Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဆာ​လံ 90:5 - Common Language Bible

5-6 ကိုယ်​တော်​ရှင်​သည်​လူ​သား​တို့​အား​လျင်​မြန်​စွာ ပျောက်​ကွယ်​သွား​စေ​တော်​မူ​ပါ​၏။ သူ​တို့​သည်​အိပ်​မက်​သ​ကဲ့​သို့​တစ်​ခ​ဏ​မျှ​သာ နေ​ကြ​ရ​ပါ​၏။ နံ​နက်​ချိန်​၌​ကြီး​ပွား​ပွင့်​လန်း​၍​ည​နေ​ချိန်​၌ ညှိုး​နွမ်း​ခြောက်​သွေ့​သွား​တတ်​သော​မြက်​ပင်​ကဲ့​သို့ ပျောက်​ကွယ်​သွား​တတ်​ကြ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 ရေ ဘေး ပ မာ၊ တိုက် သွား တော် မူ သော သူ တို့ သည်၊ အိပ် မော ကျ သ ကဲ့ သို့ ဖြစ် လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 လူ​တို့​ကို လွှမ်း​မိုး​တိုက်​သွား​တော်​မူ၏။ သူ​တို့​သည် အိပ်​ပျော်​ခြင်း​ကဲ့​သို့ ဖြစ်​ကြ​ပါ၏။ လူ​သည် မြက်​ပင်​ကဲ့​သို့ နံ​နက်​အ​ချိန်၌ တိုး​ပွား​တတ်​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 ကိုယ်တော်​သည် လူ​တို့​ကို လွှမ်းမိုး​တိုက်သွား​တော်မူ​၍ သူ​တို့​သည် အိပ်ပျော်​သွား​ကြ​ရ​ပါ​၏​။ လူ​သည် နံနက်အချိန်​တွင် ကြီးထွား​လာ​သည့် မြက်ပင်​ကဲ့သို့​ဖြစ်​ပါ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 90:5
16 ပူးပေါင်းရင်းမြစ်များ  

သူသည်အိပ်မက်ကဲ့သို့ လွင့်ပြား၍ နောက်တဖန် မတွေ့ရ။ ညဉ့်ရူပါရုံကဲ့သို့ ကွယ်ပျောက်ရလိမ့်မည်။


အခြေအမြစ်ပယ်ရှင်းခြင်းကို ခံရသောသူတည်းဟူသော ဘုရားသခင်အား ငါတို့ထံမှ ထွက်သွားလော့ဟူ ၍၎င်း၊ အနန္တတန်ခိုးရှင်သည် ငါ့တို့အဘို့အဘယ်သို့ ပြုနိုင်သနည်းဟူ၍၎င်း၊


တနေ့ခြင်းတွင် ပျက်စီးတတ်ကြ၏။ အဘယ်သူမျှပမာဏမပြုဘဲ အစဉ်ဆုံးရှုံးခြင်းသို့ ရောက်တတ်ကြ၏။


လျင်မြန်သော သင်္ဘောကဲ့သို့၎င်း၊ အကောင်ကို သုတ်လာသော ရွှေလင်းတကဲ့သို့၎င်း၊ လွန်သွားတတ်ကြ ၏။


အို ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​သည်​နံ​နက်​ချိန်​၌​ပျောက်​ကွယ် သွား​သည့် အိပ်​မက်​နှင့်​တူ​ပါ​၏။ ကိုယ်​တော်​ရှင်​နိုး​ထ​တော်​မူ​သော​အ​ခါ​သူ​တို့​သည် ပျောက်​ကွယ်​သွား​ကြ​ပါ​၏။


ဖြို​ဖျက်​၍​ချ​လိုက်​သည့်​တဲ​ကဲ့​သို့​လည်း​ကောင်း၊ ယက်​ကန်း​စင်​မှ​ဖြတ်​၍​ထုတ်​လိုက်​သည့် အ​ဝတ်​ကဲ့​သို့​လည်း​ကောင်း၊ ငါ​၏​အ​သက်​တာ​သည်​ဖြတ်​၍ ကုန်​ဆုံး​သွား​လေ​ပြီ။


ငါ​၏​အ​ရိုး​များ​ကို​ခြင်္သေ့​ဝါး​၍​နေ​ဘိ ကဲ့​သို့ ငါ​သည်​နာ​ကျင်​ခြင်း​ဝေ​ဒ​နာ​နှင့်​တစ်​ညဥ့်​လုံး ငို​ကြွေး​ရ​ပါ​၏။ ဘု​ရား​သ​ခင်​သည်​ငါ​၏​အ​သက်​ကို ကုန်​ဆုံး​စေ​တော်​မူ​ပြီ​ဟု​ငါ​ထင်​မှတ် ပါ​၏။


ထို​အ​သံ​က``ကြွေး​ကြော်​လော့'' ဟု​ဆို​သ​ဖြင့် ``အ​ဘယ်​အ​ရာ​ကို​ကြွေး​ကြော်​ရ​ပါ​မည်​နည်း'' ဟု​ငါ​မေး​လျှင် ``လူ​သတ္တ​ဝါ​အ​ပေါင်း​တို့​သည်​မြက်​ပင်​နှင့်​တူ ကြောင်း​နှင့် တော​ပန်း​များ​ကဲ့​သို့​တာ​ရှည်​မ​ခံ​ကြောင်း​ကို ကြွေး​ကြော်​လော့။


ထာ​ဝ​ရ​ဘု​ရား​စေ​လွှတ်​တော်​မူ​သည့်​လေ​နှင့် ထိ​သော​အ​ခါ၊ မြက်​ပင်​သည်​သွေ့​ခြောက်​လျက်​ပန်း​များ​သည်​လည်း ညှိုး​နွမ်း​၍​သွား​တတ်​၏။ လူ​တို့​သည်​မြက်​ပင်​တ​မျှ​သာ​လျှင် သန်​မာ​ကြ​ပါ​သည်​တ​ကား။


``လူ​သား​အ​ပေါင်း​တို့​သည်​မြက်​ပင်​နှင့်​လည်း ကောင်း၊ သူ​တို့​၏​ဘုန်း​အ​သ​ရေ​သည်​မြက်​ပွင့် နှင့်​လည်း​ကောင်း​တူ​ကြ​၏။ မြက်​ပင်​သည်​ညှိုး​နွမ်း​ခြောက်​သွေ့​၍​သွား​တတ်​၏။ မြက်​ပွင့်​များ​သည်​လည်း​ကြွေ​၍​ကျ​တတ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ