ယောဘဝတ္တု။ 36:29 - Common Language Bible29 မိုဃ်းတိမ်တော်နှံ့ပြားခြင်း၊ တဲတော်အသံမြည် ခြင်းကို အဘယ်သူ နားလည်သနည်း။ အခန်းကိုကြည့်ပါ။Garrad Bible29 ယာ ယီ နန်း တော် ဖြစ် သော မိုး တိမ် ဖြန့် ခြင်း၊ မိုး ချုန်း ခြင်း များ ကို၊ နား လည် နိုင် သူ ရှိ သ လော။ အခန်းကိုကြည့်ပါ။Judson Bible29 မိုးတိမ်တော်နှံ့ပြားခြင်း၊ တဲတော်အသံမြည်ခြင်းကို အဘယ်သူ နားလည်သနည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း29 ထိုမျှမက တိမ်များ ပြန့်နေခြင်း၊ တဲတော်မှမိုးခြိမ်းသံထွက်ခြင်းတို့ကို နားလည်နိုင်သလော။ အခန်းကိုကြည့်ပါ။ |
ကမ္ဘာမြေကြီးကိုဖြစ်ပေါ်စေသူကား မြေကြီးနှင့်မိုးကောင်းကင်၏အထက်၌ရှိသော ပလ္လင်တော်ပေါ်တွင်စံပယ်တော်မူသောအရှင် ပေတည်း။ အောက်မြေကြီးပေါ်ရှိလူတို့သည်ကား ပုရွက်ဆိတ်များကဲ့သို့သေးငယ်သည်ဟု ထင်မှတ်ရပေသည်။ ကိုယ်တော်သည်မိုးကောင်းကင်ကို မျက်နှာကြက်ကဲ့သို့လည်းကောင်း၊ လူတို့နေထိုင်ရာတဲကဲ့သို့လည်းကောင်း ဖြန့်တော်မူ၏။
ထာဝရဘုရားသည်အလွယ်တကူ အမျက်ထွက်တော်မမူတတ်။ သို့ရာတွင်ကိုယ်တော်သည်တန်ခိုးကြီး တော်မူ၍၊ အပြစ်ရှိသူတို့ကိုအပြစ်ဒဏ်မခတ်ဘဲ အဘယ်အခါ၌မျှထားတော်မမူပါ။ ကိုယ်တော်လျှောက်သွားရာအရပ်တို့၌ လေမုန်တိုင်းများကျရောက်တတ်၏။ မိုးတိမ်များကားကိုယ်တော်၏ရွှေစက်တော် အောက်မှ ထသည့်မြေမှုန့်များပင်တည်း။