ထို့ကြောင့် ငါသည်ကိုယ်နှုတ်ကို မချုပ်တည်း။ စိတ်ပင်ပန်းလျက်နှင့်စကားပြောရ၏။ အလွန်ညှိုးငယ် သော စိတ်နှင့်မြည်တမ်းရ၏။
အ ကျွန်ုပ် သည် နှုတ် ကို မ ချုပ် တည်း ဘဲ၊ စိတ် ဆင်း ရဲ၍ ပြော ဆို ခြင်း၊ စိတ် နစ် နာ၍ ညည်း တွား ခြင်း ပြု ပါ မည်။
ထိုကြောင့်ငါသည် ကိုယ်နှုတ်ကို မချုပ်တည်း။ စိတ်ပင်ပန်းလျက်နှင့် စကားပြောရ၏။ အလွန်ညှိုးငယ်သော စိတ်နှင့် မြည်တမ်းရ၏။
ထို့ကြောင့် ငါသည် နှုတ်ဆိတ်၍မနေနိုင်ပါ။ နာကြည်းသောစိတ်ဖြင့် ငါပြောမည်။ ခါးသီးသောစိတ်ဝိညာဉ်ဖြင့် ငါညည်းတွားမည်။
ထိုနောက်သူတို့အချင်းချင်းက``အကယ်စင်စစ် ငါတို့ညီအားပြုခဲ့သမျှအတွက် ယခုငါတို့ ခံရကြလေပြီ။ သနားညှာတာရန်ငါတို့၏ညီ ကတောင်းပန်သောအခါ ငါတို့သည်သူ၏စိတ် ဆင်းရဲခြင်းကိုမြင်လျက်နှင့်သူ့အားမသနား မညှာတာခဲ့ချေ။ ထို့ကြောင့်ငါတို့သည်ယခု ဝဋ်လည်နေရကြ၏'' ဟုပြောဆိုကြ၏။
ငါ့ဝိညာဉ်သည် အသက်ကိုငြီးငွေ့၏။ မြည်တမ်း သောအပြစ်ကို ခံရမည်။ စိတ်အလွန်ညှိုးငယ်၍ ပြောရ မည်။
အကျွန်ုပ်သည်ဆိုးညစ်လျှင် အမင်္ဂလာရှိပါ၏။ ဖြောင့်မတ်သော်လည်း ကိုယ်မျက်နှာကိုမပြရ။ ကိုယ်ခံရသော ဒုက္ခဆင်းရဲကို ဆင်ခြင်၍ မိန်းမောတွေဝေလျက် နေရ ပါ၏။
တိတ်ဆိတ်စွာနေ၍ ငါပြောပါရစေ။ သို့ပြီးမှ အမှုရောက်ချင်တိုင်း ရောက်ပါလေစေ။
ယခုမှာငါသည် ပြောသော်လည်းမသက်သာ၊ မပြောဘဲနေလျှင်လည်း ခြားနားခြင်းမရှိ။
တယောက်သောသူကား တခါမျှမပျော်မွေ့၊ စိတ်ညှိုးငယ်လျက် သေတတ်၏။
သတိပြုပါ။ မတရားသောအမှုကို မငဲ့ကွက်နှင့်။ ထိုသို့သော အမှုကိုဆင်းရဲခြင်းထက် သင်သည် အလို ရှိလေပြီတကား။
ငါစကားပြောရုံကာမျှကို အပြစ်တင်မည်ကြံစည်ကြသလော။ မြော်လင့်စရာမရှိသောသူ ပြောသော စကားသည် လေသက်သက်ဖြစ်၏။
ငါသည်မြည်တမ်းသော စကားကိုဖြတ်၍၊ ရွှင်လန်းသောမျက်နှာကိုဆောင်လျက်၊ ရဲရင့်ခြင်းသို့ ရောက်မည်ဟု ငါဆိုသော်လည်း၊
ငါသည်ပူပင်သောကရောက်ခဲ့၏။ စဉ်းစားလေလေပို၍စိတ်ဒုက္ခရောက်လေလေ ဖြစ်ခဲ့၏။ ``အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်အဘယ်မျှအသက်ရှည်ပါ မည်နည်း။ အဘယ်အခါသေရပါမည်နည်း။ ကျွန်တော်မျိုးအားအနိစ္စတရားကို သိစေတော်မူပါ'' ဟု ကိုယ်တော်အားငါမမေးမလျှောက်ဘဲမနေနိုင်ပါ။
အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ လူစုတော်ဝင်အပေါင်းတို့စုဝေးရာ၌ ကျွန်တော်မျိုးတို့အားကိုယ်တော်ရှင် ကယ်တော်မူကြောင်းသတင်းကောင်းကို ပြောကြားပါ၏။ ဤအကြောင်းကိုကျွန်တော်မျိုးသည်အစဉ် မပြတ် ပြောကြားနေမည်ဖြစ်ကြောင်းကိုယ်တော်ရှင် သိတော်မူပါ၏။
ဤအမှုကိုထာဝရဘုရား ပြုတော်မူသည်ဖြစ်၍ ငါအဘယ်သို့ပြောဆိုနိုင်ပါမည်နည်း။ ငါသည်ပူပင်သောကရောက်လျက် အိပ်၍မပျော်နိုင်ပါ။
ကျွန်တော်မျိုး၏ပူပင်သောကသည်စိတ်ငြိမ်း အေးမှု အဖြစ်သို့ပြောင်းလဲသွားပါလိမ့်မည်။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ အသက်ကိုဘေးအန္တရာယ်အပေါင်းမှ ကယ်ဆယ်တော်မူပါ၏။ ကျွန်တော်မျိုး၏အပြစ်မှန်သမျှကိုလည်း ဖြေလွှတ်တော်မူပါ၏။
ကိုယ်တော်သည်ပြင်းပြစွာဝေဒနာကိုခံ လျက်ပို၍စိတ်အားကြီးစွာဆုတောင်းတော် မူ၏။ သို့ဖြစ်၍ကိုယ်တော်၏ချွေးပေါက်တို့ သည်သွေးစက်များသဖွယ်မြေပေါ်သို့ကျ၏။
ငါသည်အလွန်ပူပန်သောကရောက်၍မျက် ရည်များစွာကျလျက်ထိုစာကိုရေးလိုက်ခြင်း ဖြစ်၏။ သို့သော်သင်တို့အားဝမ်းနည်းစေလို၍ မဟုတ်ဘဲ သင်တို့အားငါမည်မျှချစ်ကြောင်း ကိုသိစေလို၍ရေးလိုက်ခြင်းဖြစ်သည်။