ယောဘဝတ္တု။ 6:11 - Common Language Bible ငါမြော်လင့်စရာအခွင့်ရှိရမည်အကြောင်း၊ ငါ့ခွန်အားကားအဘယ်သို့နည်း။ ငါသည်ကိုယ်အသက်ကို စောင့်ရမည်အကြောင်း၊ နောက်ဆုံးခံရသော အကျိုးကား အဘယ်သို့နည်း။ Garrad Bible ငါ၌ စောင့် မျှော် နိုင် ရန် ခွန် အား ကား၊ မည် သည့် အ ရာ နည်း။ စိတ် ရှည် နိုင် ရန် ငါ့ အ ဆုံး ကား၊ မည် သည့် အ ရာ နည်း။ Judson Bible ငါမျှော်လင့်စရာအခွင့် ရှိရမည်အကြောင်း၊ ငါ့ခွန်အားကား အဘယ်သို့နည်း။ ငါသည် ကိုယ်အသက်ကို စောင့်ရမည်အကြောင်း၊ နောက်ဆုံးခံရသော အကျိုးကား အဘယ်သို့နည်း။ မြန်မာ့စံမီသမ္မာကျမ်း မည်သည့်ခွန်အားဖြင့် ငါစောင့်မျှော်နေရမည်နည်း။ ငါစိတ်ရှည်သည်းခံရအောင် ငါ့ဘဝနိဂုံးကား မည်သို့နည်း။ |
လေတိုက်သော သစ်ရွက်ကို ချောက်လှန့်တော်မူ မည်လော။ မြက်ခြောက်ကို မှီအောင်လိုက်တော်မူမည် လော။
ထိုသို့ခံရသောသူသည် ဆွေးမြေ့သောအရာကဲ့သို့၎င်း၊ ပိုးရွကိုက်စားသောအဝတ်ကဲ့သို့၎င်း အားလျော့ ပျက်ရပါ၏။
သင်္ချိုင်းသည် ငါ့နေရာဖြစ်သည်ကို ငါမြော်လင့် ၏။ ငါ့အိပ်ရာသည် မှောင်မိုက်၌ ခင်းလျက်ရှိ၏။
ငါငယ်စဉ်အခါကပင်လျှင်ထာဝရဘုရားသည် ငါ့ကိုအားအင်ချိနဲ့စေတော်မူ၍ငါ၏အသက် ကို တိုစေတော်မူပါပြီ။
ကိုယ်တော်သည်ကျွန်တော်မျိုး၏အသက်ကို လွန်စွာတိုစေတော်မူပါပြီတကား။ ကိုယ်တော်၏ရှေ့တော်တွင်ကျွန်တော်မျိုး၏ အသက်တာသည်ဘာမျှမဟုတ်သကဲ့သို့ဖြစ်ပါ၏။ အကယ်စင်စစ်သက်ရှိလူသတ္တဝါမည်သည်ကား ထွက်သက်ဝင်သက်တမျှ၊