ယောဘဝတ္တု။ 38:26 - Common Language Bible လွတ်လပ်သောလွင်ပြင်ကို ရေနှင့်ဝစေ၍၊ နုသောမြက်ပင်အညှောက်ကို ထွက်စေခြင်းငှါ၎င်း၊ Judson Bible လွတ်လပ်သောလွင်ပြင်ကို ရေနှင့်ဝစေ၍၊ နုသောမြက်ပင်အညှောက်ကို ထွက်စေခြင်းငှာလည်းကောင်း၊ မြန်မာ့စံမီသမ္မာကျမ်း လူမနေသောမြေ၊ လူသူမနေသောတောကန္တာရတွင် မည်သူမိုးရွာစေသနည်း။ |
ကိုယ်တော်သည်သဲကန္တာရများကိုရေအိုင်များ အဖြစ်သို့လည်းကောင်း၊ ခြောက်သွေ့သည့်ဒေသများကိုစမ်းရေပေါက် အဖြစ်သို့လည်းကောင်းပြောင်းလဲစေတော်မူ၏။
ကမ္ဘာမြေကြီးစွန်းမှမိုးတိမ်တို့ကိုတက်စေ တော်မူ၍ မိုးသက်မုန်တိုင်းများအတွက်လျှပ်စစ်လျှပ် နွယ်တို့ကို ဖန်ဆင်းတော်မူ၏။ လေကိုလည်းမိမိ၏လှောင်တိုက်တော်ထဲက ထုတ်ဆောင်လာတော်မူ၏။
စားကျက်တို့တွင်သိုးအုပ် ဆိတ်အုပ်များရှိပါ၏။ တောင်ကုန်းတို့သည်သာယာရွှင်လန်းလျက်ရှိပါ၏။
ကိုယ်တော်အမိန့်ပေးတော်မူသောအခါမိုး ကောင်းကင် အထက်ရှိရေတို့သည်အသံမြည်ဟည်းကြ၏။ ကိုယ်တော်သည်ကမ္ဘာမြေကြီးစွန်းမှ မိုးတိမ်များကိုတက်စေတော်မူ၏။ မိုးရွာလျက်နေစဉ်လျှပ်စစ်များကိုပြက်စေ တော်မူ၍ မိမိသိုလှောင်ထားရာမှလေကိုလည်း တိုက်ခတ်စေတော်မူ၏။
လူမျိုးတကာတို့ကိုးကွယ်သည့်ရုပ်တုများ သည် မိုးကိုမရွာစေနိုင်ပါ။ ကောင်းကင်သည်အလိုအလျောက်မိုးရေ ပေါက်များ ကျလာအောင်မတတ်နိုင်ပါ။ ကိုယ်တော်ရှင်သာလျှင်ဤအမှုများကို ပြုတော်မူသောကြောင့် ကျွန်တော်မျိုးတို့၏ဘုရားသခင်ထာဝရ ဘုရား၊ ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်ကို မျှော်ကိုးကြပါ၏။