ယောဘဝတ္တု။ 8:17 - Common Language Bible အမြစ်အားဖြင့် စမ်းရေတွင်းကိုဝိုင်း၍ ကျောက် ထူသောအရပ်ကို တွေ့မြင်လျက်ရှိသော်လည်း၊ Garrad Bible အ မြစ် လည်း မြေ စာ ပုံ ကို ပတ် စွဲ၍၊ ကျောက် ရှိ ရာ ကို သိ မြင် တတ် သော် လည်း၊ Judson Bible အမြစ်အားဖြင့် စမ်းရေတွင်းကိုဝိုင်း၍ ကျောက်ထူသောအရပ်ကို တွေ့မြင်လျက်ရှိသော်လည်း၊ မြန်မာ့စံမီသမ္မာကျမ်း သူ၏အမြစ်များသည် ကျောက်ပုံကို ရစ်ပတ်ထားပြီး ကျောက်တုံးများကြားတွင် နေရာရှာတတ်၏။ |
သူ့ကိုသုတ်သင်ပယ်ရှင်း၍၊ မိမိနေရာအရပ်က သင်သည်ငါမတွေ့မမြင်စဖူးဟူ၍ သူ့ကိုငြင်းပယ်လိမ့်မည်။
သူတို့သည်စိုက်ပျိုး၍အမြစ်စွဲကာစ အပင်ငယ်များနှင့်တူကြ၏။ ထာဝရဘုရားသည်လေကိုတိုက်စေတော်မူ သောအခါ၊ ထိုအပင်တို့သည်ခြောက်သွေ့၍ဖွဲသဖွယ် လွင့်ပါသွားကုန်၏။
ထို့ကြောင့်ကောက်ရိုးနှင့်မြက်ခြောက်တို့သည် မီး လျှံတွင်တွန့်လိမ်လောင်ကျွမ်းသွားသကဲ့သို့၊ သင်တို့၏အမြစ်များသည်ဆွေးမြေ့လျက် အပွင့်များသည်လည်းခြောက်သွေ့လွင့်စင်လျက် သွားလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သင်တို့ သည်ငါတို့အား ဣသရေလအမျိုးသားတို့ ၏သန့်ရှင်းမြင့်မြတ်တော်မူသောအနန္တတန်ခိုး ရှင်ထာဝရဘုရားဟောပြောသွန်သင်တော်မူ သည့်တရားတော်ကိုပစ်ပယ်ကြသောကြောင့် ဖြစ်၏။-
နောက်တစ်နေ့နံနက်စောစောအချိန်၌ ကိုယ်တော် နှင့်တပည့်တော်တို့သည်လမ်းတွင်လျှောက်သွားကြ စဉ် သင်္ဘောသဖန်းပင်ကိုမြင်ကြ၏။ ထိုအပင်သည် အမြစ်မှစ၍တစ်ပင်လုံးခြောက်သွေ့ညှိုးနွမ်း လျက်နေ၏။-
သူတို့သည်အရှက်အကြောက်ကင်းမဲ့စွာ ပျော်ရွှင်သောက်စားလျက် သင်တို့၏မိတ်သဟာ ယပွဲများတွင်သင်တို့၏ဂုဏ်သိက္ခာကိုညစ် စွန်းစေကြ၏။ ထိုသူတို့ကားကိုယ်ကျိုးကို သာကြည့်တတ်သူများတည်း။ သူတို့သည် မိုးရေမပါဘဲ လေတိုက်ရာသို့လွင့်ပါသွား တတ်သောမိုးတိမ်နှင့်လည်းကောင်း၊ ဆောင်း ဦးကာလတွင်အသီးမသီး၊ အမြစ်မှ ဆွဲနှုတ်ထားသည့်နှစ်ပြန်သေသစ်ပင်နှင့် လည်းကောင်းတူကြ၏။-