ယောဘသည် အဆွေခင်ပွန်းတို့အဘို့ ဆုတောင်းပြီးမှ၊ သူခံရသောဒုက္ခအကြောင်းကို ထာဝရ ဘုရားသည် ပယ်ရှင်း၍၊ အရင်ထက် နှစ်ဆသောဥစ္စာကို ပေးတော်မူ၏။
ယောဘဝတ္တု။ 8:7 - Common Language Bible သင်သည်အစဦး၌ ငယ်သော်လည်း၊ နောက်ဆုံး၌ အလွန်ကြီးပွါးလိမ့်မည်။ Garrad Bible အ စ အ ဦး၌ သိမ် ဖျင်း သော် လည်း၊ အ ဆုံး၌ များ စွာ တိုး ပွား လိမ့် သ တည်း။ Judson Bible သင်သည် အစအဦး၌ ငယ်သော်လည်း၊ နောက်ဆုံး၌ အလွန်ကြီးပွားလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း သင်သည် အစတွင် သိမ်ငယ်နေရသော်လည်း အဆုံးတွင် အလွန်ကြီးပွားလိမ့်မည်။ |
ယောဘသည် အဆွေခင်ပွန်းတို့အဘို့ ဆုတောင်းပြီးမှ၊ သူခံရသောဒုက္ခအကြောင်းကို ထာဝရ ဘုရားသည် ပယ်ရှင်း၍၊ အရင်ထက် နှစ်ဆသောဥစ္စာကို ပေးတော်မူ၏။
ထိုသို့နှိမ့်ချလျက်ရှိသောသူတို့ကို ချီးမြှောက်တော်မူ၏။ ငြိုငြင်သောသူတို့ကိုလည်း ဝမ်းသာစေတော် မူ၏။
နောက်ဆုံးကာလ၌ ပညာရှိဖြစ်လိုသောငှါ၊ ဆုံးမသော စကားကို နားထောင်၍ နည်းဥပဒေကို ခံယူ လော့။
ဖြောင့်မတ်သောသူတို့၏လမ်းသည် တက်သော အာရုဏ်ကဲ့သို့ဖြစ်၍၊ နေထွက်သည်တိုင်အောင် တိုးပွါး ထွန်းလင်းတတ်၏။
မှောင်မိုက်လည်းရှိတော့မည်မဟုတ်၊ ထူးခြား သောနေ့ဖြစ်မည်။ ညဥ့်အချိန်၌ပင်လျှင် အစဉ်အမြဲနေရောင်လင်း၍နေလိမ့်မည်။ အဘယ်အခါ၌ဤသို့ဖြစ်ပျက်လာမည် ကိုမူ ထာဝရဘုရားတစ်ပါးတည်းသာ လျှင်သိတော်မူ၏။
သူသည်ဗိမာန်တော်ဆောက်လုပ်ရာတွင် တိုး တက်မှုနှေးကွေးသည့်အတွက်စိတ်ပျက်ကြ သော်လည်း ဗိမာန်တော်ကိုဇေရုဗဗေလသည် ချိန်ကြိုးကိုင်လျက် ဆက်လက်တည်ဆောက်လျက် နေကြောင်းကိုတွေ့မြင်ရသောအခါ၌မူ ဝမ်းမြောက်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ ကောင်းကင်တမန်ကငါ့အား``မီးခွက်ခုနစ် ခုသည်ကမ္ဘာမြေကြီးတစ်ခုလုံးကိုတွေ့ မြင်နိုင်သော ထာဝရဘုရား၏မျက်စိ ခုနစ်လုံးဖြစ်၏'' ဟုပြော၏။
ဘုရားသခင်သည်ရှိသူအားပိုလျှံသည့်တိုင်အောင် ထပ်လောင်း၍ပေးတော်မူ၍မရှိသူထံမှရှိသမျှ ကိုပင်ရုပ်သိမ်းတော်မူလိမ့်မည်။-
တောကန္တာရထဲတွင်သင်တို့၏ဘိုးဘေးများမစား ဘူးသောမန္နမုန့်ကိုကျွေးတော်မူ၏။ နောက်ဆုံး၌ သင်တို့ကောင်းချီးခံစားရစေရန် သင်တို့အား ဆင်းရဲဒုက္ခရောက်စေတော်မူ၏။ ထိုသို့ဆင်းရဲဒုက္ခ ရောက်စေရခြင်းအကြောင်းမှာ သင်တို့ကိုစစ် ဆေးရန်ဖြစ်၏။-
အကယ်၍လူတို့သည်ငါတို့အရှင်သခင် နှင့်ကယ်တင်ရှင်ဖြစ်တော်မူသောယေရှုခရစ် ကိုသိကျွမ်းရခြင်းအားဖြင့် လောကီညစ်ညမ်း မှုများမှလွတ်မြောက်ကြပြီးနောက်တစ်ဖန် ပြန်၍ ထိုညစ်ညမ်းမှုများ၏ကျွန်ဖြစ်ပါမူ ထိုသူတို့၏နောက်ဆုံးအခြေအနေသည် လက်ဦးအခြေအနေထက်ဆိုးရွားလေ တော့သည်။-