သင်၏အသက်သည်မွန်းတည့်အရောင်ထက် ထွန်းလင်းလိမ့်မည်။ ယခုမှောင်မိုက်သော်လည်း နံနက် ကဲ့သို့ လင်းလိမ့်မည်။
ယောဘဝတ္တု။ 22:28 - Common Language Bible သင်ကြံစည်သောအကြံအစည်သည် ထမြောက် ၍၊ သင်သွားသောလမ်း၌ ရောင်ခြည်ထွန်းလိမ့်မည်။ Garrad Bible သင် ပြ ဋ္ဌာန်း သော အ ချက် သည် တည်၍၊ သွား ရာ လမ်း တွင် လည်း၊ အ လင်း ထွန်း တောက် လိမ့် မည်။ Judson Bible သင်ကြံစည်သောအကြံအစည်သည် ထမြောက်၍၊ သင်သွားသောလမ်း၌ ရောင်ခြည်ထွန်းလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း သင်ကြံစည်ထားသောအရာသည် အထမြောက်လိမ့်မည်။ သင်၏လမ်းများသည်လည်း ထွန်းလင်းလိမ့်မည်။ |
သင်၏အသက်သည်မွန်းတည့်အရောင်ထက် ထွန်းလင်းလိမ့်မည်။ ယခုမှောင်မိုက်သော်လည်း နံနက် ကဲ့သို့ လင်းလိမ့်မည်။
ထိုအခါ ဘုရားသခင်၏မီးခွက်သည် ငါ့ခေါင်းပေါ်မှာ ထွန်းလင်းသည်ဖြစ်၍၊ ထိုအလင်းကို ငါအမှီပြု လျက်၊ မိုက်သောအရပ်၌ ရှောက်သွားနိုင်၏။
သင်္ချိုင်းတွင်းထဲသို့ ငါ့ကိုမဆင်းစေဘဲ ကယ်တင် တော်မူသဖြင့်၊ ငါ့အသက်သည် မှောင်မိုက်နှင့် လွတ် လျက်ရှိ၏ဟု လူတို့တွင် သီချင်းဆိုရလိမ့်မည်။
ထိုသူတို့သည်ချောင်းအနီးတွင်ပေါက်၍လျော်ကန်သင့်မြတ်ချိန်၌ အသီးသီးလျက်အရွက်မညှိုးမနွမ်းတတ်သောအပင်များနှင့်တူ၏။ သူတို့သည်ပြုလေသမျှအမှုကိစ္စတို့တွင်အောင်မြင်တတ်၏။
သနားကြင်နာတတ်၍ကရုဏာနှင့်ပြည့်ဝ လျက် တရားမျှတသောသူတော်ကောင်းတို့အတွက် အမှောင်ထဲ၌အလင်းရောင်ပေါ်ထွန်းတတ်၏။
အရှင်မင်းကြီး၏လိုအင်ဆန္ဒကိုပြည့်ဝစေ တော်မူ၍ အကြံအစည်ရှိသမျှတို့ကိုလည်းအောင် မြင်စေရန် ကူမတော်မူပါစေသော။
ကျွန်တော်မျိုးတို့၏ဘုရားဖြစ်တော်မူသော ထာဝရဘုရား၊ ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်၏ကောင်းချီး မင်္ဂလာကိုခံစားကြရပါစေသော။ ပြုလေသမျှသောအမှုတို့တွင်လည်း ကျွန်တော်မျိုးတို့အားအောင်မြင်ခွင့်ပေးတော်မူပါ။
သူတော်ကောင်းတို့အပေါ်သို့ရွှင်လန်း ဝမ်းမြောက်ခြင်းသည်လည်းကောင်း၊ သဘောဖြောင့်သူတို့အပေါ်သို့ ရွှင်လန်းဝမ်းမြောက်ခြင်းသည်လည်းကောင်း သက်ရောက်၏။
ဖြောင့်မတ်သောသူတို့၏လမ်းသည် တက်သော အာရုဏ်ကဲ့သို့ဖြစ်၍၊ နေထွက်သည်တိုင်အောင် တိုးပွါး ထွန်းလင်းတတ်၏။
လက်ဝဲဘက်သို့သော်လည်းကောင်း၊ လက်ယာ ဘက်သို့သော်လည်းကောင်း သင်တို့လမ်းမှား ၍လိုက်မိကြသောအခါ``လမ်းမှန်ကားဤ မှာတည်း။ ဤလမ်းအတိုင်းလိုက်ကြလော့'' ဟုသင်တို့နောက်မှနေ၍ကိုယ်တော်မိန့်တော် မူသံကိုကြားရကြလိမ့်မည်။-
ငါ၏စကားတော်ကိုရိုသေသူသင်တို့ အဖို့မှာမူကား ငါ၏ကယ်တင်ခြင်းတန် ခိုးသည်နေမင်းသဖွယ် သူတို့အပေါ်၌ ထွန်းလင်းလျက်နေရောင်ခြည်သဖွယ် သင် တို့၏အနာရောဂါများကိုပျောက်ကင်း စေလိမ့်မည်။ သင်တို့သည်တင်းကုပ်မှလွှတ် ထုတ်လိုက်သည့်နွားငယ်များကဲ့သို့လွတ် လပ်ပျော်ရွှင်စွာခုန်ပေါက်လျက်နေလိမ့်မည်။-
သင်တို့သည်ယုံကြည်ခြင်းဖြင့်တောင်းလျှောက် လျှင်တောင်းလျှောက်သမျှတို့ကိုရရှိကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
တစ်ဖန်သခင်ယေရှုကဖာရိရှဲတို့အား ``ငါ သည်လောက၏အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည်အသက်၏အလင်းကိုရ ၍အဘယ်အခါမျှအမှောင်တွင်သွားလာ ရလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
``ထာဝရဘုရားအလိုတော်ရှိလျှင်ငါတို့ သည်အသက်ရှင်၍ဤအမှုထိုအမှုကိုပြု ကြမည်'' ဟုသင်တို့ဆိုသင့်ကြ၏။-