ငါသည်ကိုယ်ခံရသော ညှဉ်းဆဲခြင်းကိုအကြောင်းပြု၍ မြည်တမ်းသော်လည်း၊ အဘယ်သူမျှ နားမထောင်။ အော်ဟစ်သော်လည်း တရားသဖြင့် စီရင်သောသူမရှိ။
ယောဘဝတ္တု။ 30:20 - Common Language Bible ကိုယ်တော်အား အကျွန်ုပ်အော်ဟစ်သော် လည်း ကြားတော်မမူ။ အကျွန်ုပ်သည် မတ်တတ်နေသော် လည်း မှတ်တော်မမူ။ Garrad Bible အ ကျွန်ုပ် ဟစ် သော်၊ ထူး တော် မ မူ။ တန့် ရပ် ပါ သော် လည်း၊ မျက် နှာ ထား တော် မူ ချေ၏။ Judson Bible ကိုယ်တော်အား အကျွန်ုပ်အော်ဟစ်သော်လည်း ကြားတော်မမူ။ အကျွန်ုပ်သည် မတ်တတ်နေသော်လည်း မှတ်တော်မမူ။ မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော့်ထံ အကျွန်ုပ်အကူအညီအော်ဟစ်တောင်းခံသော်လည်း ထူးတော်မမူ။ မတ်တတ်ရပ်ပြသော်လည်း အကျွန်ုပ်ကို ဤအတိုင်းကြည့်တော်မူ၏။ |
ငါသည်ကိုယ်ခံရသော ညှဉ်းဆဲခြင်းကိုအကြောင်းပြု၍ မြည်တမ်းသော်လည်း၊ အဘယ်သူမျှ နားမထောင်။ အော်ဟစ်သော်လည်း တရားသဖြင့် စီရင်သောသူမရှိ။
တစုံတယောက်သောသူသည် ငါ့စကားကို နားထောင်ပါစေသော။ ငါ့လက်မှတ်ကိုငါပေးမည်။ အနန္တတန်ခိုးရှင်သည် ငါ့ကိုစစ်ကြောတော်မူပါစေ။ ငါ့တရားတွေ့ဘက်သည် စာထားပါစေ။
ကျွန်တော်မျိုး၏ဘုရား၊နေ့အခါ၌ကိုယ်တော် အား ကျွန်တော်မျိုးခေါ်ပါ၏။ သို့ရာတွင်ကိုယ်တော်သည်ထူးတော်မမူပါ။ ညဥ့်အခါကျွန်တော်မျိုးခေါ်ပါ၏။ သို့ရာတွင်ကျွန်တော်မျိုးစိတ်သက်သာခွင့်ကို မရပါ။
သို့ရာတွင်ကိုယ်တော်ရှင်သည်ပလ္လင်တော်ပေါ်တွင် စံတော်မူသောအရှင်၊ ဣသရေလအမျိုးသားတို့ထောမနာပြုခြင်းကို ခံတော်မူရသောအရှင်ဖြစ်တော်မူပါ၏။
ကျွန်တော်မျိုးသည်ငယ်စဉ်ကတည်းကဝေဒနာ ခံရလျက်သေလုနီးပါးဖြစ်ခဲ့ပါ၏။ ကိုယ်တော်ရှင်ပေးတော်မူသော အပြစ်ဒဏ်ကြီးလေးမှုကြောင့်ကျွန်တော်မျိုးသည် မောပန်းနွမ်းနယ်ပါ၏။
သို့ရာတွင်ကိုယ်တော်သည်မည်သို့မျှဖြေကြား တော်မမူ။ တပည့်တော်တို့သည်ကိုယ်တော်၏အနီး သို့လာ၍ ``ဤအမျိုးသမီးသည်အကျွန်ုပ်တို့၏ နောက်ကလိုက်၍ဟစ်အော်နေပါသည်။ သူ့အား နှင်ပစ်တော်မူပါ'' ဟုလျှောက်ကြ၏။