ဇာခရိ 12:7 - Common Language Bible7 ``ငါထာဝရဘုရားသည် ယုဒတပ်မတော် ကိုဦးစွာပထမအောင်ပွဲခံစေမည်။ ဤနည်း အားဖြင့်ဒါဝိဒ်၏သားစဉ်မြေးဆက်များ နှင့် ယေရုရှလင်မြို့သူမြို့သားတို့ခံယူရ ရှိမည့်ဂုဏ်အသရေသည် အခြားယုဒ အမျိုးသားတို့၏ဂုဏ်အသရေထက် ကြီးမြတ်လိမ့်မည်မဟုတ်။- အခန်းကိုကြည့်ပါ။Garrad Bible7 ယု ဒ အ မျိုး ထက်၊ ဒါ ဝိဒ် မင်း မျိုး၏ အ သ ရေ၊ ယေ ရု ရှ လင် မြို့ သား တို့၏ အ သ ရေ မ လွန် ကဲ စေ ခြင်း ငှာ၊ ငါ ထာ ဝ ရ ဘု ရား သည်၊ ထို နေ့ ရက် ကာ လ၊ ယု ဒ တပ် များ တို့ အား အောင် မြင် ခွင့် ကို ပေး ပြီး နောက်၊ အခန်းကိုကြည့်ပါ။Judson Bible7 ထာဝရဘုရားသည် ယုဒတဲတို့ကို ရှေ့ဦးစွာ ကယ်တင်တော်မူမည်။ ထိုကြောင့် ဒါဝိဒ်မင်းမျိုး၏ ဘုန်းနှင့် ယေရုရှလင်မြို့သားတို့၏ ဘုန်းသည် ယုဒပြည်တစ်ဖက်၌ မဝါကြွားရ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 ဒါဝိဒ်အမျိုးအနွယ်၊ ဂျေရုဆလင်မြို့သားတို့၏ဂုဏ်ကျက်သရေသည် ယုဒအမျိုးတို့ထက် မကြီးမြတ်စေရန် ထာဝရဘုရားသည် ယုဒအမျိုး၏တဲများကို ဦးစွာကယ်တင်တော်မူမည်။ အခန်းကိုကြည့်ပါ။ |
ကောင်းကင်တမန်ကငါ့အား``သင်သည်ဇေရုဗ ဗေလသို့ထာဝရဘုရားပေးတော်မူသည့်ဤ ဗျာဒိတ်တော်ကိုပြန်ကြားလော့။ ကိုယ်တော်က သူ့အား`သင်သည်မိမိ၏တန်ခိုးစွမ်းရည်အား ဖြင့်သော်လည်းကောင်း၊ စစ်သည်ဗိုလ်ခြေအင်အား အားဖြင့်သော်လည်းကောင်းဤအမှုကိုပြု လိမ့်မည်မဟုတ်။ ငါ၏ဝိညာဉ်တော်တန်ခိုး တော်အားဖြင့်သာလျှင်ပြုနိုင်လိမ့်မည်'' ဟု အနန္တတန်ခိုးရှင်ထာဝရဘုရားမိန့်တော် မူ၏။-
ထိုအခါသန့်ရှင်းသောဝိညာဉ်တော်သည် ကိုယ်တော်အားရွှင်လန်းဝမ်းမြောက်စေတော်မူ သဖြင့်ကိုယ်တော်က ``မိုးမြေကိုအစိုးရတော်မူ သောအဖ၊ ကိုယ်တော်သည်အသိပညာရှင်များမှ ထိမ်ဝှက်ထားတော်မူသောအကြောင်းအရာများ ကို ပညာမဲ့သူများအားဖွင့်ပြတော်မူသော ကြောင့်ကျေးဇူးတော်ကိုချီးမွမ်းပါ၏။ အဖ ခမည်းတော်၊ ဤသို့ဖြစ်ရခြင်းမှာကိုယ်တော် လိုလားတော်မူသည်အတိုင်းဖြစ်ပါ၏။