ဆိုးသောသူသည်ကြာမြင့်စွာကာလ မဝါကြွားရ ကြောင်းကို၎င်း၊ အဓမ္မလူသည် ခဏသာဝမ်းမြောက် ကြောင်းကို၎င်း မသိသလော။
ယောဘဝတ္တု။ 8:12 - Common Language Bible ထိုအပင်သည် စိမ်းလျက်မရိတ်မဖြတ်သော်လည်း၊ အခြားအပင် ထက်သာ၍ ညှိုးနွမ်းတတ်၏။ Garrad Bible ထို အ ပင် သည် မ ဆွဲ မ နုတ် သည့် အ ခါ၊ စိမ်း လန်း လျက် ရှိ သေး စဉ်၊ အ ပင် တ ကာ ထက် လွယ် ကူ စွာ ညှိုး နွမ်း တတ်၏။ Judson Bible ထိုအပင်သည် စိမ်းလျက် မရိတ်မဖြတ်သော်လည်း၊ အခြားအပင်ထက်သာ၍ ညှိုးနွမ်းတတ်၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအပင်သည် ခုတ်ပစ်ခြင်းကိုမခံရ၊ စိမ်းစိုလျက်ရှိနေစဉ်မှာပင် အခြားအပင်တို့ထက်အလျင် ခြောက်သွေ့သွားတတ်၏။ |
ဆိုးသောသူသည်ကြာမြင့်စွာကာလ မဝါကြွားရ ကြောင်းကို၎င်း၊ အဓမ္မလူသည် ခဏသာဝမ်းမြောက် ကြောင်းကို၎င်း မသိသလော။
ဂမာပင်သည် ရွံ့မရှိဘဲကြီးပွားနိုင်သလော။ မြစ်နားမှာ ပေါက်သောမြက်ပင်သည် ရေမရှိဘဲ ကြီးပွား နိုင်သလော။
ထိုသို့ဘုရားသခင်ကို မေ့လျော့သော သူ အပေါင်းတို့သည် ဆုံးခြင်းသို့ရောက်ရကြလိမ့်မည်။ အဓမ္မလူ မြော်လင့်စရာအကြောင်းသည် ပျက်လိမ့်မည်။
မြစ်ဝကျွန်းပေါ်ဒေသရှိချောင်းမြောင်းများ သည်လည်း တဖြည်းဖြည်းခန်းခြောက်ကာပုပ် စော်နံ၍လာလိမ့်မည်။ ကူပင်ကိုင်းပင်များ သည်ခြောက်သွေ့သွားကြလိမ့်မည်။-
ထိုသူသည်အခြားအဘယ်အပင်မျှမပေါက် သည့် တောကန္တာရမြေရိုင်းတွင်ပေါက်သည့်ခြုံပုတ် နှင့်တူ၏။ သူသည်အဘယ်ကောင်းကျိုးကိုမျှမခံစားရ။''
ကျောက်ခံမြေတွင်ကျသည့်မျိုးစေ့သည်တရားတော် ကိုကြားလျှင်ကြားချင်းဝမ်းမြောက်စွာခံယူသူတို့ ကိုဆိုလို၏။-
``လူသားအပေါင်းတို့သည်မြက်ပင်နှင့်လည်း ကောင်း၊ သူတို့၏ဘုန်းအသရေသည်မြက်ပွင့် နှင့်လည်းကောင်းတူကြ၏။ မြက်ပင်သည်ညှိုးနွမ်းခြောက်သွေ့၍သွားတတ်၏။ မြက်ပွင့်များသည်လည်းကြွေ၍ကျတတ်၏။