လူတို့သည်လက်ခုတ်တီး၍ ကဲ့ရဲ့သံကိုပြုလျက်၊ သူ့ကိုမောင်း ကြလိမ့်မည်။
လူ တို့ လည်း လက် ပမ်း ပေါက် ခတ် လျက်၊ ပြက် ရယ် ပြု ကြ သ ဖြင့်၊ နေ ရာ အ ရပ် မှ၊ သူ ပြေး သွား ရ သ တည်း။
လူတို့သည် လက်ခုတ်တီး၍ ကဲ့ရဲ့သံကိုပြုလျက်၊ သူ့ကိုမောင်းကြလိမ့်မည်။
လေသည် လက်ခုပ်လက်ဝါးတီးလျက်၊ ပြောင်လှောင်လျက် သူ့ကို သူ့နေရာမှတိုက်ထုတ်လိမ့်မည်။
ဤဗိမာန်တော်သည်လည်းယိုယွင်းပျက်စီး သည့်အဆောက်အအုံဖြစ်လာလိမ့်မည်။ ယင်း ၏အနီးမှဖြတ်သန်းသွားလာသူအပေါင်း တို့သည်အံ့အားသင့်လျက်`ထာဝရဘုရားသည် အဘယ်ကြောင့်ဤပြည်နှင့် ဤဗိမာန်တော်ကို ဤသို့ပြုတော်မူပါသနည်း' ဟုမေးမြန်း ကြလိမ့်မည်။-
သူ့ကိုအလင်းထဲက မှောင်မိုက်ထဲသို့ မောင်း၍ လူ့ပြည်မှ နှင်ထုတ်ရ၏။
သူသည်အိပ်မက်ကဲ့သို့ လွင့်ပြား၍ နောက်တဖန် မတွေ့ရ။ ညဉ့်ရူပါရုံကဲ့သို့ ကွယ်ပျောက်ရလိမ့်မည်။
ငွေလိုက်သောငွေကြောင်းသည် စင်စစ်ရှိ၏။ လူစစ်တတ်သော ရွှေနေရာလည်းရှိ၏။
ဒုစရိုက်ကိုပြုသည်သာမက၊ ပုန်ကန်သော အပြစ်ရှိသေး၏။ ငါတို့တွင် အောင်ပွဲကိုခံ၍၊ ဘုရားသခင် ကို ပြစ်မှားသောစကားနှင့် များစွာပြော တတ်သည်ဟု မြွက်ဆို၏။
မိမိအိမ်သို့မပြန်ရ။ သူ၏နေရင်းအရပ်သည် နောက်တဖန် သူ့ကိုမသိရ။
တရားသောသူသည် ကောင်းစားသောအခါ တမြို့လုံး ဝမ်းမြောက်ခြင်း ရှိ၏။ မတရားသောသူသည် ဆုံးရှုံးသောအခါမူကား၊ ကြွေးကြော်ခြင်းရှိ၏။
ငါသည်ဤမြို့အပေါ်သို့အလွန်ဆိုးရွားသည့် ဘေးအန္တရာယ်ကိုသက်ရောက်စေမည်ဖြစ်၍ အနီး မှဖြတ်သန်းသွားလာသူတို့သည် ထိုမြို့၏ဖြစ် အင်ကိုမြင်၍ကဲ့ရဲ့ကြလိမ့်မည်။ စိတ်ထိခိုက် လျက်အံ့သြတွေဝေသွားကြလိမ့်မည်။-
မြို့ကိုဖြတ်သန်းသွားလာသူတို့သည် မထီမဲ့မြင်ပြုကာလက်ခုပ်တီးကြ၏။ သူတို့သည်ဦးခေါင်းကိုခါလျက်ယေရုရှလင် မြို့ပျက်ကိုပြက်ရယ်ပြုကြ၏။ ``နှစ်လိုဖွယ်ကောင်းသည့်မြို့ကားဤမြို့ပေလော။ ကမ္ဘာ၏ဂုဏ်အသရေကိုဆောင်သောမြို့ကား ဤမြို့ပေလော'' ဟုပျက်ရယ်ပြုကြ၏။
``အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား သင်တို့သည်လက်ခုပ်တီး၍ဝမ်းမြောက်စွာ ခုန်ပေါက်ကြ၏။ ဣသရေလပြည်ကိုရွံရှာ စက်ဆုပ်ကြ၏။-
သင်တို့သည်သြမရိဘုရင်နှင့်သူ၏သား အာဟပ်မင်းတို့၏ ဆိုးညစ်သည့်စရိုက်ကို လိုက်၍ကျင့်ကြသဖြင့် ထိုပျက်စီးဆုံးရှုံး ခြင်းနှင့်တွေ့ကြုံရလိမ့်မည်။ လူတိုင်းက သင်တို့ကိုကဲ့ရဲ့ကြလိမ့်မည်။ လူမျိုး တကာတို့သည်သင်တို့ကိုသရော်ကြ လိမ့်မည်။''
သင်၏အနာများအတွက်ဆေးမရှိ။ သင် ၏ဒဏ်ရာများကိုလည်းပျောက်ကင်းအောင် ကုသ၍မရနိုင်။ သင်ဆုံးပါးပျက်စီး သည့်သတင်းကိုကြားသိကြသူအပေါင်း တို့သည်ဝမ်းမြောက်ဝမ်းသာလက်ခုပ်တီး ကြ၏။ အဘယ်သူမျှသင်၏အတိုင်းမသိ ရက်စက်ကြမ်းကြုတ်မှုနှင့်ကင်းလွတ်ခဲ့သည် ဟူ၍မရှိ။ ပရောဖက်နာဟုံစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။
ဤသည်လျှင်မိမိကိုယ်ကိုတန်ခိုးကြီးလှ ပြီဟူ၍လည်းကောင်း၊ လုံခြုံမှုရှိလှပြီ ဟူ၍လည်းကောင်းထင်မှတ်သည့်မြို့ကြုံ တွေ့ရမည့်ကံကြမ္မာပင်ဖြစ်တော့၏။ ထို မြို့၏မြို့သူမြို့သားတို့ကမိမိတို့မြို့ ကိုကမ္ဘာပေါ်တွင်အကြီးဆုံးဟုထင်မှတ် ကြပေသည်။ ထိုမြို့သည်တောတိရစ္ဆာန် များနားနေရာဖြစ်လျက်အဘယ်မျှလူ သူဆိတ်ညံ၍နေပါလိမ့်မည်နည်း။ ယင်း အနီးမှဖြတ်သန်းသွားလာသူအပေါင်း တို့သည်ထိတ်လန့်လျက် နောက်သို့တွန့်ဆုတ် သွားကြလိမ့်မည်။
ကောင်းကင်ဘုံသားတို့၊ ထိုမြို့ပျက်စီးသည့် အတွက်ဝမ်းမြောက်ရွှင်မြှုးကြလော့။ ဘုရား သခင်၏လူစုတော်ဝင်များ၊ တမန်တော်များ၊ ပရောဖက်များတို့၊ ဝမ်းမြောက်ရွှင်မြူးကြလော့။ သင်တို့အားပြုသမျှအတွက်ဘုရားသခင် သည်ထိုမြို့ကိုအပြစ်ဒဏ်စီရင်တော်မူပြီ။