သင်တို့သည် လျစ်လျူသောစိတ်မရှိဘဲ ဘုရားသခင့်ဘက်၌ ပြောချင်သလော။ ဘုရားသခင့်ဘက်၌နေ၍ မုသာကိုသုံးချင်သလော။
ယောဘဝတ္တု။ 27:4 - Common Language Bible တခါမျှအဓမ္မစကားကို ငါ့နှုတ်မမြွက်။ လှည့်စားသော စကားကို ငါ့လျှာဖြင့် ငါမပြောဘဲနေမည်။ Garrad Bible ငါ သည် မ တ ရား သော စ ကား ကို နှုတ် မ မြွက်။ ပ ရိ ယာယ် စ ကား ကို လည်း လျှာ ဖြင့် မ ဆို ချေ။ Judson Bible တစ်ခါမျှ အဓမ္မစကားကို ငါ့နှုတ်မမြွက်။ လှည့်စားသောစကားကို ငါ့လျှာဖြင့် ငါမပြောဘဲနေမည်။ မြန်မာ့စံမီသမ္မာကျမ်း ငါ့နှုတ်ခမ်းသည် ကောက်ကျစ်သောစကားကို မပြော၊ ငါ့လျှာသည် လိမ်လည်လှည့်စားသောစကားကို မဆိုဘဲ နေမည်။ |
သင်တို့သည် လျစ်လျူသောစိတ်မရှိဘဲ ဘုရားသခင့်ဘက်၌ ပြောချင်သလော။ ဘုရားသခင့်ဘက်၌နေ၍ မုသာကိုသုံးချင်သလော။
သို့မဟုတ်လျှင်၊ ငါ၏မုသာအပြစ်ကို အဘယ်သူ ပြမည်နည်း။ ငါ၏စကားကို အဘယ်သူချေမည်နည်းဟု မြွက်ဆို၏။
ငါသဘောဖြောင့်သည်နှင့်အညီ ငါ့စကား ဖြောင့်လိမ့်မည်။ ငါ့နှုတ်သည်ရှင်းလင်းသော ပညာစကား ကို မြွက်ဆိုလိမ့်မည်။
ငါသည် ကိုယ်အကျိုးကို ပျက်စီးစေခြင်းငှါ မုသာပြောရမည်လော။ ငါမပြစ်မှားသော်လည်း၊ မပျောက်နိုင်သောအနာရောဂါစွဲပါသည်တကားဟု ဆိုမိပြီ။
သို့သော်လည်းထိုအရှင်ကိုသင်တို့မသိကြ။ ငါမူကားသိ၏။ အကယ်၍ငါမသိဟုဆို လျှင်ငါသည်သင်တို့နည်းတူလိမ်လည်ပြော ဆိုသူဖြစ်ပေအံ့။ ငါသည်ခမည်းတော်ကို အကယ်ပင်သိ၍ကိုယ်တော်၏စကားကို နားထောင်၏။-
ဤသို့ငါဝါကြွားသည်ကိုအခါယပြည်တစ် လျှောက်လုံးတွင်မည်သူမျှပိတ်ပင်၍ရလိမ့်မည် မဟုတ်ကြောင်း ငါ၌ရှိသောခရစ်တော်၏သစ္စာ တရားတော်ကိုအမှီပြု၍ငါဆို၏။-