတ်ရကြမည်။ လူတိုင်းပင်စိတ်အားထက် သန်စွာဘုရားသခင်ထံဆုတောင်းရမည်။ ထို့ပြင်မိမိတို့၏မကောင်းမှုများနှင့်အဋ္ဌမ္မ မှုများကိုစွန့်ပစ်ရကြမည်။-
အို အဖခမည်းတော်၊ ဤသို့ဖြစ်ရသည်မှာကိုယ်တော် ရှင်၏အလိုတော်အတိုင်းပင်ဖြစ်ပါ၏'' ဟုမြွက်ဆို တော်မူသည်။
သူ၏လက်မှတန်းလန်းကျနေသောမြွေ ကိုကျွန်းသူကျွန်းသားတို့မြင်လျှင် ``ဤသူ ကားသူသတ်သမားဖြစ်တန်ရာ၏။ ပင်လယ် တွင်အသက်ဘေးမှလွတ်မြောက်ခဲ့သော်လည်း တရားမျှတမှုကသူ့အားအသက်ရှင် ခွင့်မပြု'' ဟုအချင်းချင်းပြောဆိုကြ၏။-
ခပ်သိမ်းသောအရာတို့သည်ဘုရားသခင်၏ အကြံအစည်တော်နှင့်အညီကိုယ်တော်စီရင် ဆုံးဖြတ်တော်မူသည်အတိုင်းဖြစ်ပျက်ကြ ရ၏။ ဘုရားသခင်သည်မိမိအလိုတော် အရရှေးမဆွက ပြုတော်မူသည့်စီရင် ဆုံးဖြတ်ချက်ကိုအခြေခံ၍ ငါတို့အား ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်စေ လျက် မိမိ၏လူစုတော်အဖြစ်ဖြင့်ရွေး ချယ်တော်မူပေသည်။-
မိမိရည်ရွယ်ချက်အတိုင်းပြုတော်မူ၏။ ခရစ်တော်အားဖြင့်နက်နဲသောအကြံ အစည်တော်ကိုငါတို့အားသိစေတော်မူပြီ။-
အို ထာဝရဘုရား၊ ကိုယ်တော်အီဂျစ်ပြည် မှကယ်တင်ခဲ့သော ဣသရေလလူမျိုး၏ အပြစ်ကိုလွှတ်တော်မူပါ။ အကျွန်ုပ်တို့၏ အပြစ်ကိုလွှတ်တော်မူပါ။ အပြစ်မဲ့သူ တစ်ယောက်ကိုသတ်သောအပြစ်သည် အကျွန်ုပ် တို့အပေါ်တွင်မကျရောက်ပါစေနှင့်' ဟု ဆိုရမည်။-