အဝတ်မပါဘဲ အမိဝမ်းထဲသို့ ပြန်သွားတော့မည်။ ထာဝရဘုရားပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်းဟု ဆိုလေ၏။
ယောဘဝတ္တု။ 32:13 - Common Language Bible သို့ဖြစ်၍ ငါတို့သည် ပညာကိုရှာ၍ တွေ့ပြီဟု သင်တို့ဆိုစရာမရှိ။ ယောဘကို နှိမ့်ချသောသူကား လူမဟုတ်၊ ဘုရားသခင်ပေတည်း။ Garrad Bible ပ ညာ ရှင် ကို ငါ တို့ တွေ့ ပြီ။ လူ ချင်း မ နိုင်၊ ဘု ရား သ ခင် သာ လျှင်၊ နိုင် တော် မူ မည် ဟု မ ပြော ကြ နှင့်။ Judson Bible သို့ဖြစ်၍ ငါတို့သည် ပညာကိုရှာ၍တွေ့ပြီဟု သင်တို့ဆိုစရာမရှိ။ ယောဘကို နှိမ့်ချသောသူကား လူမဟုတ်၊ ဘုရားသခင်ပေတည်း။ မြန်မာ့စံမီသမ္မာကျမ်း ‘ဉာဏ်ပညာကို ငါတို့တွေ့ပြီ’ဟု သင်တို့မပြောမိစေကြနှင့်။ သူ့ကို နိုင်သောသူမှာ လူမဟုတ်၊ ဘုရားသခင်ဖြစ်တော်မူ၏။ |
အဝတ်မပါဘဲ အမိဝမ်းထဲသို့ ပြန်သွားတော့မည်။ ထာဝရဘုရားပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်းဟု ဆိုလေ၏။
အိုအဆွေခင်ပွန်းတို့၊ ငါ့ကိုသနားကြပါ။ ငါ့ကိုသနားကြပါ။ ဘုရားသခင်၏ လက်တော်သည် ငါ့ကိုထိခိုက်ပါပြီ။
ယောဘကလည်း၊ မိန်းမမိုက်ပြောတတ်သကဲ့သို့ သင်သည်ပြော၏။ အဘယ်သို့နည်း။ ငါတို့သည် ဘုရား သခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလောဟုဆို၏။ ယောဘ သည် ဤအမှုများနှင့် တွေ့ကြုံသော်လည်း နှုတ်ဖြင့်မျှမမှားယွင်း။
စပါးပင်အတွက် ဆူးပင်ပေါက်ပါစေ။ မုယော ပင်အတွက် ဗောရှပင်ပေါက်ပါစေဟု မြွက်ဆို၏။ ယောဘမြွက်ဆိုသောစကားပြီး၏။
ယောဘသည် ငါ့ကိုရည်ဆောင်၍ ပြောပြီ မဟုတ်။ သင်တို့ပြန်ပြောသည်အတိုင်း ငါပြန်ပြောမည် မဟုတ်။
ဘုရားသခင်မှုတ်တော်မူသဖြင့်၊ ထိုသူတို့သည် ပျက်စီး၍၊ ရှုတော်မူသောအသက်ဖြင့်လည်း ဆုံးရှုံးရကြ ၏။
အနန္တတန်ခိုးရှင်ပစ်တော်မူသော မြှားတို့သည် ငါ၌စွဲ၍၊ အဆိပ်အတောက်ဖြင့် ငါ့ဝိညာဉ်ကိုမွန်းစေ၏။ ဘုရားသခင်ပြတော်မူသော ကြောက်မက်ဘွယ်အရာတို့သည် ငါ့ရှေ့မှာ စီလျက်ရှိကြ၏။
ငါသည်အမှုအရာများမဖြစ်ပျက်မီက ပင်လျှင် ကြိုတင်၍၊သင်တို့၏အနာဂတ်ကို ဟောကြားခဲ့ပေသည်။ ယင်းသို့ပြုရခြင်းမှာဤအမှုအရာများကို သင်တို့လုပ်သည့်ရုပ်တုများကဖြစ်ပေါ်စေသည်ဟု သင်တို့မပြောမဆိုနိုင်ကြစေရန်ပင်ဖြစ်၏။
ယခုမှသာလျှင်ငါသည်ထိုအမှုတို့ကို ဖြစ်ပျက်စေမည်။ ယင်းသို့သောအမှုများသည်ယခင်က မဖြစ်မပျက်ခဲ့ဘူးကြ။ အကယ်၍ဖြစ်ပျက်ခဲ့သည်ဆိုပါမူ၊ ထိုအရာတို့၏အကြောင်းကိုငါတို့သိရှိပြီး ဟု သင်တို့ဆိုကြလိမ့်မည်။
သင်တို့သည်အမင်္ဂလာရှိကြ၏။ မိမိတို့ ကိုယ်ကိုအလွန်ပညာရှိသည်။ တတ်သိလိမ္မာ သည်ဟုထင်မှတ်တတ်ကြ၏။
ထာဝရဘုရားက၊ ``ပညာရှိသည်မိမိဉာဏ်ပညာရှိမှု၊ ခွန်အားကြီးမားသူသည်မိမိခွန်အားကြီး မားမှု၊ ချမ်းသာကြွယ်ဝသူသည်မိမိချမ်းသာ ကြွယ်ဝမှု၌ မဝါမကြွားအပ်။
မိမိကိုယ်ကိုဒံယေလထက်ပင်ပညာရှိ သည်ဟူ၍ မိမိထံမှအဘယ်အရာမျှ လျှို့ဝှက်မထားနိုင်ဟူ၍ထင်မှတ်၏။-
``ငါထာဝရဘုရားသည် ယုဒတပ်မတော် ကိုဦးစွာပထမအောင်ပွဲခံစေမည်။ ဤနည်း အားဖြင့်ဒါဝိဒ်၏သားစဉ်မြေးဆက်များ နှင့် ယေရုရှလင်မြို့သူမြို့သားတို့ခံယူရ ရှိမည့်ဂုဏ်အသရေသည် အခြားယုဒ အမျိုးသားတို့၏ဂုဏ်အသရေထက် ကြီးမြတ်လိမ့်မည်မဟုတ်။-
သခင်ယေရှုက ``မင်းကြီးအားဘုရားသခင် အပ်နှင်း၍သာဤသို့သောအခွင့်အာဏာကို ခံယူရရှိသည်။ ထို့ကြောင့်အကျွန်ုပ်အားမင်း ကြီး၏လက်သို့အပ်နှံသူသည်ပို၍အပြစ် ကြီး၏'' ဟုမိန့်တော်မူ၏။-
အဘယ်သူမျှမိမိကိုယ်ကိုမလှည့်စားစေနှင့်။ လောကီစံနှုန်းအရမိမိကိုယ်ကိုပညာရှိ သည်ဟုထင်မှတ်သောသူသည် အမှန်ပင်ပညာ ရှိဖြစ်လာစေရန်လူမိုက်ဖြစ်ပါစေ။-
ထာဝရဘုရားကဂိဒေါင်အား``သင်နှင့် အတူပါလာသောလူတို့သည်အရေအတွက် အားဖြင့်များလွန်းသဖြင့် သူတို့အားမိဒျန် အမျိုးသားတို့အပေါ်အောင်မြင်ခွင့်ကိုငါ မပေးလို။ အကယ်၍ပေးခဲ့သော်သူတို့သည် မိမိတို့၏စွမ်းရည်ဖြင့်အောင်ပွဲရသည်ဟု ထင်မှတ်ကာငါ့ကျေးဇူးကိုမသိဘဲနေ ကြလိမ့်မည်။-