ဖန်ဆင်းတော်မူသော လူအပေါင်းတို့သည် ကိုယ်တော်ကို သိမည်အကြောင်း လူတိုင်းလုပ်သော အလုပ်ကို ဆီးတားတော်မူ၏။
ယောဘဝတ္တု။ 9:7 - Common Language Bible နေကိုမှာထားတော်မူ၍ သူသည်မထွက်ရ။ ကြယ်တို့ကိုလည်း ကွယ်ထားတော်မူ၏။ Garrad Bible နေ ကို မြစ် တား တော် မူ၍ မ ထွက်၊ ကြယ် များ ကို လည်း ကာ ရံ၍ တံ ဆိပ် ခတ် ပိတ် တော် မူ၏။ Judson Bible နေကိုမှာထားတော်မူ၍ သူသည်မထွက်ရ။ ကြယ်တို့ကိုလည်း ကွယ်ထားတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း နေကို အမိန့်ပေးတော်မူသဖြင့် နေမထွက်။ ကြယ်တို့ကိုလည်း ချိပ်ပိတ်ထားတော်မူ၏။ |
ဖန်ဆင်းတော်မူသော လူအပေါင်းတို့သည် ကိုယ်တော်ကို သိမည်အကြောင်း လူတိုင်းလုပ်သော အလုပ်ကို ဆီးတားတော်မူ၏။
ကြယ်နက္ခတ်အပေါင်းတို့သည်မတောက်ဘဲ နေလိမ့်မည်။ နေထွက်လာသောအခါမှောင် လျက်နေလိမ့်မည်။ လသည်လည်းအလင်း ရောင်ကိုပေးလိမ့်မည်မဟုတ်။
ကမ္ဘာသူကမ္ဘာသားအပေါင်းတို့သည်ရှေ့ တော်၌ အမှုမထားလောက်သကဲ့သို့ဖြစ်ပါ၏။ ကိုယ်တော်သည်ကောင်းကင်ဘုံရှိ ကောင်းကင်တမန်များကိုလည်းကောင်း၊ ကမ္ဘာမြေပေါ်ရှိလူတို့ကိုလည်းကောင်း စိုးမိုးအုပ်ချုပ်တော်မူပါ၏။ အဘယ်သူမျှကိုယ်တော်၏အလိုတော်ကို မဆန့်ကျင်နိုင်ပါ။ ကိုယ်တော်အဘယ်သို့ပြုတော်မူသည်ကို လည်း မစစ်ဆေးမမေးမြန်းနိုင်ပါ။
တောင်များကိုတည်၍လေအဟုန်တို့ကို ဖန်ဆင်းသောအရှင်သည်ဘုရားသခင်ပင် ဖြစ်၏။ ကိုယ်တော်ရှင်သည်မိမိ၏အကြံအစည် တော်တို့ကို လူသားတို့အားသိစေတော်မူပြီ။ နေ့ချိန်တာကိုညဦးယံအဖြစ်သို့ကူးပြောင်း စေခဲ့ပြီ။ ကမ္ဘာမိုးမြေအထွတ်အထိပ်တွင်အုပ်စိုးလျက် နေတော်မူပြီ။ ကိုယ်တော်၏ဘွဲ့နာမတော်ကားကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရဘုရားပေတည်း။
ငါသည်ထိုနေ့တွင်မွန်းတည့်အချိန်၌နေကို ဝင်စေပြီးနေ့အချိန်မှာပင် မြေတစ်ပြင်လုံး ၌အမှောင်ဖုံးသွားစေမည်ဟုအရှင်ထာဝရ ဘုရားမိန့်တော်မူ၏။-
``ထိုသို့ဆင်းရဲဒုက္ခများကျရောက်လာပြီးနောက် ချက်ချင်းပင်နေသည်မှောင်မိုက်သွားလိမ့်မည်။ လ သည်အလင်းရောင်ပေးလိမ့်မည်မဟုတ်။ ကြယ်များ သည်ကောင်းကင်မှကြွေလိမ့်မည်။ ကောင်းကင်နက္ခတ် များသည်လမ်းပြောင်းကြလိမ့်မည်။-
အာမောရိတပ်သားများကိုဣသရေလ အမျိုးသားတို့လက်သို့ ထာဝရဘုရား အပ်တော်မူသောနေ့၌ယောရှုက၊ ``အသင်နေမင်း၊ဂိဗောင်မြို့ပေါ်တွင်ရပ် တန့်၍နေလော့။ အသင်လမင်း၊အာဂလုန်မြို့ချိုင့်ဝှမ်းတွင် ရပ်တန့်၍နေလော့'' ဟု ဣသရေလအမျိုးသားတို့ရှေ့၌မြွက်ဆို၏။
ဣသရေလအမျိုးသားတို့ကရန်သူများ ကိုအောင်မြင်စွာနှိမ်နင်းပြီးသည်အထိ နေ နှင့်လတို့သည်မရွေ့လျားဘဲရပ်တန့်၍နေ ကြ၏။ ထိုအကြောင်းကိုယာရှာ၏စာစောင် တွင်ဖော်ပြထားလေသည်။ တစ်နေ့လုံးနေ သည်မဝင်ဘဲကောင်းကင်အလယ်တွင်ရပ် တန့်၍နေ၏။-