အဘယ်သူမျှလှည့်စားခြင်းကိုခံ၍ အနတ္တကို မခိုလှုံစေနှင့်။ သို့မဟုတ် အနတ္တအကျိုးကို ခံရလိမ့်မည်။
ယောဘဝတ္တု။ 31:5 - Common Language Bible မုသာလမ်းသို့ ငါလိုက်မိသော်၎င်း၊ လှည့်စားခြင်းငှါ ငါပြေးမိသော်၎င်း၊ လှည့်စားခြင်းငှါ ငါပြေးမိ သော်၎င်း၊ Garrad Bible မှန် သော ချိန် ခွင် နှင့်၊ ငါ့ ကို ချိန် စက် သ ဖြင့်၊ ငါ့ စုံ လင် ခြင်း ကို ဘု ရား သ ခင် သိ တော် မူ ပါ စေ သော။ ငါ သည် မု သာ နှင့် သွား လာ လျက်၊ လှည့် စား ခြင်း နောက် သို့ ခြေ လျင် မြန် ခဲ့ လျှင်လည်း ကောင်း၊ Judson Bible မုသားလမ်းသို့ ငါလိုက်မိသော်လည်းကောင်း၊ လှည့်စားခြင်းငှာ ငါပြေးမိသော်လည်းကောင်း၊ မြန်မာ့စံမီသမ္မာကျမ်း အကယ်၍ ငါသည် လမ်းမှားကို လိုက်လျှောက်၍ ငါ့ခြေသည် လိမ်လည်လှည့်ဖြားခြင်းနောက်သို့ ပြေးလိုက်ခဲ့မိလျှင် |
အဘယ်သူမျှလှည့်စားခြင်းကိုခံ၍ အနတ္တကို မခိုလှုံစေနှင့်။ သို့မဟုတ် အနတ္တအကျိုးကို ခံရလိမ့်မည်။
လူအပေါင်းတို့သည်အချင်းချင်းလိမ်လည် ပြောဆို၍ မြှောက်ပင့်ကာလှည့်စားကြပါ၏။
ကျွန်တော်မျိုးသည်လျှပ်ပေါ်သူတို့နှင့် မပေါင်းမဖော်ပါ။ သူတော်ယောင်ဆောင်သူတို့နှင့်လည်းမည်သို့မျှ မဆက်ဆံပါ။
အချင်းလူတို့၊သင်တို့သည်အဘယ်ကာလတိုင် အောင် ငါ့အားစော်ကားကြမည်နည်း။ အဘယ်ကာလတိုင်အောင်သင်တို့သည် အကျိုးမရှိသည့်အရာကိုနှစ်သက်၍ အမှားနောက်သို့လိုက်ကြမည်နည်း။
မိမိလယ်ယာကို လုပ်သောသူသည် ဝစွာစားရ ၏။ အချည်းနှီးသောအမှုကို စောင့်သောသူမူကား၊ ဥာဏ်ချို့တဲ့၏။
ထာဝရဘုရားမိန့်တော်မူသည်ကား ``ငါ၌အဘယ်အပြစ်ကိုတွေ့ရှိ၍သင်တို့၏ ဘိုးဘေးတို့သည်ငါ့ထံမှထွက်သွားကြသနည်း။ သူတို့သည်တန်ဖိုးမရှိသောရုပ်တုများကို ဝတ်ပြုရှိခိုး၍ မိမိတို့ကိုယ်တိုင်ပင်တန်ဖိုးမဲ့လာကြ၏။
ထို့ကြောင့်သူတို့အားထာဝရအရှင်ဘုရားသခင်မိန့်တော်မူသည်ကား``သင်တို့မြင်သော အရာများသည်မဟုတ်မမှန်။ သင်တို့၏ဗျာ ဒိတ်ရူပါရုံများသည်လည်းလီဆယ်မှုများ သာဖြစ်သဖြင့် ငါသည်သင်တို့အားဆန့်ကျင် ဘက်ပြုလျက်ရှိ၏ဟု ငါအရှင်ထာဝရ ဘုရားမိန့်တော်မူ၏။-
``သင်တို့တွင်စပျစ်ရည်နှင့် အရက်လှိုင်လှိုင် ပေါများလိမ့်မည်ဟုငါဟော၏' ဟူ၍လိမ် လည်လှည့်ဖြားပြောဆိုတတ်သောပရောဖက် မျိုးကိုဤသူတို့နှစ်သက်ကြ၏။
``တန်ခိုးကြီးသောအရှင်သည်ဘုရားဖြစ် တော်မူ၏။ ကိုယ်တော်သည်ထာဝရဘုရား ဖြစ်တော်မူ၏။ တန်ခိုးကြီးသောအရှင်သည် ဘုရားဖြစ်တော်မူ၏။ ကိုယ်တော်သည်ထာဝရ ဘုရားဖြစ်တော်မူ၏။ ငါတို့၏ယဇ်ပလ္လင်ကို အဘယ်ကြောင့်တည်ရကြောင်းကိုကိုယ်တော် သိတော်မူ၏။ သင်တို့အားလည်းသိစေလို ပါသည်။ ငါတို့သည်ထာဝရဘုရားအား ပုန်ကန်၍ သစ္စာတော်ကိုမစောင့်ထိန်းလျှင် အသက်ချမ်းသာခွင့်မပေးပါနှင့်။-