ယောဘဝတ္တု။ 37:16 - Common Language Bible ပညာစုံလင်သောဘုရား၏ အံ့ဘွယ်သောအမှုတော်တည်းဟူသော မိုဃ်းတိမ်တို့သည် မပေါ့မလေး မှန်မှန်မိုးမည်အကြောင်း၊ ပြုတော်မူသောအမှုကို၎င်း၊ Garrad Bible တောင် လေ အား ဖြင့် မြေ ကြီး ဆိတ် ငြိမ် သော အ ခါ၊ အ ဝတ် နွေး ခြင်း ကို ခံ ရ သော သင် သည်၊ အ သိ ပ ညာ နှင့် စုံ လင် သော အ ရှင်၏ အံ့ ဖွယ် သ ရဲ တော် တည်း ဟူ သော မိုး သား နှင့် ညီ ညွတ် ခြင်း အ မှု ကို၊ နား လည် သ လော။ Judson Bible ပညာစုံလင်သော ဘုရား၏အံ့ဖွယ်သော အမှုတော်တည်းဟူသော မိုးတိမ်တို့သည် မပေါ့မလေး မှန်မှန်မိုးမည်အကြောင်း၊ ပြုတော်မူသောအမှုကိုလည်းကောင်း၊ မြန်မာ့စံမီသမ္မာကျမ်း တိမ်တိုက်များ မည်သို့လွင့်မျောနေသည်ကို သင်သိပါသလော။ ထိုအမှုသည် အလုံးစုံကိုသိမြင်သောအရှင် ပြုတော်မူသည့် အံ့ဖွယ်အမှုဖြစ်၏။ |
အိုယောဘ၊ ဤစကားကိုနားထောင်လော့။ ဘုရားသခင်၏ အံ့ဘွယ်သောအမှုတော်တို့ကို ငြိမ်သက် စွာနေ၍ ဆင်ခြင်လော့။
ထိုအမှုတို့ကို ဘုရားသခင်စီရင်၍၊ မိုဃ်းတိမ်တော်အလင်းကို ထွန်းလင်းစေတော်မူသောအခါ၊ သင်သည် သိသလော။
မြေပေါ်မှာ တောင်လေဖြင့်အချမ်းပျောက်စေ တော်မူသောအခါ၊ သင်၏အဝတ်သည် အဘယ်သို့သော အားဖြင့် နွေးသည်ကို၎င်း နားလည်သလော။
အံ့ဩဘွယ်သော အခြင်းအရာပါလျက်၊ ဘုရားသခင်သည် အသံတော်နှင့်မိုဃ်းချုန်းတော်မူ၏။ ကြီး သောအမှု ငါတို့နားမလည်နိုင်သော အမှုတို့ကို ပြုတော်မူ၏။
ဘုရားသခင်သည် ကြီးသောအမှု၊ စစ်၍မကုန်နိုင်သောအမှု၊ ရေတွက်၍မဆုံး၊ အံ့ဩဘွယ်သော အမှု တို့ကို ပြုတော်မူ၏။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ဖန်ဆင်းတော်မူသောအရာတို့သည် များလှပါ၏။ ဉာဏ်ပညာတော်ဖြင့်ထိုအရာအပေါင်းတို့ကို ဖန်ဆင်းတော်မူပါ၏။ ကမ္ဘာမြေကြီးသည်ကိုယ်တော်ရှင် ဖန်ဆင်းတော်မူသောသတ္တဝါများနှင့် ပြည့်လျက်ရှိပါ၏။
ငါတို့၏ဘုရားရှင်သည်ကြီးမြတ်တော်မူ၍ တန်ခိုးနှင့်ပြည့်စုံတော်မူ၏။ ကိုယ်တော်၏ဉာဏ်ပညာတော်ကိုတိုင်းထွာ၍ မရနိုင်ပါ။
ယင်းတို့ကိုငါတို့သည်သားမြေးများထံမှ ထိမ်ဝှက်၍ထားမည်မဟုတ်။ ထာဝရဘုရား၏တန်ခိုးတော်နှင့်ကြီးမြတ်သော အမှုတော်ကိုလည်းကောင်း၊ကိုယ်တော်ပြုတော်မူသော အံ့သြဖွယ်ရာအမှုတို့ကိုလည်းကောင်း နောက်လူမျိုးဆက်အားဖော်ပြမည်။
ကမ္ဘာမြေကြီးကိုဖြစ်ပေါ်စေသူကား မြေကြီးနှင့်မိုးကောင်းကင်၏အထက်၌ရှိသော ပလ္လင်တော်ပေါ်တွင်စံပယ်တော်မူသောအရှင် ပေတည်း။ အောက်မြေကြီးပေါ်ရှိလူတို့သည်ကား ပုရွက်ဆိတ်များကဲ့သို့သေးငယ်သည်ဟု ထင်မှတ်ရပေသည်။ ကိုယ်တော်သည်မိုးကောင်းကင်ကို မျက်နှာကြက်ကဲ့သို့လည်းကောင်း၊ လူတို့နေထိုင်ရာတဲကဲ့သို့လည်းကောင်း ဖြန့်တော်မူ၏။