ယောရှု 10:13 - Common Language Bible13 ဣသရေလအမျိုးသားတို့ကရန်သူများ ကိုအောင်မြင်စွာနှိမ်နင်းပြီးသည်အထိ နေ နှင့်လတို့သည်မရွေ့လျားဘဲရပ်တန့်၍နေ ကြ၏။ ထိုအကြောင်းကိုယာရှာ၏စာစောင် တွင်ဖော်ပြထားလေသည်။ တစ်နေ့လုံးနေ သည်မဝင်ဘဲကောင်းကင်အလယ်တွင်ရပ် တန့်၍နေ၏။- အခန်းကိုကြည့်ပါ။Garrad Bible13 လူ မျိုး တော် သည် ရန် သူ တို့ ကို လက် စား မ ချေ ရ မ ချင်း၊ နေ မင်း ရပ် လျက်၊ လ မင်း ဆိုင်း သည် ဟု ယာ ရှာ ဧ ချင်း ဖွဲ့ ဆို သည် နှင့် အ ညီ၊ နေ သည် ဝင် မြဲ မ ဝင်၊ ကောင်း ကင် အ လယ် နေ့ သ ဖွယ် ရပ် တန့်၏။ အခန်းကိုကြည့်ပါ။Judson Bible13 ဣသရေလလူတို့သည် ရန်သူတို့အား အပြစ်ဒဏ်မပေးမီတိုင်အောင် နေသည် ငြိမ်ဝပ်စွာနေ၍ လသည်ရပ်လေ၏။ ယာရှာ၏စာ၌ပါသည်ကား၊ မိုးကောင်းကင်အလယ်၌ နေသည်ရပ်နေ၏။ ဝင်မြဲဝင်အံ့သောငှာ တစ်နေ့လုံးအလျှင်းမပြုဟု ပါသည်မဟုတ်လော။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း13 လူမျိုးတော်တို့သည် ရန်သူတို့ကို လက်တုံ့ပြန်ပြီးသည်အထိ နေသည် ငြိမ်ဝပ်လျက်၊ လသည် တန့်လျက် နေ၏။ ထိုအကြောင်းကို ယာရှာစာအုပ်၌ ရေးဖွဲ့ထား၏။ နေသည် တစ်နေ့လုံး မရွေ့မလျား ကောင်းကင်အလယ်၌ တန့်လျက်နေ၏။ အခန်းကိုကြည့်ပါ။ |
အနန္တတန်ခိုးရှင်ထာဝရဘုရားသည်နန်း စံတော်မူတော့မည်ဖြစ်၍ လသည်မိုက်လျက် နေလိမ့်မည်။ နေသည်လည်းနောက်တစ်ဖန်ထွန်း လင်းတော့မည်မဟုတ်။ ကိုယ်တော်သည်ယေရု ရှလင်မြို့၊ ဇိအုန်တောင်ပေါ်တွင်စိုးစံတော် မူလိမ့်မည်။ ပြည်သူတို့၏ဦးစီးခေါင်းဆောင် များသည်လည်း ကိုယ်တော်၏ဘုန်းအသရေ တော်ကိုဖူးမြင်ရကြလိမ့်မည်။
ဣသရေလတပ်သားများတိုက်ခိုက်သဖြင့် အာမောရိတပ်သားတို့သည် တောင်ကြားလမ်း သို့ဆင်းပြေးကြစဉ်အဇေကာမြို့အထိ လမ်းတစ်လျှောက်လုံးတွင်ကောင်းကင်မှမိုးသီး လုံးကြီးများကိုသူတို့အပေါ်သို့ထာဝရ ဘုရားရွာကျစေတော်မူ၏။ မိုးသီးဒဏ် ကြောင့်သေသူတို့သည် ဣသရေလအမျိုး သားတို့၏လက်ချက်ကြောင့်သေသူတို့ ထက်ပို၍များသတည်း။
ထိုအခါရှံဆုန်က``အို အရှင်ထာဝရဘုရား၊ အကျွန်ုပ်ကိုအောက်မေ့သတိရတော်မူပါ။ အို ဘုရားသခင်၊ အကျွန်ုပ်၏မျက်စိနှစ်လုံးကို ဖောက်ပစ်သည့်အတွက် ဖိလိတ္တိအမျိုးသားတို့ အားတစ်ချက်တည်းဖြင့်လက်စားချေနိုင်ရန် အကျွန်ုပ်အားဤတစ်ကြိမ်သာလျှင်ခွန်အား ကိုပြန်လည်ရရှိစေတော်မူပါ'' ဟုဆု တောင်းပတ္ထနာပြုလေသည်။-