Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယော​န 1:13 - Common Language Bible

13 သို့​ရာ​တွင်​သင်္ဘော​သား​တို့​သည်​ယော​န​အား​ပင်​လယ်​ထဲ​သို့​ပစ်​ချ​မည့်​အ​စား သင်္ဘော​ကို​ကမ်း​ဘက်​သို့​ရောက်​ရန်​အ​စွမ်း​ကုန်​ကြိုး​စား​လှော်​ခတ်​ကြ​၏။ သို့​သော်​လည်း​လေ​မုန်​တိုင်း​သည်​ပြင်း​ထန်​သည်​ထက်​ပြင်း​ထန်​၍​လာ​သ​ဖြင့် သူ​တို့​သည်​အ​ဘယ်​သို့​မျှ​မ​တတ်​နိုင်​ကြ​တော့​ချေ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 သင်္ဘော သား တို့ သည် ကမ်း သို့ ရောက် အံ့ သော ငှာ ကြိုး စား ခတ် ကြ သော် လည်း၊ သူ တို့ တစ် ဘက်၌ လှိုင်း တံ ပိုး တိုး၍ ထ သော ကြောင့်၊ မ ရောက် နိုင်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 သင်္ဘော​သား​တို့​သည် ကမ်း​သို့​ရောက်​အံ့​သော​ငှာ ပင်​ပန်း​စွာ တက်​ခတ်​ကြ၏။ သို့​ရာ​တွင်၊ သူ​တို့​တစ်​ဖက်၌ လှိုင်း​တံ​ပိုး​တိုး၍ ထ​သော​ကြောင့်၊ သူ​တို့​သည် မ​တတ်​နိုင်​သော​အ​ခါ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 လူ​တို့​သည် ကမ်း​သို့​ရောက်​အောင် ကြိုးစား​လှော်ခတ်​ကြ​သေး​၏​။ သို့သော် ပင်လယ်ပြင်​တွင် လေမုန်တိုင်း​ပိုမို​ပြင်းထန်​လာ​သဖြင့် ကမ်း​သို့ မ​ရောက်​နိုင်​ကြ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​န 1:13
4 ပူးပေါင်းရင်းမြစ်များ  

ဘုရားသခင်သည်ချမ်းသာပေးတော်မူလျှင် အဘယ်သူနှောင့်ရှက်နိုင်သနည်း။ မျက်နှာလွှဲတော်မူလျှင် လူတမျိုးလုံးဖြစ်စေ၊ တယောက် တည်းဖြစ်စေ၊ အဘယ်သူသည် မျက်နှာတော်ကို ဖူးမြင် နိုင်သနည်း။


ထာဝရဘုရားတဘက်၌ ဥာဏ်မတည်၊ ပညာ မတည်၊ အကြံတစုံတခုမျှ မတည်နိုင်။


ယော​န​က``ငါ့​ကို​ပင်​လယ်​ထဲ​သို့​ပစ်​ချ​ကြ​လော့။ သို့​ပြု​လျှင်​လေ​မုန်​တိုင်း​သည်​ငြိမ်​သွား​လိမ့်​မည်။ သင်​တို့​လေ​ပြင်း​မုန်​တိုင်း​မိ​ရ​ကြ​သည်​မှာ​ငါ​၏​အ​ပြစ်​ကြောင့်​ဖြစ်​ကြောင်း​ငါ​သိ​ပါ​၏'' ဟု​ဖြေ​၏။


ထို​အ​ခါ​သင်္ဘော​သား​များ​က​ထာ​ဝ​ရ​ဘု​ရား​အား``အို ထာ​ဝ​ရ​ဘု​ရား၊ ဤ​သူ​အ​သက်​ဆုံး​ရှုံး​ရ​သည့်​အ​တွက် အ​ကျွန်ုပ်​တို့​အား​သေ​ဒဏ်​ခတ်​တော်​မ​မူ​ပါ​ရန်​ပန်​ကြား​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ဤ​အ​မှု​သည်​အ​လို​တော်​အ​ရ​ကိုယ်​တော်​တိုင်​ပြု​တော်​မူ​သော​အ​မှု​ဖြစ်​ပါ​၏'' ဟု​ဟစ်​အော်​လျှောက်​ထား​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ