နောဧအသက်ခြောက်ရာပြည့်သောနှစ်၊ ဒုတိယ လတစ်ဆယ့်ခုနစ်ရက်နေ့၌သမုဒ္ဒရာစမ်းပေါက် တို့ပွင့်လေ၏။ မိုးကောင်းကင်ရေတံခါးအားလုံး တို့လည်းပွင့်သဖြင့်၊-
ယောဘဝတ္တု။ 22:16 - Common Language Bible အခြေအမြစ်ပယ်ရှင်းခြင်းကို ခံရသောသူတည်းဟူသော ဘုရားသခင်အား ငါတို့ထံမှ ထွက်သွားလော့ဟူ ၍၎င်း၊ အနန္တတန်ခိုးရှင်သည် ငါ့တို့အဘို့အဘယ်သို့ ပြုနိုင်သနည်းဟူ၍၎င်း၊ Judson Bible အခြေအမြစ်ပယ်ရှင်းခြင်းကို ခံရသောသူတည်းဟူသော ဘုရားသခင်အား ငါတို့ထံမှ ထွက်သွားလော့ဟူ၍လည်းကောင်း၊ အနန္တတန်ခိုးရှင်သည် ငါ့တို့အဖို့ အဘယ်သို့ ပြုနိုင်သနည်းဟူ၍လည်းကောင်း၊ မြန်မာ့စံမီသမ္မာကျမ်း ထိုသူတို့သည် အချိန်မတိုင်မီ ဖျက်ဆီးခြင်း ခံရနိုင်၏။ သူတို့ရပ်တည်ရာမဏ္ဍိုင်သည်လည်း ရေစုန်မျောသွားနိုင်၏။ |
နောဧအသက်ခြောက်ရာပြည့်သောနှစ်၊ ဒုတိယ လတစ်ဆယ့်ခုနစ်ရက်နေ့၌သမုဒ္ဒရာစမ်းပေါက် တို့ပွင့်လေ၏။ မိုးကောင်းကင်ရေတံခါးအားလုံး တို့လည်းပွင့်သဖြင့်၊-
လွှမ်းမိုးသောရေနှင့်အတူ မြေမှုန့်ပါသွားတတ်ပါ၏။ ထိုအတူ ကိုယ်တော်သည် လူမြော်လင့်စရာ အကြောင်းကို ဖျက်တော်မူ၏။
သူတို့သည် လေရှေ့မှာအမှိုက်နှင့် မုန်တိုင်းတိုက် သွားသော ဖွဲကဲ့သို့ ဘယ်နှစ်ကြိမ်ဖြစ်ဘူးသည်ကို၎င်း၊
ရေပေါ်မှာပေါ့ပါးကြ၏။ မြေပေါ်မှာ ကျိန်ဆဲ သောအဘို့ကို ခံရ၍၊ စပျစ်ဥယျာဉ်အနီးသို့ မချဉ်းရကြ။
သို့ဖြစ်လျှင် မြေမှုန့်၌တည်၍ မြေထဲတွင် နေတတ်သောသူတို့ကို အဘယ်ဆိုဘွယ်ရှိအံ့နည်း။ ထိုသူတို့ကို ပိုးရွပင်နိုင်တတ်၏။
အို ဘုရားသခင်၊ ကျွန်တော်မျိုးမအိုမီကျွန်တော်မျိုး၏ အသက်ကိုရုပ်သိမ်းတော်မမူပါနှင့်။ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်အစဉ်အမြဲ အသက်ရှင်တော်မူပါ၏။
သို့ရာတွင် အို ဘုရားသခင်၊ကိုယ်တော်ရှင်သည် လူသတ်သမားများနှင့်လူလိမ်များအား သူတို့သက်တမ်းထက်ဝက်မကျိုးမီသင်္ချိုင်း တွင်းသို့ သက်ဆင်းစေတော်မူမည်။ ကျွန်တော်မျိုးမူကားကိုယ်တော်ရှင်ကိုကိုးစား ပါမည်။
ကိုယ်တော်ရှင်သည်လူသားတို့အားလျင်မြန်စွာ ပျောက်ကွယ်သွားစေတော်မူပါ၏။ သူတို့သည်အိပ်မက်သကဲ့သို့တစ်ခဏမျှသာ နေကြရပါ၏။ နံနက်ချိန်၌ကြီးပွားပွင့်လန်း၍ညနေချိန်၌ ညှိုးနွမ်းခြောက်သွေ့သွားတတ်သောမြက်ပင်ကဲ့သို့ ပျောက်ကွယ်သွားတတ်ကြပါ၏။
ထာဝရဘုရားကိုကြောက်ရွံ့သော သဘောသည် အသက်တာကို ရှည်စေတတ်၏။ မတရားသော သူ၏ နှစ်ပေါင်းကာလမူကား တိုတတ်၏။
ထာဝရဘုရားသည်သူတို့အားတိုက်ခိုက် စေရန် တန်ခိုးခွန်အားကြီးမားသူတစ်ဦး ကိုအသင့်ထားရှိတော်မူ၏။ ထိုသူသည် မိုးသီးမုန်တိုင်းကဲ့သို့လည်းကောင်း၊ အဟုန် ပြင်းသည့်မိုးကဲ့သို့လည်းကောင်း၊ ထိန်းချုပ် ၍မရနိုင်သည့်မြစ်လျှံရေကဲ့သို့လည်း ကောင်း တစ်ပြည်လုံးကိုလွှမ်းခြုံနှိမ်နင်း ပစ်လိမ့်မည်။-
ကိုယ်တော်သည်ရှေးခေတ်ကမ္ဘာသူကမ္ဘာသား တို့ကိုလည်းချမ်းသာပေးတော်မမူခဲ့ပေ။ ထိုစဉ်အခါကကိုယ်တော်သည်ဘုရားမဲ့နေ သူတို့၏ကမ္ဘာမြေကြီးကိုရေလွှမ်းမိုးစေတော် မူ၏။ ဖြောင့်မတ်ခြင်းတရားကိုဟောပြောသူ နောဧကိုမူကားအခြားသူခုနစ်ယောက်နှင့် အတူကယ်တင်တော်မူ၏။-