သို့ရာတွင်သင်၏သားသည်မြည်းရိုင်းကဲ့သို့နေ ထိုင်ရလိမ့်မည်။ သူသည်လူတိုင်းနှင့်ရန်ဘက် ဖြစ်၍ လူတိုင်းကလည်းသူ့ကိုရန်ဘက်ပြု လိမ့်မည်။ သူသည်မွေးချင်းပေါက်ဖော်တို့နှင့် ခွဲခွာနေထိုင်ရလိမ့်မည်'' ဟုမြွက်ဆိုလေ၏။
ယောဘဝတ္တု။ 39:5 - Common Language Bible တောမြည်းကိုအဆီးအတားမရှိစေခြင်းငှါ အဘယ်သူလွှတ်သနည်း။ တောမြင်း၌ချည်နှောင်ခြင်းကို အဘယ်သူဖြေသနည်း။ Garrad Bible တော ကို အိမ် အ ဖြစ် ဖြင့်လည်း ကောင်း၊ ဆား မြေ တွင်း ကို နေ ရာ အ ဖြစ် ဖြင့်လည်း ကောင်း၊ ငါ ခန့် ထား ရာ မြင်း ရိုင်း ကို လွှတ် သွား စေ သူ၊ တော မြည်း ချည် ကြိုး ကို ဖြေ လွှတ် သူ ကား မည် သူ နည်း။ Judson Bible တောမြည်းကို အဆီးအတားမရှိစေခြင်းငှာ အဘယ်သူလွှတ်သနည်း။ တောမြင်း၌ ချည်နှောင်ခြင်းကို အဘယ်သူဖြေသနည်း။ မြန်မာ့စံမီသမ္မာကျမ်း မြည်းရိုင်းကို မည်သူ လွတ်လပ်ခွင့်ပေးထားသနည်း။ ချည်နှောင်ထားသောမြင်းရိုင်းကြိုးကို မည်သူဖြေပေးသနည်း။ |
သို့ရာတွင်သင်၏သားသည်မြည်းရိုင်းကဲ့သို့နေ ထိုင်ရလိမ့်မည်။ သူသည်လူတိုင်းနှင့်ရန်ဘက် ဖြစ်၍ လူတိုင်းကလည်းသူ့ကိုရန်ဘက်ပြု လိမ့်မည်။ သူသည်မွေးချင်းပေါက်ဖော်တို့နှင့် ခွဲခွာနေထိုင်ရလိမ့်မည်'' ဟုမြွက်ဆိုလေ၏။
ဣသခါသည်ကုန်းနှီးအိတ်များအကြားတွင် ခြေဆန့်၍ လဲနေသောမြည်း၏အဖြစ်ထက်မသာ။
သို့သော်လည်း ရိုင်းသောမြည်းကလေးသည် လူအဖြစ်သို့ရောက်သောအခါ၊ လူမိုက်သည် ပညာ သတိရလိမ့်မည်။
သူတို့သည်အလုပ်လုပ်ခြင်းငှါ တော၌ရိုင်းသော မြည်းကဲ့သို့ ထွက်ရကြ၏။ စားစရာကိုရှာခြင်းငှါ နံနက် စောစောသွား၍၊ ကိုယ်အဘို့နှင့် သားသမီးတို့အဘို့ကို တော၌တွေ့ရကြ၏။
ကြံကိုထွန်ကြောင်းသို့ လိုက်စေခြင်းငှါ ကြိုးနှင့် ချည်နိုင်သလော။ သို့မဟုတ်သင့်နောက်သို့ လိုက်၍ချိုင့်၌ လယ်ထွန်လိမ့်မည်လော။
သားငယ်တို့သည် ကျန်းမာ၍၊ လွင်ပြင်၌ ကြီးပွါး တတ်ကြ၏။ အခြားသို့သွား၍ အမိထံသို့ပြန်မလာဘဲ နေတတ်ကြ၏။
ထိုမြစ်များသည်တောတိရစ္ဆာန်တို့အား သောက်ရေကိုပေးပါ၏။ မြည်းရိုင်းတို့ကိုလည်းရေငတ်ပြေစေ ပါ၏။
နန်းတော်ပင်လျှင်အထီးတည်းကျန်ရစ်၍ နေ ပြည်တော်ကြီးသည်လုံးဝလူသူဆိတ်ငြိမ် လျက်နေလိမ့်မည်။ ထိုမြို့တော်ကိုစောင့်ကြပ် ကာကွယ်ရာခံတပ်များနှင့်အိမ်များသည် လည်း ထာဝစဉ်ပျက်စီးယိုယွင်း၍နေလိမ့် မည်။ ထိုအရပ်တွင်မြည်းရိုင်းများလှည့်လည် သွားလာကာသိုးများကျက်စားကြလိမ့်မည်။
မြင်းရိုင်းတို့သည်တောင်ထိပ်များတွင်ရပ်လျက် ခွေးအများကဲ့သို့အသက်လု၍ရှူနေကြ၏။ သူတို့သည်အစာငတ်မှုကြောင့်မျက်စိများ မှုံဝေလျက်နေကြ၏။
သင်သည်တောကန္တာရတွင်နေသည့် မြည်းရိုင်းမနှင့်တူ၏။ မိတ်လိုက်ချိန်ကျသောအခါ၊ သူ့အား အဘယ်သူတားဆီးနိုင်သနည်း။ သူ့ကိုအလိုရှိသူမြည်းထီးမှန်သမျှသည် အပင်ပန်းခံ၍ရှာနေရန်မလို။ မိတ်လိုက်ချိန်၌သူ့အားအစဉ်တွေ့ရှိနိုင်လေသည်။
သူသည်လူ့အသိုင်းအဝိုင်းမှနှင်ထုတ်ခြင်း ကိုခံရကာတိရစ္ဆာန်စိတ်ပေါက်၍လာလေ သည်။ မြည်းရိုင်းတို့နှင့်အတူနေထိုင်၍နွား ကဲ့သို့မြက်ကိုစားခဲ့ရပါ၏။ အကွယ် အကာမရှိဘဲဆီးနှင်းတောတွင်စက်တော် ခေါ်ခဲ့ရလေသည်။ နောက်ဆုံး၌အမြင့်မြတ် ဆုံးသောဘုရားသခင်သည်လောကီနိုင်ငံ တို့ကိုအစိုးရတော်မူ၍ မိမိအလိုရှိသူ မည်သူအားမဆိုဤနိုင်ငံများကိုပေး တော်မူနိုင်ကြောင်းကိုမင်းကြီးဝန်ခံတော် မူခဲ့ပါ၏။-
ဣသရေလပြည်သူတို့သည်ထိန်းချုပ်၍ မရသောမြည်းရိုင်းကဲ့သို့စိတ်ထင်ရာပြု လုပ်တတ်၏။ သူတို့သည်အာရှုရိပြည်သို့ သွား၍အကူအညီတောင်းခံကြ၏။ အခ ကြေးငွေပေး၍အခြားနိုင်ငံ၏ကာကွယ် ပေးမှုကိုခံယူကြ၏။-