ယေဇကျေလ 13:8 - Common Language Bible8 ထို့ကြောင့်သူတို့အားထာဝရအရှင်ဘုရားသခင်မိန့်တော်မူသည်ကား``သင်တို့မြင်သော အရာများသည်မဟုတ်မမှန်။ သင်တို့၏ဗျာ ဒိတ်ရူပါရုံများသည်လည်းလီဆယ်မှုများ သာဖြစ်သဖြင့် ငါသည်သင်တို့အားဆန့်ကျင် ဘက်ပြုလျက်ရှိ၏ဟု ငါအရှင်ထာဝရ ဘုရားမိန့်တော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible8 သို့ ဖြစ်၍ အ ရှင် ထာ ဝ ရ ဘု ရား က လည်း၊ အ ကျိုး မဲ့ ဟော ပြော လျက်၊ မု သာ ရူ ပါ ရုံ ကို မြော် မြင် ကြ သော၊ သင် တို့ တစ် ဘက်၌ ငါ နေ၏။ အခန်းကိုကြည့်ပါ။Judson Bible8 ထိုကြောင့် အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့သည် အချည်းနှီးသောစကားကိုပြော၍ မုသားရူပါရုံကိုမြင်သောကြောင့် ငါသည် သင်တို့တစ်ဖက်၌နေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘သင်တို့သည် အချည်းနှီးသောစကားကို ပြောဆို၍ မဟုတ်မမှန်သောနိမိတ်ကို မြင်သောကြောင့် သင်တို့ကို ငါဆန့်ကျင်မည်’ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
အနန္တတန်ခိုးရှင်ထာဝရဘုရားက``ငါသည် သင်၏ရန်သူဖြစ်၏။ သင့်ရထားများကိုငါ မီးရှို့ပစ်မည်။ သင်၏စစ်သည်တပ်သားတို့သည် စစ်ပွဲတွင်ကျဆုံးကြလိမ့်မည်။ သူတစ်ပါး တို့ထံမှ သင်သိမ်းယူထားသည့်ဥစ္စာပစ္စည်း မှန်သမျှကိုငါဖယ်ရှားမည်။ သင်၏သံတမန် တို့၏တောင်းဆိုသံများကိုကြားကြရ တော့မည်မဟုတ်'' ဟုမိန့်တော်မူ၏။
ထိုမြို့ရှိလူတို့အားငါအရှင်ထာဝရ ဘုရားမိန့်တော်မူသည်ကိုဆင့်ဆိုလော့။ ဇိဒုန် မြို့၊ ငါသည်သင်၏ရန်သူဖြစ်၏။ သင့်ကိုငါ ပြုသည့်အမှုအတွက်လူတို့သည် ငါ့အား ထောမနာပြုကြလိမ့်မည်။ ငါသည်သင်၏ လူတို့အားအပြစ်ဒဏ်ပေး၍ ငါ၏သန့်ရှင်း မြင့်မြတ်မှုကိုပြသောအခါငါသည်ထာ ဝရဘုရားဖြစ်တော်မူကြောင်းသူတို့သိ ရှိကြလိမ့်မည်။-
ထိုအခါဗေသလမြို့သားပရောဖက်အိုကြီး က``ငါသည်လည်းသင်ကဲ့သို့ပင်ပရောဖက်ဖြစ် ပါ၏။ ထာဝရဘုရား၏အမိန့်တော်အရ ကောင်းကင်တမန်တစ်ပါးကသင့်ကိုအိမ်သို့ ဖိတ်ခေါ်၍ဧည့်ဝတ်ပြုရန် ငါ့အားမှာကြား ထားပါသည်'' ဟုဆို၏။ ယင်းသို့ထိုပရောဖက် ကြီးကမုသားသုံး၍ပြောဆိုသဖြင့်၊
အို ယေရုရှလင်မြို့၊ သင်သည်လွင်ပြင်ပေါ်မှ ကျောက်ဆောင်ကြီးသဖွယ်ချိုင့်ဝှမ်းများအ ထက်တွင်မြင့်မားစွာရပ်တည်လျက်ရှိ၏။ သို့ သော်ငါထာဝရဘုရားသည်သင့်အားတိုက် ခိုက်တော်မူမည်။ သင်သည်မိမိအားအဘယ် သူမျှမတိုက်မခိုက်နိုင်။ သင်၏ခံတပ်များ ကိုလည်းမဖြိုမခွင်းနိုင်ဟုဆိုချေသည်။-
ငါအရှင်ထာဝရဘုရားသည်သင်တို့၏ ရန်သူဖြစ်၍ ငါ၏သိုးတို့သည်သင့်တာဝန် ဖြစ်ကြောင်းအတိအလင်းကြေညာ၏။ ငါ သည်မိမိ၏သိုးများကိုသင်တို့ထံမှသိမ်း ယူမည်။ အဘယ်အခါ၌မျှသင်တို့သည် သူတို့အားထိန်းကျောင်းခွင့်နှင့် မိမိတို့ကိုယ် ကိုသာလျှင်ကြည့်ရှုပြုစုခွင့်ကိုငါပေး တော့မည်မဟုတ်။ သိုးတို့သည်သင်တို့၏ အစာမဖြစ်အောင် ငါသည်မိမိသိုးတို့ ကိုသင်တို့လက်မှကယ်ဆယ်မည်။