ယောဘဝတ္တု။ 37:13 - Common Language Bible13 ဒဏ်ခတ်သော်၎င်း၊ မြေတော် ကိုပြုစုသော်၎င်း၊ ချမ်းသာပေးသော်၎င်း လာစေတော် မူ၏။ အခန်းကိုကြည့်ပါ။Judson Bible13 ဒဏ်ခတ်သော်လည်းကောင်း၊ မြေတော်ကို ပြုစုသော်လည်းကောင်း၊ ချမ်းသာပေးသော်လည်းကောင်း လာစေတော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း13 ဒဏ်ခတ်ဖို့ဖြစ်စေ၊ မြေကြီးဖို့ဖြစ်စေ၊ မေတ္တာပြဖို့ဖြစ်စေ ဤသို့ဖြင့် မိုးတိမ်များကိုဖြစ်ပေါ်စေတတ်၏။ အခန်းကိုကြည့်ပါ။ |
ယုဒနှင့်ဗင်္ယာမိန်နယ်မြေများတွင်နေထိုင် သူယောကျာ်းအပေါင်းတို့သည် သုံးရက်အတွင်း နဝမလနှစ်ဆယ်ရက်နေ့၌ ယေရုရှလင် မြို့ဗိမာန်တော်ရှေ့တံတိုင်းသို့လာရောက် စုဝေးကြ၏။ ထိုအခါ၌မိုးသည်းထန် စွာရွာလျက်နေ၏။ လူအပေါင်းတို့သည် ရာသီဥတုအခြေအနေကြောင့်လည်း ကောင်း၊ အစည်းအဝေးအရေးကြီးမှု ကြောင့်လည်းကောင်းတုန်လှုပ်လျက်နေ ကြ၏။
ထိုအခါအဲအာ၏သမီး၊ ရှောလု၏မောင်းမ တော်ရိဇပသည် လျှော်တေဝတ်ကိုအလောင်း များထားရာကျောက်ပေါ်မှာမိုးပြီးလျှင် စပါးရိတ်သိမ်းစကာလမှစ၍ မိုးဦးကျ ချိန်တိုင်အောင်အလောင်းများကိုနေ့အချိန် ၌လေသတ္တဝါ၊ ညဥ့်အချိန်၌မြေသတ္တဝါ တို့မချဉ်းကပ်စေရန်စောင့်ရှောက်လျက်နေ လေ၏။
``အို ဇိအုန်မြို့သားတို့ဝမ်းမြောက်ကြလော့။ သင်တို့အားဘုရားသခင်ထာဝရဘုရား ပြုတော်မူသောအမှုများအတွက်အားရ ရွှင်မြူးကြလော့။ ကိုယ်တော်သည်သင်တို့အားဆောင်းဦးမိုး အလုံအလောက်ချပေးတော်မူလေပြီ။ ဆောင်းနှောင်းမိုးကိုလည်းကောင်းယခင် အခါများမှာကဲ့သို့ နွေဦးမိုးကိုလည်းကောင်း၊သင်တို့အပေါ်သို့ ရွာသွန်းစေတော်မူလေပြီ။
ထိုနောက်သူတို့သည်ထိုအရိုးများကိုရှောလု နှင့်ယောနသန်၏အရိုးတို့နှင့်အတူဗင်္ယာမိန် နယ်၊ ဇေလမြို့ရှိရှောလု၏ခမည်းတော်ကိရှ ၏သင်္ချိုင်းတွင်သင်္ဂြိုဟ်ကြ၏။ သူတို့သည်မင်း ကြီးမိန့်မှာတော်မူလိုက်သမျှတို့ကိုဆောင် ရွက်ကြ၏။ ထိုနောက်ဘုရားသခင်သည်ပြည် တော်အတွက် ထိုသူတို့တောင်းလျှောက်သည့် ဆုတောင်းပတ္ထနာများကိုနားညောင်းတော် မူ၏။